ဒဂုံမြို့သစ်အရှေ့ပိုင်းနဲ့ တောင်ပိုင်းအကြားမှာ ထွက်ပေါ်လာမယ့် စီမံကိန်းအသစ်

Aug 13, 2020 Clean Yangon

ရန်ကုန်မြို့ရဲ့ အနာဂတ်ကို လှမ်းမျှော်တွေးဆကြည့်ရင် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ဆောက်ရေးစီမံကိန်းတွေက အစီအရီရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေရှိနေသလို ပြင်ဆင်နေဆဲစီမံကိန်းတွေလည်း ရှိနေပါတယ်။ စီမံကိန်းအသစ်တွေ တင်ပြ ထားတာရှိသလို ခွင့်ပြုချက်ရရှိထားတဲ့ စီမံကိန်းတွေလည်း ရှိနေပါတယ်။ အဲဒီစီမံကိန်းတွေအနက် ဒဂုံမြို့သစ်အရှေ့ပိုင်းနဲ့ တောင်ပိုင်းမြို့နယ် ဧရိယာအတွင်းမှာ ဖော်ဆောင်တော့မယ့် Smart and Eco City စီမံကိန်းကတော့လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ မြေပြင်ကိစ္စ ရှင်းလင်း ရေးလုပ်ငန်းတွေ စတင်တော့မယ်လို့ ဆိုပါတယ်။