Clean Myanmar ချိတ်ဆက်လိုသည့် မြို့များအား ပူးပေါင်းဆောင်ရွက်နိုင်စေရန် ထပ်မံ၍ဖိတ်ခေါ်ပါရစေ

Clean Myanmar ချိတ်ဆက်လိုသည့် မြို့များအား ပူးပေါင်းဆောင်ရွက်နိုင်စေရန် ထပ်မံ၍ဖိတ်ခေါ်ပါရစေ။

လက်ရှိတွင် ချိတ်ဆက်မြို့ပေါင်း (၁၅) မြို့ရှိနေပြီဖြစ်ပါတယ်။ Clean Myanmar ဆိုသည်မှာ မြန်မာနိုင်ငံအနှံ့ရှိ မြို့ရွာများမှ မိမိတို့၀န်းကျင်သန့်ရှင်းသာယာလိုသူများ၊ သဘာ၀ပတ်၀န်းကျင်ထိခိုက်ခြင်းအား လျော့နည်းစေရေး ဆောင်ရွက်နေသောအဖွဲ့အစည်းများမှစုစည်း၍ ချိတ်ဆက်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ သန့်ရှင်းလှပသော နိုင်ငံတစ်နိုင်ငံဖြစ်စေဖို့အတွက် မြို့ရွာအသီးသီးမှ သန့်ရှင်းရေးဆောင်ရွက်နေသောအဖွဲ့အစည်းများကိုဖိတ်ခေါ်အပ်ပါတယ်။

"သင်နေထိုင်သည့် ၀န်းကျင်သန့်ရှင်းသာယာလှပစေဖို့ သင့်လက်အစုံကို ကျွန်တော်တို့ ကမ်းလင့်လျှက်ပါ ... " ကျွန်ုပ်တို့ ချိတ်ဆက်လိုသည့် မြို့များအား ပူးပေါင်းဆောင်ရွက်နိုင်စေရန် ထပ်မံ၍ဖိတ်ခေါ်ပါရစေ။

ချိတ်ဆက်လိုသည့် မြို့များအနေဖြင့် Clean မြိူ့အမည်နှင့် တာဝန်ခံဖုန်းနံပါတ်အား ရေးသားပေးပို့ရပါမည်။

#CleanTogether #CleanMyanmar