အမှိုက်နဲ့လက်ဆောင်လဲကြမယ်။

အမှိုက်ကနေ လက်ဆောင်ဘယ်လိုရယူမလဲ ? ဒီနည်းလမ်းက အင်မတန် ရိုးရှင်းပြီး လွယ်ကူလှပါတယ်။

#ပထမတစ်နည်း သင်ဖောက်သောက်ပြီးသား ကော်မီမစ်အိတ်ခွံ(အသေး) လေးတွေကို မလွှင့်ပစ်ဘဲ သိမ်းဆည်းထားကာ ကမ်ပိန်းတည်ရှိရာသို့ လာရောက်ကာ လက်ဆောင်ပစ္စည်းများနဲ့ လဲလှယ်ထုတ်ယူနိုင်ပါတယ်။

#ဒုတိယတစ်နည်း သင့်ရဲ့အိမ်က သုံးပြီးသား ကြွပ်ကြွပ်အိတ် (၆x၁၄) ဆိုဒ်အထက်များကို မလွှင့်ပစ်ဘဲ စုဆောင်းပြီး ကမ်ပိန်းရှိရာသို့လာရောက်ကာ လက်ဆောင်ပစ္စည်းများနဲ့ လဲလှယ်ထုတ်ယူနိုင်ပါတယ်။

အထူးမှာကြားချင်တာက သုံးပြီးသား ကြွပ်ကြွပ်အိတ်၊ ကော်ဖီမစ်အိတ်ခွံ (ပလတ်စတစ်အမှိုက်) ရေဆေးပြီးသားများသာ ယူဆောင်လာရပါ့မယ်။

ပလတ်စတစ်အမှိုက်များကို ထိန်သိမ်းထားပေးဖို့ သင်က တာဝန်ယူပါ။ အမှိုက်များများပေးရင် လက်ဆောင်များများရဖို့ Clean Yangon ကတာဝန်ယူပါတယ်။

#CleanYangon #CleanMyanmar