Clean Yangon Volunteer Swe Yee

မင်္ဂလာပါ ညီမနာမည် ဆွေရည်ပါ

ညီမက We Love G Fatt အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ် ညီမအနေနဲ့ Clean Yangonကိုစသိတာကအမှိုက်ကောက်တဲ့ Campaign တွေမှာ ညီမတို့အဖွဲ့က အမှိုက်သွားကောက်ကြမယ် ညီမလဲပါဝင်ပေးပါလို့ ဆိုပြီး လူစုရင်းနဲ့ သိလာတာပါ Volunteer လုပ်တဲ့အကြောင်းပြချက်ကတော့ ညီမလုပ်ပေးလိုက်တဲ့အရာတစ်ခုခုကြောင့် တခြားသူရဲ့လိုအင်ပြည့်သွားတယ် အဆင်ပြေသွားတယ်ဆိုရင် ညီမအများကြီးပျော်တယ် အဲ့အကြောင်းပြန်တွေးတိုင်း ပီတိလဲဖြစ်တယ် အဲ့ဒါကြောင့် ကိုယ်အားတဲ့အချိန်မှာ တတ်နိုင်သလောက်လေး ကူညီဖြစ်တာပါ။

Covid 19 စဖြစ်ကထဲက အခုချိန်အထိ ညီမ Clean Yangonနဲ့ပူးပေါင်းပြီးတော့ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းကျန်းမာရေးရုံးမှာ Volunteer လုပ်နေပါတယ်။ ပင်ပန်းတဲ့ရက်တွေအများကြီးရှိပေမယ့် အဲ့လိုပင်ပန်းနေတဲ့အချိန်မှာတောင် နောက်နေ့လာဦးမှာလားမေးရင် လာမှာဆိုပြီး ပြိုင်တူအော်ကြတာလဲ အရမ်းပျော်ဖို့ကောင်းပါတယ်။ ဒီ Volunteer လုပ်တဲ့အချိန်တွေဟာ ညီမအတွက် ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။

ညီမက Volunteer အလုပ်ကို အရင်ကလဲ လုပ်ခဲ့တယ် အခုလဲလုပ်နေတယ် နောင်လဲလုပ်ဦးမှာပါ။ အခုလို ကပ်ရောဂါဖြစ်နေတဲ့အချိန်မှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ အခုလိုပါဝင်ခွင့်ရအောင် အတူတူလက်တွဲခေါ်ပေးတဲ့ Clean Yangon(အထူးသဖြင့် မဇာဖြူ 🙆💙) စိတ်ရင်းနဲ့ကျေးဇူးအများကြီးတင်ပါတယ်။

ညီမနဲ့အတူတူ Volunteer လုပ်နေတဲ့ ညီမရဲ့ Team ကိုလဲကျေးဇူးအများကြီးတင်ပါတယ် Clean Yangonလဲ ဒီ့ထပ်မက အောင်မြင်ပါစေ။ Clean Yangon အဖွဲ့သားများ အားလုံးစိတ်ချမ်းသာ၍ ကိုယ်ကျန်းမာပြီး နိုင်ငံ့အကျိုးကို အများကြီးသယ်ပိုးနိုင်ပါစေ။

မိဆွေရည်ဦး Volunteer