ပြိုကျပျက်စီးနေသော အိမ်လေးကို အသစ်ပြန်လည်တည်ဆောက်ပြီးပါပြီ။

Nov 03, 2020 Admin

ပြိုကျပျက်စီးနေသော အိမ်လေးကို အသစ်ပြန်လည်တည်ဆောက်ပြီးပါပြီ။ ဝမ်းသာစရာသတင်းလေးမို့ မုဒိတာပွားနိုင်စေဖို့ပါ။ အိမ်တည်ဆောက်သည့်ကုန်ကျစရိတ်များကို ကိုလင်းလင်း + မချစ်သုဝေ သမီးလေး ခေတ် နှင့် သစ် မိသားစုတို့မှ လှူဒါန်းပေးပါတယ်။


အခြေခံလူတန်းစား အိမ်ထောင်စု (၄၀၀) ကို စားနပ်ရိက္ခာများ လှူဒါန်းခြင်း

Nov 30, 2020

Australian Aid ရဲ့ လှူဒါန်းမှုနဲ့ Plan International ၊ Clean Yangon တို့ ပူးပေါင်းပြီး လှိုင်သာယာမြို့နယ်၊ ညောင်ရွာမှာရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စု (၄၀၀)ကို ဆန် (၆) ပြည်အပါအဝင် တစ်အိမ်ထောင်လျှင် (၁၅,၀၀၀) ကျပ် တန်ဖိုးရှိတဲ့ အခြေခံစားသောက်ကုန်တွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်။


အိမ်ထောင်စုပေါင်း (၂၀,၀၀၀) နီးပါးကို ဖေးကူခဲ့ပြီး

Dec 01, 2020

အိမ်ထောင်စုပေါင်း (၂၀,၀၀၀) နီးပါးကို ကျွန်တော်တို့ ဖေးကူခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုဖေးမကူညီနိုင်တာဟာ ကျွန်တော်တို့တော်လွန်း တတ်လွန်း၊ စွမ်းဆောင်နိုင်လွန်းလို့မဟုတ်ဘဲ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကနေ ကူညီပေးကြတဲ့ စေတနာရှင်တွေကြောင့်သာ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ခြင်းသာဖြစ်ပါတယ်။


Clean Yangon မှ စစ်ဘေးရှောင်စခန်းတွင် ဒန်ပေါက်ထမင်း + ကြက်သားဟင်းများအား စေတနာရှင်များကိုယ်စား လှူဒါန်းခဲ့ပါတယ်

Dec 06, 2021 Admin

ကလေး တစ်ရာကျော်စီရှိတဲ့ စစ်ဘေးရှောင်စခန်း (၂) ခုမှာ ဒီနေ့နေ့လည်စာအတွက် အာဟာရဒါနလည်းဖြစ် ကလေးတွေအမှတ်တရလည်း ဖြစ်အောင် ဒန်ပေါက်ထမင်း + ကြက်သားဟင်းများအား စေတနာရှင်များကိုယ်စား လှူဒါန်းခဲ့ပါတယ်။


စစ်ဘေးရှောင်နေရတဲ့ သွေးချင်းတွေကို စေတနာရှင်များကိုယ်စား လူသားဆန်မှုနဲ့ချစ်ခြင်းမေတ္တာတွေ ကျနော်တို့မှ မျှဝေလျှက်ရှိပါတယ်

Dec 18, 2021 Admin

စစ်ဘေးရှောင်နေရတဲ့ သွေးချင်းတွေကို စေတနာရှင်များကိုယ်စား လူသားဆန်မှုနဲ့ချစ်ခြင်းမေတ္တာတွေ ကျနော်တို့မှ မျှဝေလျှက်ရှိပါတယ်။ ဒီ မျှဝေခြင်းအစီအစဉ်လေးမှာတော့ စစ်ဘေးရှောင်မိသားစု တစ်အိမ်ထောင်ကို (၁၅,၀၀၀) ကျပ်နှုန်းဖြင့် ❤️ ဆန် (၆) ပြည် ❤️ ဆီ (၁) လီတာ


Clean Yangon စေတနာ့ဝန်ထမ်းများမှ စစ်ရှောင်ဒေသက ကလေးတွေအတွက် လက်ဆောင်ထုပ်လေးတွေကိုပြင်ဆင်နေပုံ

Dec 20, 2021 Admin

လက်ဆောင်ဆိုတာ ချစ်ခင်မြတ်နိုးခြင်းကို ဖော်ပြရာရောက်သလို အဆိုးအကောင်းတွေအတွက် အတူတကွရှိနေခြင်းကိုလည်း ဖော်ပြရာရောက်ပါတယ်။


Clean Yangon အနေနဲ့ စစ်ဘေးသင့်ဒေသကို ရောက်ရှိနေခဲ့တာ (၇) လနီးပါးရှိနေပါပြီ။

Dec 14, 2021 Clean Yangon

Clean Yangon အနေနဲ့ စစ်ဘေးသင့်ဒေသကို ရောက်ရှိနေခဲ့တာ (၇) လနီးပါးရှိနေပါပြီ။ စစ်ဘေးရှောင်စခန်းတွေ နဲ့လမ်းပန်း ဆက်သွယ်ရေးခက်ခဲတဲ့ တောင်ပေါ်ကျေးရွာတွေကို ကျန်းမာရေးစောင့်ရှောက်မှုးပေးနေကြသလို ပညာရေးပိုင်းလည်း မလစ်ဟင်းစေရအောင် တတ်နိုင်သလောက်ဖေးကူလျှက်ရှိပါတယ်။