၂၈.၁၀.၂၀၂၀ နေ့တွင် တိုက်ကြီးမြို့နယ်၊ အာစိဏ္ဍသိရီပရဟိတကျောင်းသို့ ဆန်၊ ဆီအပါအဝင် စားနပ်ရိက္ခာများအား သွားရောက်လှုဒါန်းခဲ့ပါတယ်။

Oct 28, 2020 Admin

Clean Yangon သည် ကိုဗစ်ကာလအတွင်းတွင် အခြေခံလူတန်းစားများ၊ မသန်စွမ်းသူများ၊ နာမကျန်းသူများ၊ သက်ကြီးဘိုးဘွားများအတွက် စားနပ်ရိက္ခာများမျှဝေပေးနေသလို ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ သီလရှင်စာသင်တိုက်များ၊ ဘိုးဘွားရိပ်သာများ နှင့် မိဘမဲ့ဂေဟာများသို့လည်း လှူဒါန်းကူညီလျက်ရှိပါတယ်။


Clean Yangon လိုရင်ခေါ်ပါမှ အိမ်တိုင်ရာရောက် ယနေ့မျှ​ဝေမှု 🙏🙏🙏

Oct 27, 2020 Admin

တစ်ချို့တွေက အိပ်ရာထဲမှာ နှစ်ရှည်လများနေနေရတဲ့ နာမကျန်းသူတွေ တစ်ချိို့တွေက အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းဖြစ်နေကြသူတွေ တစ်ချို့တွေက ဆည်းဆာချိန်ကိုဖြတ်ကျော်နေကြရတဲ့ သက်ကြီးဘိုးဘွားတွေ လိုရင်ခေါ်ပါ အစီအစဉ်သို့ ဆက်သွယ်အကူအညီတောင်းသမျှကို ကျွန်တော်တို့ အလျှင်မြန်ဆုံးနဲ့ အထိရောက်ဆုံး ပို့ဆောင်ကာ ဖေးကူလျှက်ရှိပါတယ်။


ကာလဆိုးကြီးကို ကျွန်တော်တို့ အတူတူ အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ကြတယ်ဆိုပြီး နောင်တစ်ချိန်မှာအမှတ်တရ ပြန်ပြောနိုင်ရမယ်။

Oct 26, 2020 Admin

မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်၊ ကရုဏာလမ်းရှိ ကိုဗစ်ကာလ ခက်ခဲမိသားစုများအား ဆန် (၆) ပြည်အပါအဝင် တစ်အိမ်ထောင်လျှင် (၁၅,၀၀၀) ကျပ်တန်ဖိုးရှိ အခြေခံစားသောက်ကုန်များကို အိမ်ထောင်စု (၂၅၀) စာအား Clean Yangon မှ စေတနာရှင်များကိုယ်စား ယနေ့တွင် သွားရောက်မျှဝေခဲ့ကြပါတယ်။


Test & Care ဧရာဝတီစင်တာ

Oct 26, 2020 Admin

အနံ့မရ၊ ကိုယ်လက်ကိုက် ကိုယ်ပူ၊နှာစေး၊ချောင်းဆိုးလို့ အိမ်မှာ ကြိတ်မကုနေကြပါနဲ့တော့။ Test & Care ဧရာဝတီစင်တာကိုသာ လာခဲ့လိုက်တော့။


ရခိုင်ပြည်နယ်တွင် "မိမိဆန္ဒအလျောက်" ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများ စစ်တွေမြို့သို့ ရောက်ရှိ

Aug 24, 2020 Clean Yangon

ရခိုင်ပြည်နယ်တွင် "မိမိဆန္ဒအလျောက်" ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများ စစ်တွေမြို့သို့ ရောက်ရှိ (၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၂၃) ရက် ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗ သတင်း MOHS မြန်မာအမျိုးသားပိုင်လေကြောင်းလိုင်းမှ အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်သို့ ယနေ့ (၂၃-၈-၂၀၂၀) ရက်နေ့၊ နံနက်တွင် ရောက်ရှိခဲ့သည့် -


ချစ်ရတဲ့အမိမြန်မာပြည်အတွက် ကျွန်တော်တို့က အရံလူ

Aug 19, 2020 Admin

ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ လတ်တလောဖြစ်ပေါ်နေတဲ့ COVID-19 ဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအတွက် မြန်မာနိုင်ငံတွင်းရှိသက်ဆိုင်ရာအစိုးရအဖွဲ့များ၊ ဝန်ကြီးဌာနများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။


ရန်ကုန်မြို့က စည်ပင်​ရေ

Aug 19, 2020 Admin

အခုတ​လော ရန်ကုန်မြို့ရဲ့ အချို့​သော မြို့နယ်​တွေမှာ ရန်ကုန်မြို့​တော် စည်ပင် သာယာ​ရေး​ကော်မတီ​အောက်မှာရှိတဲ့ ​ရေ ရရှိရေးနှင့်​​ ရေ​ပေးဝေ​ရေးလုပ်ငန်း တာဝန်ခံ အဖွဲ့က​ ရေပိုက်လုံးကြီးများမြှုပ်နှံ​ ဆောင်ရွက်​ နေတဲ့ လုပ်ငန်းများကို သွားရင်းလာရင်း ကား​ပေါ်က​နေ ​တွေ့​တွေ့​နေရပါတယ်။


အရှေ့တောင်အာရှတွင် အရှည်ဆုံးညဈေးတန်း ဖြစ်လာမည့် ကမ်းနားလမ်း ညဈေးတန်း

Aug 19, 2020 Admin

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံတွင်းရောဂါမပြန့်ပွားစေရေးအတွက် တားဆီး၊ ကန့်သတ်၊ ထိန်းချုပ်မှုများ ပြုလုပ်ဆဲကာလတွင် နိုင်ငံတွင်းရောဂါပြန့်ပွားမှုအခြေအနေကို တွက်ဆကာ နိုင်ငံတော်က အပိုင်းလိုက်ဖြေလျှော့မှုများ အဆင့်ဆင့်ပြုလုပ်ပေးလျက်ရှိသည်။ ထိုသို့အဆင့်လိုက်ဖြေလျှော့မှုများကြောင့် မြို့တော်ရန်ကုန်၏ လမ်းမများထက်၌ လူအပေါင်း သွားလာမှုက တစ်နေ့ထက်တစ်နေ့ ပြန်လည်များပြားလာသည်။


ရန်ကုန်မြို့ရဲ့ ခရီးသွားခရီးစဉ်သစ်

Aug 15, 2020 Admin

ရန်ကုန်မြို့ဟာ ပြည်တွင်းပြည်ပခရီးသွားတွေအတွက် လည်ပတ်လေ့လာစရာနေရာတွေ အများအပြားရှိနေပါတယ်။ ရွှေတိဂုံစေတီအပါအဝင် အထင်ကရ စေတီပုထိုးတွေ၊ ရှေးဟောင်းအဆောက်အအုံတွေ၊ မြို့ပြရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ၊ ပန်းဥယျာဉ်နဲ့ အခြားစိတ်ဝင်စားစရာနေရာတွေ တည်ရှိနေပါတယ်။ ဒီနေရာတွေဟာ သမိုင်းတန်ဖိုး ကြီးမားတဲ့ ထိန်းသိမ်းစောင့်ရှောက်မှုတွေလည်း အမြဲပြုလုပ်နေရတဲ့ အမွေအနှစ်တွေ ဖြစ်ပါတယ်။


နေချင့်စဖွယ်ကောင်းသော ရန်ကုန်တိုင်းဒေသကြီး၏ ကျွန်းမြို့လေး

Aug 14, 2020 Admin

ကိုကိုးကျွန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပါဝင်သော် လည်း ကုန်းမြေဆက်စပ်မှုမရှိဘဲ သီးခြား ရပ်တည်နေသော မြို့ငယ်လေး တစ်မြို့။ ကိုကိုးကျွန်းမြို့လေးသည် ပင်လယ်ရေမျက်နှာ ပြင်အထက် ၁၁၂ မီတာ၊ မြန်မာ့ရေပိုင်နက် အတွင်း တည်ရှိနေသော ကျွန်းမြို့လေး ဖြစ်သည်။