ကမ္ဘာမြေအနာဂတ်အတွက် သစ်ပင်စိုက်ခဲ့ကြသည်။ ပရဟိတလုပ်ငန်းတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေးမှာ လက်မနှေးတဲ့ Clean Yangon အဖွဲ့မှ စေတနာ့ဝန်ထမ်းတွေကတော့ ကမ္ဘာမြေရဲ့ အနာဂတ်အတွက် သစ်ပင်ပေါင်း ၅၀၀ စိုက်ပျိုးပေးလိုက်ပါပြီ။

ကမ္ဘာမြေအနာဂတ်အတွက် သစ်ပင်စိုက်ခဲ့ကြသည်။ ပရဟိတလုပ်ငန်းတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေးမှာ လက်မနှေးတဲ့ Clean Yangon အဖွဲ့မှ စေတနာ့ဝန်ထမ်းတွေကတော့ ကမ္ဘာမြေရဲ့ အနာဂတ်အတွက် သစ်ပင်ပေါင်း ၅၀၀ စိုက်ပျိုးပေးလိုက်ပါပြီ။ ဇူလိုင်လ ၅ ရက် နံနက်ပိုင်းက တိုက်ကြီးမြို့၊ ချောင်းကျိုးကျေးရွာ၊ အာစိဏ္ဍသိရီပရဟိတကျောင်းမှာ GoGreen Challenge သစ်ပင်စိုက်ပွဲ Vol(2) အဖြစ် အရိပ်ရပင်နဲ့ သီးပင်စားပင် (၅၀၀) ကို စိုက်ပျိုးပေးခဲ့တာပါ။ ကမ္ဘာမြေအနာဂတ်ကို အလေးထားကြတဲ့ စေတနာရှင်တွေက အရွယ်ရောက်ပြီး သစ်ပင်တစ်ပင်ကို (၃၀၀၀)ကျပ်နှုန်းနဲ့ ပါဝင်ကုသိုလ်ယူခဲ့ကြပါတယ်။ Clean Yangon အဖွဲ့က ကောင်းသောပြောင်းလဲခြင်းတွေ ဖြစ်ပေါ်လာအောင် Challenge တွေ ဆက်လုပ်သွားဖို့ ရှိနေလို့ ပူးပေါင်းပါဝင်ကြပါဦးလို့ ဖိတ်ခေါ်ပါရစေ။ လှူဒါန်းပေးကြသော စေတနာရှင်များ၊ ပူးပေါင်းပါဝင်ခဲ့သော စေတနာ့ဝန်ထမ်းများနှင့် အသင်းအဖွဲ့များဖြစ်သော မြန်မာနိုင်ငံကင်းထောက်အဖွဲ့ အလင်းစေတမာန်ပရဟိတ Care Teen Charity Nandar & Friends မစိုးစိုးထွေးနှင့်သူငယ်ချင်းများ Miss Golden Land Myanmar မင်္ဂလာပါလူငယ်ပရဟိတ Teen Strength Charity တစ်ကိုယ်တော်ပရဟိတသမားများ Vision Entertainment We Love G Fatt စိန်ကိုးလုံးပရဟိတ ဇာဖြူနှင့်သူငယ်ချင်းများ ချယ်ရီ FM ချစ်သူများ တို့အား ကျေးဇူးအထူးတင်ရှိပါတယ်။