ချစ်ရတဲ့အမိမြန်မာပြည်အတွက် ကျွန်တော်တို့က အရံလူ

ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ လတ်တလောဖြစ်ပေါ်နေတဲ့ COVID-19 ဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအတွက် မြန်မာနိုင်ငံတွင်းရှိသက်ဆိုင်ရာအစိုးရအဖွဲ့များ၊ ဝန်ကြီးဌာနများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။

Clean Yangon အနေဖြင့် ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မတ်လ (၁၀) ရက်နေ့မှစတင်ကာ ကာကွယ်ရေးနှိုးဆော်ချက်များ ထိရောက်စွာ လုပ်ဆောင်နိုင်ရန် လက်ကမ်းစာစောင်များ၊ ပိုစတာများ နှင့် အသိပညာပေးဘေလ်ဘုတ်စိုက်ထူခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

မတ်လ (၂၃) ရက်နေ့ COVID-19 Positiive တွေ့ရှိပြီးနော​က် ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းစဉ်များအား ပံ့ပိုးကူညီခြင်းများဆောင်ရွက်ခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနတွင် ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့်ပူးပေါင်းကာ ပြည်တွင်းသို့ပြန်ဝင်လာကြသော မြန်မာနိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များအား ကွန်ပျူတာထဲသို့စာရင်းသွင်းခြင်းအား Clean Yangon မှ ဆောင်ရွက်ပေးခဲ့ပါတယ်။

ကွန်ပျူတာများ လုံလောက်မှုမရှိသောကြောင့် ကိုယ်ပိုင်လက်ပ်တော့များဖြင့် ကူညီဆောင်ရွက်ခဲ့ရခြင်းက အခက်အခဲများကြားမှ အမှတ်ရစရာတစ်ခုပါပဲ။ မနက် (၉) နာရီမှ ညနေ (၅) နာရီထိ နေ့စဉ် (၈) ရက်ကြာ ဆောင်ရွက်ခဲ့ကြရပါတယ်။

အချက်အလက်များရေးသွင်းဆောင်ရွက်နေစဉ်မှာပဲ ရန်ကုန်မြို့၏ သတ်မှတ်နေရာများတွင် ဖွင့်လှစ်ထားရှိသော Quaratine စင်တာများသို့ထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိစေရေးနှင့် စေတနာရှင်/အလှူရှင်များ လာရောက်လှူဒါန်းထားသော ပစ္စည်းများ ထားသိုသိမ်းဆည်းရေးအပိုင်းအတွက် တိုင်းကျန်မာရေး Logistics ပိုင်းအား Clean Yangon မှ (၁၉.၈.၂၀၂၀) ယနေ့ထိတိုင် ပူးတွဲကူညီပေးလျက်ရှိပါတယ်။

မနက် (၉) နာရီမှ ညနေ (၅) နာရီထိ လာရောက်ပို့ဆောင်သော အလှူပစ္စည်းများအား နေရာချထားခြင်း နှင့် Quaratine စင်တာများ၏ လိုအပ်ချက်များအား ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်အရ အချိန်မှီ လိုက်လံပို့ဆောင်ပေးခြင်းအား နေ့စဉ်ရက်ဆက် စေတနာ့ဝန်ထမ်း (၁၀) ဦးဖြင့်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

Clean Yangon အနေဖြင့် တိုင်းကျန်းမာရေးရုံးအတွက် ကူညီဆောင်ရွက်လျက်ရှိသလို ကျန်းမာရေးဝန်ထမ်းများ၊ နယ်ပယ်စုံမှ စေတနာ့ဝန်ထမ်းများအတွက် အားဆေးများလှူဒါန်းပေးခြင်း ၊ ဆေးရုံများအတွက် ကျန်းမာရေးအကာအကွယ်များ လှူဒါန်းပေးခဲ့ပါတယ်။

COVID-19 ကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ ပျောက်ရှကာ ဝင်ငွေနည်းအခြေခံလူတန်းစားများ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နိုင်သောကြောင့် အခြေခံလူတန်းစား အများပြည်သူများအတွက် #နွမ်းပါးပြည်သူဖေးမကူ အစီအစဉ်ဖော်ဆောင်ကာ ၂၉.၃.၂၀၂၀ မှစတင်ကာ စားနပ်ရိက္ခာများအား အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းပေးခဲ့ပါတယ်။

#နွမ်းပါးပြည်သူဖေးမကူ အစီအစဉ်အဖြစ် တစ်အိမ်ထောင်လျှင် (၁၅,၀၀၀) ကျပ်တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးသေတ္တာ၊ ဆေး၊ ကွေကာအုပ် အစရှိသည်များပါဝင်ကာ နိုင်ငံ၏ လိုအပ်ချက်အား တစ်ထောင့်တစ်နေရာမှ ကူညီပေးနိုင်ခဲ့ပါတယ်။

သက်ကြီးဘိုးဘွားများ၊ နာမကျန်းသူများ နှင့် မသန်စွမ်းများအား ကူညီနိုင်စေရန် #လိုရင်ခေါ်ပါ အစီအစဉ်ကို မေလတွင် စတင်ခဲ့ပြီး စားနပ်ရိက္ခာများ လိုအပ်သည့်နေရာများသို့ လိုက်လံပို့ဆောင်လှူဒါန်းခဲ့ပါတယ်။

မြန်မာနိုင်ငံသာမက ကမ္ဘာနှင့်အဝှမ်း မကြုံစဖူး ဖြစ်ပွားခဲ့သော ဖြစ်ရပ်တစ်ခုတွင် ကြုံတွေ့ရသည့်အခက်အခဲများအား အကောင်းဆုံး ခုခံကာကွယ်နိုင်ခဲ့ခြင်းက အစိုးရ၊ ပြည်သူ နှင့် ပရဟိတအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ၏ စုစည်းညီညွတ်စွာ စိတ်ဓါတ်ကောင်းကောင်းနှင့် ရင်ဆိုင်ခဲ့ခြင်းကြောင့်သာဖြစ်ပါကြောင်း မှတ်တမ်းတင်ရမှာဖြစ်သလို ကျွန်တော်တို့တွေအတူတကွ မလျှော့သောဇွဲလုံ့လဝီရိယတိို့ဖြင့် ဆက်လက်ကြိုးစားကာကွယ်ကြဖို့ လိုအပ်နေပါကြောင်း နှိုးဆော်တိုက်တွန်းအပ်ပါတယ်။

#TogetherWeCan
Clean Yangon (သန့်ရှင်းသောရန်ကုန်)