Clean Yangon Volunteer Nyein Nandar Moe

အားလုံးပဲ ​မင်္ဂလာ ညီမကတော့ ငြိမ်းနန္ဒာမိုး ပါ Clean Yangon ရဲ့ Dala Clean Campaign ကစပြီး နောက်ပိုင်း လစဥ် Campaign တွေမှာ ဝင် join ခဲ့ပါတယ်။

ဒီ Covid 19 ကာလမှာလဲ Volunteer အနေနဲ့ တထောင့်တနေရာကနေ ပါဝင်ကူညီခွင့် ရခဲ့ပါတယ်။ ဒီကာလမှာ ကိုယ်တတ်နိုင်တဲ့ တထောင့်တနေရာကနေ ပါဝင်ကူညီခွင့်ရတာ ဝမ်း​မြောက်မိပါတယ်။

အသက်အရွယ်စုံ နေရာစုံက လူတွေက Clean Yangon မှာစုမိပြီး တစိတ်ထဲ တသားထဲနဲ့ အများအတွက် အဆင်ပြေအောင် လုပ်ပေးနေတာ ကြုံတွေ့ရတဲ့အခါ လူငယ်တယောက်အနေနဲ့ ပိုကောင်းတဲ့ လူမှူအဖွဲ့အစည်း တခုကို တွေ့ရသလို ခံစားရစေပါတယ်။

လူတယောက်ရဲ့စိတ်ကူးနဲ့ ဘာမှဖြစ်မလာနိုင်ပါပေမဲ့ စိတ်ကူးခြင်းတူတဲ့ လူချင်း စုပေါင်းမိတဲ့အခါ တန်ဖိုးရှိတဲ့ အရာတွေ လုပ်နိုင်စေပါတယ်။ "အချင်းချင်း ကူညီဖေးမရင်း ပိုကောင်းတဲ့ အရာတွေကို လက်တွဲလုပ်နိုင်စေပါတယ်" အခုလို တန်ဖိုးရှိတဲ့ Clean Yangon လဲ နောက်ပိုင်းတွေမှာ ဒီထက်ပိုပြီး အကျိုးပြု လုပ်ငန်းတွေ လုပ်ဆောင်နိုင်ပါစေ။

လုပ်ဆောင်မှူတွေမှာလဲ ပါဝင်အားဖြည့်နိုင်တဲ့ သူဖြစ်လိုပါတယ်။

Clean Yangon က မောင်နှမတွေ အကုန်လုံးနဲ့ အမြဲ ဆုံချင်ပါတယ်💙💙💙 #nnm