Clean Yangon Volunteer Ye Nyi Nyi Swe

ကျွန်တော့်နာမည်က ရဲညီညီဆွေ ပါ ...

ကျွန်တော် CleanYangon ကို ပထမဆုံး Campaign မှာထဲက စ Join တာပါ ...

ဒီ Covid 19 ဖြစ်တဲ့ အချိန်မှာ ကျွန်တော်တို့ နွမ်းပါတဲ့ပြည်သူတွေကို ၂ လတိတိ ကူညီခဲ့ပါတယ် ...

အဲ့ ၂ လဆိုတဲ့ အချိန်မှာ ကျွန်တော်တို့ ပင်ပန်းခဲ့ကြတယ်။ ဒါပေမယ့် မနားကျပါဘူး ...

သူတို့ကို ကူညီပေးလို့ သူတို့ဆီက ပြန်ရတဲ့ အပြုံးတွေ အပျော်တွေက ကျွန်တော်တို့ အတွက် အားဆေးတခွက်ပါ ...

ဒီ ၂ လဆိုတဲ့ ကာလလေးက ကျွန်တော့်ဘဝမှာ ဘယ်တော့မှ ဘယ်တော့မှ မေ့မရတော့မယ့် ကာလတခုပါပဲ။ ...

စိတ်တူကိုယ်တူ ညီအစ်ကိုမောင်နှမတွေနဲ့ ဆုံရတာလဲ ကျွန်တော့်အတွက်ဆုတခုပါပဲ ...

ပရဟိတ လုပ်နေတာကိုပျော်တယ် ...

CleanYangon မှာ Volunteer လုပ်ခွင့်ရနေတာကိုလဲ ဂုဏ်ယူမိပါတယ် .....

CleanYangon အဖွဲ့ကြီးမှာ ဒီ့ထက်မက Volunteer ဆောင်ရွက်ချင်ပါတယ် ......

ရဲညီညီဆွေ Clean Yangon စေတနာ့ဝန်ထမ်း