အိမ်ထောင်စုပေါင်း (၂၀,၀၀၀) နီးပါးကို ဖေးကူခဲ့ပြီး

အိမ်ထောင်စုပေါင်း (၂၀,၀၀၀) နီးပါးကို ကျွန်တော်တို့ ဖေးကူခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုဖေးမကူညီနိုင်တာဟာ ကျွန်တော်တို့တော်လွန်း တတ်လွန်း၊ စွမ်းဆောင်နိုင်လွန်းလို့မဟုတ်ဘဲ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကနေ ကူညီပေးကြတဲ့ စေတနာရှင်တွေကြောင့်သာ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ခြင်းသာဖြစ်ပါတယ်။ ကျွန်တော်တို့ စေတနာ့ဝန်ထမ်း လူငယ်အဖွဲ့အစည်းအား ပြည်တွင်း/ပြည်ပမှ ယုံကြည်စွာလှူဒါန်းပေးကြတဲ့ စေတနာရှင်များကို ကျေးဇူးအထူးတင်ရှိပါတယ်။ ကူညီလှူဒါန်းငွေများအား အလေအလွင့်မရှိရလေအောင် အလေးထားဆောင်ရွက်နေသလို လူမှုအကျိုးပြုလုပ်ငန်းများဆောင်ရွက်ရင်း နိုင်ငံ၏လိုအပ်ချက်များအား ထိရောက်လျင်မြန်စွာဖြည့်ဆည်းသွားမည်ဟု လေးနက်စွာ ကတိပြုအပ်ပါတယ်။

#မျှဝေခြင်းသည်မေတ္တာ

#CleanYangon

#CleanMyanmar