လှိုင်သာယာ Clean Yangon Donation

Oct 28, 2020 Admin

ကျွန်တော်တို့ မမောသေးတာမဟုတ်ပါဘူး၊ မနားနိုင်ကြသေးတာပါ။


Clean Yangon စားနပ်ရိက္ခာများမျှဝေခြင်း 🙏🙏🙏

Nov 02, 2020 Admin

ကာလဆိုးကြီးကို ကျွန်တော်တို့ အတူတူ အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ကြတယ်ဆိုပြီး နောင်တစ်ချိန်မှာအမှတ်တရ ပြန်ပြောကြတာပေါ့ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၈)ရပ်ကွက်ရှိ ကိုဗစ်ကာလ ခက်ခဲမိသားစုများအား ဆန် (၆) ပြည်အပါအဝင် တစ်အိမ်ထောင်လျှင် (၁၅,၀၀၀) ကျပ်တန်ဖိုးရှိ အခြေခံစားသောက်ကုန်များကို အိမ်ထောင်စု (၂၅၀) စာအား Clean Yangon မှ စေတနာရှင်များကိုယ်စား ယနေ့တွင် သွားရောက်မျှဝေခဲ့ကြပါတယ်။


စေတနာရှင်တွေရဲ့ ချစ်ခြင်းမေတ္တာကို လိုအပ်နေသူများထံသို့မျှဝေခြင်းနဲ့ အကောင်းဆုံးဖော်ပြပေးလျှက်ရှိပါတယ်။

Nov 02, 2020 Admin

စေတနာရှင်တွေရဲ့ ချစ်ခြင်းမေတ္တာကို လိုအပ်နေသူများထံသို့မျှဝေခြင်းနဲ့ အကောင်းဆုံးဖော်ပြပေးလျှက်ရှိပါတယ်။ စေတနာရှင်တွေကိုယ်စား လိုအပ်နေတဲ့သူတွေကို လိုအပ်နေသည့်အရာများ အရောက်ပို့ဆောင်ပေးဖို့ Clean Yangon က တာဝန်ယူပါရစေ။ ယုံကြည်စွာနဲ့ ဝိုင်းဝန်းလှူဒါန်းပေးကြသော ပြည်တွင်း/ပြည်ပမှ စေတနာရှင်များအား သန့်ရှင်းသောရန်ကုန်မှ ကျေးဇူးအထူးတင်ရှိပါတယ်။


အိမ်ထောင်စုပေါင်း (၁၀၀၀၀) ကျော်လောက်ကို ဖေးကူနိုင်ဖို့ စေတနာ့ဝန်ထမ်းလူငယ်တွေ ဒီလို ပဲအိတ်ပေါင်း (၂၀၀) အိတ်လောက် အတူတူထမ်းပိုးခဲ့ကြဖူးပါတယ်။

Oct 29, 2020 Admin

စေတနာ့ဝန်ထမ်းတစ်ယောက်သယ်လာတဲ့ ကုလားပဲအိတ်က အချိန် (၃၀) လေးပါတယ်။ တစ်အိမ်ထောင်ကို (၅၀) ကျပ်သားပေးဖို့ ပြန်ထုတ်တော့ အိမ်ထောင်စု (၆၀) စာရတာပေါ့ အိမ်ထောင်စုပေါင်း (၁၀၀၀၀) ကျော်လောက်ကို ဖေးကူနိုင်ဖို့ စေတနာ့ဝန်ထမ်းလူငယ်တွေ ဒီလို ပဲအိတ်ပေါင်း (၂၀၀) အိတ်လောက် အတူတူထမ်းပိုးခဲ့ကြဖူးပါတယ်။ ပြည်တွင်း/ပြည်ပက စေတနာရှင်တွေကိုယ်စား လိုအပ်နေသူတွေထံ အိမ်တိုင်ရာရောက် မျှဝေခဲ့ကြတဲ့ ရိက္ခာထုပ်ထဲမှာ ဆန် (၆) ပြည်အိတ်အပါအဝင် အနည်းဆုံး အခြေခံစားသောက်ကုန် (၉) မျိုးပါပါတယ်။


လှိုင်သာယာမြို့နယ်ရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအား မျှဝေခဲ့ခြင်းဖြစ်ပါတယ်။

Oct 28, 2020 Admin

ဆန် (၆) ပြည်အပါအဝင် တစ်အိမ်ထောင်လျှင် (၁၅,၀၀၀) ကျပ်တန်ဖိုးရှိ အခြေခံစားသောက်ကုန်များကို အိမ်ထောင်စု (၂၅၀) စာလှူဒါန်းခဲ့ကြပါတယ်။ လှိုင်သာယာမြို့နယ်ရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအား မျှဝေခဲ့ခြင်းဖြစ်ပါတယ်။


ကာလဆိုးကြီးကို ကျွန်တော်တို့ အတူတူ အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ကြတယ်ဆိုပြီး နောင်တစ်ချိန်မှာအမှတ်တရ ပြန်ပြောနိုင်ရမယ်။

Oct 26, 2020 Admin

မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်၊ ကရုဏာလမ်းရှိ ကိုဗစ်ကာလ ခက်ခဲမိသားစုများအား ဆန် (၆) ပြည်အပါအဝင် တစ်အိမ်ထောင်လျှင် (၁၅,၀၀၀) ကျပ်တန်ဖိုးရှိ အခြေခံစားသောက်ကုန်များကို အိမ်ထောင်စု (၂၅၀) စာအား Clean Yangon မှ စေတနာရှင်များကိုယ်စား ယနေ့တွင် သွားရောက်မျှဝေခဲ့ကြပါတယ်။


အခြေခံလူတန်းစား အိမ်ထောင်စု (၄၀၀) ကို စားနပ်ရိက္ခာများ လှူဒါန်းခြင်း

Nov 30, 2020

Australian Aid ရဲ့ လှူဒါန်းမှုနဲ့ Plan International ၊ Clean Yangon တို့ ပူးပေါင်းပြီး လှိုင်သာယာမြို့နယ်၊ ညောင်ရွာမှာရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စု (၄၀၀)ကို ဆန် (၆) ပြည်အပါအဝင် တစ်အိမ်ထောင်လျှင် (၁၅,၀၀၀) ကျပ် တန်ဖိုးရှိတဲ့ အခြေခံစားသောက်ကုန်တွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်။


Recent News

မွေးနေ့အလှူ

On May 07, 2021

စာရင်းများ (၂၀၂၁)

On Jan 24, 2021

Eco Brick များ၊ စွန့်ပစ်ပလတ်စတ...

On Jan 22, 2021

လျှပ်စစ်ဆိုင်ကယ်နှင့် သုံးဘီးဆ...

On Jan 22, 2021

ရန်ကုန်တိုင်းအတွင်း မှန်စာအပ်ခ...

On Jan 22, 2021