ကျွန်တော်တို့သတိမမူမိတဲ့အရာတစ်ခု
ကျွန်တော်တို့လူသားတွေ(အထူးသဖြင့် ဆေးလိပ်သောက်သားတဲ့သူတွေ)သတိမထားမိကြတဲ့ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်နေတာလေးတစ်ခုရှိတယ်။ အဲ့တာကတော့...စီးကရက်ဖင်စီခံပါပဲ။.. စီးကရက်ဖင်စီခံလေးတွေက ကျွန်တော်တို့ ထင်သလိုဝါဂွမ်းစလေး မဟုတ်ပါ Cellulose acetate လို့ခေါ်တဲ့ ပလတ်စတစ်ဖိုင်သာတစ်မျိုးဖြစ်ပါတယ်။ ဒီစီးကရက်ဖင်စီခံလေးတွေက ငါးနှစ်ကနေ ဆယ်နှစ်အထိကြာမှ အမှုန့်လေးတွေအဖြစ်ပြောင်းလဲသွားပါတယ်။ စီးကရက်အလိပ်ပေါင်း ၁၀ သန်းခန့်ကို တစ်မိနစ်တိုင်းမှာဝယ်ယူနေကြပြီး သန်း ၁၅၀၀ လောက်ကိုတော့ တစ်နေ့တာမှာ ရောင်းချနေကြရပါတယ်။
ဒီပို့စ်မှာအဓိကပြောချင်တာကတော့ စီးကရက်မဟုတ်သေးပါဘူး စီးကရက်ဖင်စီခံလေးတွေပါပဲ။ ဘာလို့ စီးကရက်ဖင်စီခံလေးတွေက ပြသနာလဲ?? စီးကရက်ထဲမှာပါတဲ့ ဒြပ်တွေကို သောက်သုံးသူရဲ့ပါးစပ်ထဲ တိုက်ရိုက်မရောက်အောင် စီးကရက်ဖင်စီခံလေးတွေက စစ်ထုတ်ပေးပါတယ်။ မိတ်ဆွေ ဆေးလိပ်သောက်တက်ရင် သတိထားကြည့်ပါ စီးကရက်ဖင်စီခံလေးတွေက မသောက်ခင်အခြေအနေမှာ ဖြူဖွေးနေပြီတော့ သောက်ပြီးချိန်မှာတော့ အမဲဘက်ကို တောင်လုချင်နေတဲ့ အဝါရောင်ဖြစ်နေတာကိုမြင်ရမှာပါ.။အဲ့တာ စီးကရက်ထဲက Chemical တွေပါပဲ ။ ဒီလို မျိုးစီးကရက်ဖင်စီခံလေးတွေမှာ Acetics acid, hexamine, arsenic, chromium အစရှိတဲ့ဒြပ်တွေပါဝင်နေပြီ ဒီလိုမျိုး chemical တွေအပြည့်နဲ့ သောက်ပြီးသားစီးကရက် ဖင်စီခံလေးတွေသာ မြစ်ချောင်း ၊ ပင်လယ်တွေထဲ ရောက်သွားခဲ့ရင် ရေထုကိုညစ်ညမ်းစေနိုင်ပြီး ရေနေသတ္တဝါလေးတွေအတွက် အဆိပ်သင့်စေနိုင်ပါတယ်။ မြေကြီးထဲရောက်ရင်လဲ မြေဆီလွှာကိုအဆိပ်သင့်စေနိုင်ပါတယ်။ အဲ့ဒီတော့ စီးကရက်ဆိုတာ သောက်တဲ့သူကိုရော ဘေးက အငွေ့ကိုရှုမိတဲ့သူကိုပါ ကျန်းမာရေးထိခိုက်စေနိုင်ပါတယ် ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်စေနေမှတော့ ကျွန်တော်တို့ ဆင်ခြင်သင့်ပြီ မဟုတ်ပါလား။
#OhMyTrash
#Marketplace OhMyTrash မှ ကူးယူဖော်ပြပါတယ်။
Myanmar
English