အခြေခံလူတန်းစား အိမ်ထောင်စု (၄၀၀) ကို စားနပ်ရိက္ခာများ လှူဒါန်းခြင်း

Australian Aid ရဲ့ လှူဒါန်းမှုနဲ့ Plan International ၊ Clean Yangon တို့ ပူးပေါင်းပြီး လှိုင်သာယာမြို့နယ်၊ ညောင်ရွာမှာရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စု (၄၀၀)ကို ဆန် (၆) ပြည်အပါအဝင် တစ်အိမ်ထောင်လျှင် (၁၅,၀၀၀) ကျပ် တန်ဖိုးရှိတဲ့ အခြေခံစားသောက်ကုန်တွေကို သွားရောက် လှူဒါန်းခဲ့ပါတယ်။ Clean Yangon သည် အခြေခံလူတန်းစားတွေ၊ မသန်စွမ်း သူတွေ၊ နာမကျန်းသူတွေ၊ သက်ကြီးဘိုးဘွားတွေအတွက် စားနပ်ရိက္ခာ မျှဝေ ပေးနေသလို ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ၊ သီလရှင်စာသင် တိုက်တွေ၊ ဘိုးဘွားရိပ်သာတွေနဲ့ မိဘမဲ့ဂေဟာတွေကိုလည်း လှူဒါန်းကူညီ လျက်ရှိပါတယ်။
#CleanYangon
#PlanInternational
#AustralianAid
Myanmar
English