အမှိုက်နဲ့လက်ဆောင်လဲကြမယ်။

May 30, 2020 Clean Yangon

အမှိုက်ကနေ လက်ဆောင်ဘယ်လိုရယူမလဲ ? ဒီနည်းလမ်းက အင်မတန် ရိုးရှင်းပြီး လွယ်ကူလှပါတယ်။


အမှိုက်ကောက်တဲ့ သမီးလေးသို့

Jun 08, 2020 Admin

သမီးရေ Clean Yangon လှုပ်ရှားမှုမှာ သမီးတို့ အမှိုက်ကောက်ခဲ့တဲ့ပုံလေးတွေ ဖေ့စ်ဘွတ်ခ်မှာ ၂နှစ်ပြည့် အနေနဲ့ တက်လာတာ ဒီနေ့တွေ့ရတယ်။ သမီးမေမေကတော့ သမီးက ဒီ၂နှစ်အတွင်းမှာ အကြိမ်ပေါင်းများစွာ ပါ၀င်ပြီး ကူညီအမှိုက်ကောက်ပေးခဲ့တယ်လို့ ပြောတယ်။


Clean Myanmar ချိတ်ဆက်လိုသည့် မြို့များအား ပူးပေါင်းဆောင်ရွက်နိုင်စေရန် ထပ်မံ၍ဖိတ်ခေါ်ပါရစေ

Jun 09, 2020

လက်ရှိတွင် ချိတ်ဆက်မြို့ပေါင်း (၁၅) မြို့ရှိနေပြီဖြစ်ပါတယ်။ Clean Myanmar ဆိုသည်မှာ မြန်မာနိုင်ငံအနှံ့ရှိ မြို့ရွာများမှ မိမိတို့၀န်းကျင်သန့်ရှင်းသာယာလိုသူများ၊ သဘာ၀ပတ်၀န်းကျင်ထိခိုက်ခြင်းအား လျော့နည်းစေရေး ဆောင်ရွက်နေသောအဖွဲ့အစည်းများမှစုစည်း၍ ချိတ်ဆက်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။


ဇွန်လ (၈) ရက်နေ့ဟာ World Ocean Day ဖြစ်ပါတယ်

Jun 08, 2020 Admin

စွန့်ပစ် ပလတ်စတစ် အမှိုက်များ မဆင်မခြင် စွန့်ပစ်ခြင်းကြောင့် ပင်လယ်ရေ ညစ်ညမ်းမှုတွေ ဖြစ်ပေါ်လျက် ရှိပါတယ်။


ကမ္ဘာမြေအနာဂတ်အတွက် သစ်ပင်စိုက်ခဲ့ကြသည်။ ပရဟိတလုပ်ငန်းတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေးမှာ လက်မနှေးတဲ့ Clean Yangon အဖွဲ့မှ စေတနာ့ဝန်ထမ်းတွေကတော့ ကမ္ဘာမြေရဲ့ အနာဂတ်အတွက် သစ်ပင်ပေါင်း ၅၀၀ စိုက်ပျိုးပေးလိုက်ပါပြီ။

Jul 05, 2020 Admin

ကမ္ဘာမြေအနာဂတ်အတွက် သစ်ပင်စိုက်ခဲ့ကြသည်။ ပရဟိတလုပ်ငန်းတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေးမှာ လက်မနှေးတဲ့ Clean Yangon အဖွဲ့မှ စေတနာ့ဝန်ထမ်းတွေကတော့ ကမ္ဘာမြေရဲ့ အနာဂတ်အတွက် သစ်ပင်ပေါင်း ၅၀၀ စိုက်ပျိုးပေးလိုက်ပါပြီ။


ကျွန်တော်တို့သတိမမူမိတဲ့အရာတစ်ခု

Aug 11, 2020 Clean Yangon

ကျွန်တော်တို့လူသားတွေ(အထူးသဖြင့် ဆေးလိပ်သောက်သားတဲ့သူတွေ)သတိမထားမိကြတဲ့ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်နေတာလေးတစ်ခုရှိတယ်။ အဲ့တာကတော့...စီးကရက်ဖင်စီခံပါပဲ။.. စီးကရက်ဖင်စီခံလေးတွေက ကျွန်တော်တို့ ထင်သလိုဝါဂွမ်းစလေး မဟုတ်ပါ Cellulose acetate လို့ခေါ်တဲ့ ပလတ်စတစ်ဖိုင်သာတစ်မျိုးဖြစ်ပါတယ်။ ဒီစီးကရက်ဖင်စီခံလေးတွေက ငါးနှစ်ကနေ ဆယ်နှစ်အထိကြာမှ အမှုန့်လေးတွေအဖြစ်ပြောင်းလဲသွားပါတယ်။ စီးကရက်အလိပ်ပေါင်း ၁၀ သန်းခန့်ကို တစ်မိနစ်တိုင်းမှာဝယ်ယူနေကြပြီး သန်း ၁၅၀၀ လောက်ကိုတော့ တစ်နေ့တာမှာ ရောင်းချနေကြရပါတယ်။


တစ်ခါသုံးပလတ်စတစ် အမယ်ပေါင်း သန်း (၂၀၀) ကျော် ကို လျှော့ချ ဖယ်ထုတ်သွားနိုင်ရန်ကြိုးပမ်း

Aug 12, 2020 Clean Yangon

နိုင်ငံတကာ ဟိုတယ်အုပ်စုတစ်ခုဖြစ်တဲ့ INTERCONTINENTAL HOTELS အုပ်စု အနေနဲ့ သူတို့ ပိုင်တဲ့ဟိုတယ် တွေက အခန်းပေါင်း ၈ သိန်း လေးသောင်းကျော်မှာ တစ်ခါသုံး ပစ္စည်းတွေကို လျှော့ချသွားမယ်လို့ ဆိုပါတယ်။ အဓိက အားဖြင့် ရေချိုးခန်းမှာသုံးတဲ့ ပစ္စည်းတွေကို ဖယ်ရှားသွားမှာဖြစ်ပြီး ကမ္ဘာအနှံ့က နိုင်ငံ ၁၀၀ ကျော်မှာရှိတဲ့ သူတို့ ပိုင် ဟိုတယ် ၅၆၀၀ မှာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။


Clean Yangon မှ ဝေဘာဂီသို့ ထမင်းဗူးများ လှူဒါန်း

Oct 31, 2020 Admin

ထမင်းဗူးအလှူ🙏🙏🙏 ဝေဘာဂီဆေးရုံသို့ ညနေစာထမင်းဗူးများအားသွားရောက်လှူဒါန်းခဲ့ပါတယ်။


မင်္ဂလာဒုံမြို့နယ်ရှိ အာစိဏ္ဍရာမ စာသင်တိုက်သို့ Clean Yangon မှ အလှူရှင်များကိုယ်စား သွားရောက်လှူဒါန်း

Oct 30, 2020 Admin

မင်္ဂလာဒုံမြို့နယ်ရှိ အာစိဏ္ဍရာမ စာသင်တိုက်နှင့် Lockdown ဖြစ်နေသော စမ်းမြသီတာသီလရှင်စာသင်တိုက်တို့အား စေတနာရှင်များကိုယ်စား စားနပ်ရိက္ခာများသွားရောက်လှူဒါန်းခဲ့ကြပါတယ်။


ကလေးများအတွက် သီတင်းကျွတ်လက်ဆောင်

Nov 01, 2020 Admin

အာစိဏ္ဍသိရီပရဟိတကျောင်းရှိ ကလေးငယ်များအတွက် သီတင်းကျွတ်လက်ဆောင်များအား Clean Yangon စေတနာ့ဝန်ထမ်းများမှ သွားရောက်ပေးခဲ့ကြပါတယ်။