တစ်ခါသုံးပလတ်စတစ် အမယ်ပေါင်း သန်း (၂၀၀) ကျော် ကို လျှော့ချ ဖယ်ထုတ်သွားနိုင်ရန်ကြိုးပမ်း

နိုင်ငံတကာ ဟိုတယ်အုပ်စုတစ်ခုဖြစ်တဲ့INTERCONTINENTAL HOTELS အုပ်စု အနေနဲ့ သူတို့ ပိုင်တဲ့ဟိုတယ် တွေက အခန်းပေါင်း ၈ သိန်း လေးသောင်းကျော်မှာ တစ်ခါသုံး ပစ္စည်းတွေကို လျှော့ချသွားမယ်လို့ ဆိုပါတယ်။ အဓိက အားဖြင့် ရေချိုးခန်းမှာသုံးတဲ့ ပစ္စည်းတွေကို ဖယ်ရှားသွားမှာဖြစ်ပြီး ကမ္ဘာအနှံ့က နိုင်ငံ ၁၀၀ ကျော်မှာရှိတဲ့ သူတို့ ပိုင် ဟိုတယ် ၅၆၀၀ မှာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အခုလို ဆောင်ရွက်မှုဟာ နိုင်ငံတကာ ဟိုတယ် အုပ်စုတစ်ခုအနေနဲ့ ICH အုပ်စုက ပထမဆုံး ဖြစ်ပါတယ်…။


၀န်ဆောင်မှု လုပ်ငန်းနယ်ပယ်အတွက် ဦးဆောင်ခြေလှမ်းတစ်ခုဖြစ်ပြီး တစ်ခါသုံးပလတ်စတစ် အမယ်ပေါင်း သန်း ၂၀၀ ကျော်ကို လျှော့ချ ဖယ်ထုတ်သွားမှာ ဖြစ်ပါတယ်။ လက်ရှိအနေနဲ့လဲ IGH အနေနဲ့ တစ်ခါသုံး ပလတ်စတစ်ပိုက် သုံးစွဲမှုကို ၂၀၁၉ ခုနှစ်အကုန်မှာ လုံး၀ လျှော့ချသွားဖို့ ဆောင်ရွက်နေပြီး တစ်နှစ်ကို ပလတ်စတစ်ပိုက်ပေါင်း သန်း ၅၀ လောက် လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်ကစလို့ အရှေ့တောင်အာရှနဲ့ တောင်ကိုရီးယားနိုင်ငံ နိုင်ငံတွေမှာရှိတဲ့ ဟိုတယ်တွေမှာ တစ်ခါသုံး ပလတ်စတစ်တွေကို လျှော့ချခဲ့တာ ဖြစ်ပြီး အခုလို ရေချိုးခန်းသုံးတဲ့ တစ်ခါသုံး ပလတ်စတစ်တွေကိုတော့ ယခုနှစ်က စတင်လို့ ၂၀၂၁ အကုန်မှာ အားလုံး လျှော့ချသွားမှာဖြစ်ပါတယ်။ အခုလို လျှော့ချခြင်းအားဖြင့် စွန့်ပစ် ပလတ်စတစ်အမှိုက်ပမာဏကို သိသိသာသာ လျှော့ချသွားနိုင်ဖို့ မျှော်လင့် ဆောင်ရွက်တာ ဖြစ်ပါတယ်။

#CleanYangon

#CleanMyanmar