သဘာဝတရားရိပ်သာသို့ Clean Yangon မှ အလှူရှင်များ ကိုယ်စား သွားရောက်လှူဒါန်း

Oct 31, 2020 Admin

အနယ်နယ်အရပ်ရပ်မှ ခိုကိုးရာမဲ့နေသူများ၊ သက်ကြီးဘိုးဘွား (၄၃၀၀) ဝန်းကျင် မှီခိုနေထိုင်ကြသလို သံဃာ၊ သီလရှင်၊ ယောဂီစုစုပေါင်း (၆၀၀) ကျော်မှီတင်း နေထိုင်ကြတဲ့ သန်လျင်မြို့ရှိ သဘာဝတရားရိပ်သာသို့ (၆) ပြည်ဆန်အိတ် (၂၀၀) အိတ် (၂) လီတာ ဆီဗူး (၂၀၀) တို့အား အလှူရှင်များကိုယ်စား သွားရောက်လှူဒါန်းခဲ့ပါတယ်။


မင်္ဂလာဒုံမြို့နယ်ရှိ အာစိဏ္ဍရာမ စာသင်တိုက်သို့ Clean Yangon မှ အလှူရှင်များကိုယ်စား သွားရောက်လှူဒါန်း

Oct 30, 2020 Admin

မင်္ဂလာဒုံမြို့နယ်ရှိ အာစိဏ္ဍရာမ စာသင်တိုက်နှင့် Lockdown ဖြစ်နေသော စမ်းမြသီတာသီလရှင်စာသင်တိုက်တို့အား စေတနာရှင်များကိုယ်စား စားနပ်ရိက္ခာများသွားရောက်လှူဒါန်းခဲ့ကြပါတယ်။


အလှူခံခြင်းဖြစ်ပါတယ်။

Oct 28, 2020 Admin

အလှူခံခြင်းဖြစ်ပါတယ်။ (ကျေးဇူးပြု၍ Share ပေးပါ) လတ်တလောဖြစ်ပေါ်နေသော COVID-19 ဗိုင်းရပ်စ်အား ခုခံကာကွယ်ပေးနေသော ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် COVID-19 ကြောင့် ထိခိုက်ခဲ့ရသော အများပြည်သူများအတွက် ကျန်းမာရေးဆိုင်ရာအထောက်အပံ့ပစ္စည်းများ၊ ဆေးဝါးများ၊ စားနပ်ရိက္ခာများအား စေတနာရှင်များနှင့်ပူးပေါင်း၍ ထောက်ပံ့ကူညီသွားမည်ဖြစ်ပါတယ်။


Clean Yangon လိုရင်ခေါ်ပါမှ အိမ်တိုင်ရာရောက် ယနေ့မျှ​ဝေမှု 🙏🙏🙏

Oct 27, 2020 Admin

တစ်ချို့တွေက အိပ်ရာထဲမှာ နှစ်ရှည်လများနေနေရတဲ့ နာမကျန်းသူတွေ တစ်ချိို့တွေက အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းဖြစ်နေကြသူတွေ တစ်ချို့တွေက ဆည်းဆာချိန်ကိုဖြတ်ကျော်နေကြရတဲ့ သက်ကြီးဘိုးဘွားတွေ လိုရင်ခေါ်ပါ အစီအစဉ်သို့ ဆက်သွယ်အကူအညီတောင်းသမျှကို ကျွန်တော်တို့ အလျှင်မြန်ဆုံးနဲ့ အထိရောက်ဆုံး ပို့ဆောင်ကာ ဖေးကူလျှက်ရှိပါတယ်။


ကလေးများအတွက် ပျော်ရွှင်ဖွယ်မေတ္တာလက်ဆောင်🥰🥰🥰

Oct 31, 2020 Admin

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယတွင် ကလေးငယ်များအတွက် ပျော်ရွှင်ဖွယ်လက်ဆောင်များပေးအပ်သွားပါဦးမည်။


စေတနာရှင်တွေရဲ့ ချစ်ခြင်းမေတ္တာကို လိုအပ်နေသူများထံသို့မျှဝေခြင်းနဲ့ အကောင်းဆုံးဖော်ပြပေးလျှက်ရှိပါတယ်။

Nov 02, 2020 Admin

စေတနာရှင်တွေရဲ့ ချစ်ခြင်းမေတ္တာကို လိုအပ်နေသူများထံသို့မျှဝေခြင်းနဲ့ အကောင်းဆုံးဖော်ပြပေးလျှက်ရှိပါတယ်။ စေတနာရှင်တွေကိုယ်စား လိုအပ်နေတဲ့သူတွေကို လိုအပ်နေသည့်အရာများ အရောက်ပို့ဆောင်ပေးဖို့ Clean Yangon က တာဝန်ယူပါရစေ။ ယုံကြည်စွာနဲ့ ဝိုင်းဝန်းလှူဒါန်းပေးကြသော ပြည်တွင်း/ပြည်ပမှ စေတနာရှင်များအား သန့်ရှင်းသောရန်ကုန်မှ ကျေးဇူးအထူးတင်ရှိပါတယ်။


ဘိုးဘွားများအတွက် ဂါရဝလက်ဆောင်မွန် ပုံးလေးထဲမှာ ဘာပစ္စည်းတွေပါဝင်မလဲဆိုတော့ ???

Oct 30, 2020 Admin

လိုရင်ခေါ်ပါ အစီအစဉ်သို့ အကူအညီတောင်းထားသည့် အမှန်တစ်ကယ်လိုအပ်နေသည့် သက်ကြီးဘိုးဘွားများအား သွားရောက် ဂါရဝပြု မေတ္တာမျှဝေသွားမှာပဲဖြစ်ပါတယ်။


မြောက်ဒဂုံမြို့နယ် Fever Clinic အတွက် level 2 PPE (Surgical Gown) အစုံ (၂၀၀) အား သွားရောက်လှူဒါန်းခဲ့ပါတယ်။

Oct 30, 2020 Admin

Clean Yangon သည် အခြေခံလူတန်းစားများ၊ မသန်စွမ်းသူများ၊ နာမကျန်းသူများ၊ သက်ကြီးဘိုးဘွားများအတွက် စားနပ်ရိက္ခာများမျှဝေပေးနေသလို ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ သီလရှင်စာသင်တိုက်များ၊ ဘိုးဘွားရိပ်သာများ နှင့် မိဘမဲ့ဂေဟာများသို့လည်း လှူဒါန်းကူညီလျက်ရှိသလို ဆေးရုံဆေးခန်းများအတွက်လည်း ကျန်းမာရေးဆိုင်ရာအထောက်အပံ့ပစ္စည်းများအား လှူဒါန်ပေးလျှက်ရှိပါတယ်။


၂၈.၁၀.၂၀၂၀ နေ့တွင် တိုက်ကြီးမြို့နယ်၊ အာစိဏ္ဍသိရီပရဟိတကျောင်းသို့ ဆန်၊ ဆီအပါအဝင် စားနပ်ရိက္ခာများအား သွားရောက်လှုဒါန်းခဲ့ပါတယ်။

Oct 28, 2020 Admin

Clean Yangon သည် ကိုဗစ်ကာလအတွင်းတွင် အခြေခံလူတန်းစားများ၊ မသန်စွမ်းသူများ၊ နာမကျန်းသူများ၊ သက်ကြီးဘိုးဘွားများအတွက် စားနပ်ရိက္ခာများမျှဝေပေးနေသလို ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ သီလရှင်စာသင်တိုက်များ၊ ဘိုးဘွားရိပ်သာများ နှင့် မိဘမဲ့ဂေဟာများသို့လည်း လှူဒါန်းကူညီလျက်ရှိပါတယ်။


အိမ်ထောင်စုပေါင်း (၁၀၀၀၀) ကျော်လောက်ကို ဖေးကူနိုင်ဖို့ စေတနာ့ဝန်ထမ်းလူငယ်တွေ ဒီလို ပဲအိတ်ပေါင်း (၂၀၀) အိတ်လောက် အတူတူထမ်းပိုးခဲ့ကြဖူးပါတယ်။

Oct 29, 2020 Admin

စေတနာ့ဝန်ထမ်းတစ်ယောက်သယ်လာတဲ့ ကုလားပဲအိတ်က အချိန် (၃၀) လေးပါတယ်။ တစ်အိမ်ထောင်ကို (၅၀) ကျပ်သားပေးဖို့ ပြန်ထုတ်တော့ အိမ်ထောင်စု (၆၀) စာရတာပေါ့ အိမ်ထောင်စုပေါင်း (၁၀၀၀၀) ကျော်လောက်ကို ဖေးကူနိုင်ဖို့ စေတနာ့ဝန်ထမ်းလူငယ်တွေ ဒီလို ပဲအိတ်ပေါင်း (၂၀၀) အိတ်လောက် အတူတူထမ်းပိုးခဲ့ကြဖူးပါတယ်။ ပြည်တွင်း/ပြည်ပက စေတနာရှင်တွေကိုယ်စား လိုအပ်နေသူတွေထံ အိမ်တိုင်ရာရောက် မျှဝေခဲ့ကြတဲ့ ရိက္ခာထုပ်ထဲမှာ ဆန် (၆) ပြည်အိတ်အပါအဝင် အနည်းဆုံး အခြေခံစားသောက်ကုန် (၉) မျိုးပါပါတယ်။