သဘာဝတရားရိပ်သာသို့ Clean Yangon မှ အလှူရှင်များ ကိုယ်စား သွားရောက်လှူဒါန်း
အနယ်နယ်အရပ်ရပ်မှ ခိုကိုးရာမဲ့နေသူများ၊ သက်ကြီးဘိုးဘွား (၄၃၀၀) ဝန်းကျင် မှီခိုနေထိုင်ကြသလို သံဃာ၊ သီလရှင်၊ ယောဂီစုစုပေါင်း (၆၀၀) ကျော်မှီတင်း နေထိုင်ကြတဲ့ သန်လျင်မြို့ရှိ သဘာဝတရားရိပ်သာသို့ (၆) ပြည်ဆန်အိတ် (၂၀၀) အိတ် (၂) လီတာ ဆီဗူး (၂၀၀) တို့အား အလှူရှင်များကိုယ်စား သွားရောက်လှူဒါန်းခဲ့ပါတယ်။
Clean Yangon သည် အခြေခံလူတန်းစားများ၊ မသန်စွမ်းသူများ၊ နာမကျန်းသူများ၊ သက်ကြီးဘိုးဘွားများအတွက် စားနပ်ရိက္ခာများမျှဝေပေးနေသလို ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ သီလရှင်စာသင်တိုက်များ၊ ဘိုးဘွားရိပ်သာများ နှင့် မိဘမဲ့ဂေဟာများသို့လည်း လှူဒါန်းကူညီလျက်ရှိပါတယ်။
#မျှဝေခြင်းသည်မေတ္တာ #CleanYangon #CleanMyanmar
Myanmar
English