Clean Yangon အနေနဲ့ စစ်ဘေးသင့်ဒေသကို ရောက်ရှိနေခဲ့တာ (၇) လနီးပါးရှိနေပါပြီ။

Clean Yangon အနေနဲ့ စစ်ဘေးသင့်ဒေသကို ရောက်ရှိနေခဲ့တာ (၇) လနီးပါးရှိနေပါပြီ။

စစ်ဘေးရှောင်စခန်းတွေ နဲ့လမ်းပန်း ဆက်သွယ်ရေးခက်ခဲတဲ့ တောင်ပေါ်ကျေးရွာတွေကို ကျန်းမာရေးစောင့်ရှောက်မှုးပေးနေကြသလို ပညာရေးပိုင်းလည်း မလစ်ဟင်းစေရအောင် တတ်နိုင်သလောက်ဖေးကူလျှက်ရှိပါတယ်။

လူသားချင်းစာနာမှုအရ စစ်ရှောင်စခန်းတွေရဲ့ စားဝတ်နေရေးကို ပြည်တွင်း/ပြည်ပ စေတနာရှင်များရဲ့ ပံ့ပိုးမှုနဲ့ ကြိုးစားဖြည့်ဆည်းပေးလျှက်ရှိသလို စစ်ဒဏ်ကြောင့် ထိခိုက်ခဲ့ရတဲ့ ကလေးငယ်တွေရဲ့စိတ်ဒဏ်ရာတွေကိုဖေးမကူညီရင်း ပျော်ရွှင်ဖွယ်အခြေအနေများကိုလည်း ရံဖန်ရံခါ ဖန်တီးပေးလျှက်ရှိပါတယ်။

ဒေသခံတွေရဲ့ ကူညီမှု၊ စေတနာရှင်များရဲ့ ပံ့ပိုးနဲ့ စေတနာ့ဝန်ထမ်းများရဲ့ အားထုတ်ကြိုးစားမှုတွေနဲ့ လိုအပ်သည့်အချိန်မှာ လိုအပ်သည့်အရာများကို လျှင်မြန်ထိရောက်စွာ ဖြည့်ဆည်းဆောင်ရွက်နိုင်ခဲ့ပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ လိုအပ်ချက်မြင့်မားခြင်းတို့ကြောင့် ကူညီဖေးမမှုများဟာ ဆက်လက်ပြီး လိုနေဆဲ လိုနေမြဲပဲဖြစ်ပါတယ်။

ခေတ်ကာလအခြေအနေအရ ကျနော်တို့ရဲ့ ကူညီမှုတိုင်းမှာ ခက်ခဲမှုပေါင်းစုံ၊ စိန်ခေါ်မှုမျိုးစုံနဲ့ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

ဘယ်လိုအခက်အခဲရှိနေပါစေ သွေးချင်းတွေနဲ့အတူတူ ကျနော်တို့အမြဲရှိနေမှာပါ။

စေတနာရှင်တွေရဲ့ မေတ္တာတရားတွေ လိုအပ်နေသူတွေထံရောက်ရှိစေဖို့ ကျနော်တို့က ကိုယ်စား မျှဝေပေးပါရစေ။

လိုအပ်နေသူအတွက် လိုအပ်တဲ့အချိန်မှာ ကျွန်တော်တို့တွေ စုပေါင်းအားနဲ့ ကူညီကြစို့လားဗျာ

#မျှဝေဖေးကူဒို့အတူ #CleanYangon