သင်တို့စွန့်ပစ်လိုက်တဲ့ face mask တွေနဲ့ ပလတ်စတစ်လက်အိတ်တွေက ဝေလငါးတစ်ကောင်ကိုတောင် သတ်ပစ်နိုင်တယ်ဆိုတာ သတိရှိဖို့လိုပါပြီ။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါရဲ့ ဘေးထွက်ဆိုးကျိုးနောက်တစ်ခုပါ။ တစ်ကမ္ဘာလုံး အခုလိုကပ်ရောဂါဘေးနဲ့ ရင်ဆိုင်နေရချိန်မှာ အကာအကွယ်ပစ္စည်းအသုံးပြုမှုတွေကလည်း သိသိသာသာကြီးမြင့်တက်လာပါတယ်။ ခန့်မှန်းချက် ကိန်းဂဏန်းတွေအရ တစ်လကို face maskပေါင်း ၁၂၉ ဘီလီယံနဲ့၊ တစ်ခါသုံးပလတ်စတစ်လက်အိတ် ၆၅ ဘီလီယံခန့် အသုံးပြုနေကြပါတယ်။ (တစ်ကမ္ဘာလုံးမှာ လူသားပေါင်း ၇.၆ ဘီလီယံရှိပါတယ်။) အဲ့ဒီစွန့်ပစ်ပစ္စည်းတွေဟာ နောက်ဆုံးတော့ ပင်လယ်၊ သမုဒ္ဒရာတွေထဲမှာ အဆုံးသတ်ကြတာပါပဲ။ အခုဆိုရင် ကမ္ဘာအနှံ့ကမ်းခြေတွေမှာသာမက၊ ပင်လယ်ရေထဲနဲ့ ကြမ်းပြင်တွေအထိမှာပါ ရောက်နေပါပြီ၊ ရှုပ်ပွနေပါပြီ။ နိုင်ငံအသီးသီးက ရေငုပ်သမားတွေ၊ သမုဒ္ဒရာထိန်းသိမ်းစောင့်ရှောက်ရေးသမားတွေနဲ့ စောင့်ကြည့်သူတွေကလည်း သတိပေးနေကြပြီ။ ကိုဗစ်ရောဂါဟာ လူတွေပေါ်မှာသာမက သမုဒ္ဒရာနဲ့ သဘာဝပတ်ဝန်းကျင်အပေါ်ကိုပါ ထိခိုက်လာနေပြီတဲ့။ သင်တို့စွန့်ပစ်လိုက်တဲ့ face mask တွေနဲ့ ပလတ်စတစ်လက်အိတ်တွေက ဝေလငါးတစ်ကောင်ကိုတောင် သတ်ပစ်နိုင်တယ်ဆိုတာ သတိရှိဖို့လိုပါပြီ။ Coral Fish Travels & Tours Photo - internet Ref: https://www.bbc.com/news/av/science-environment-53287940/coronavirus-the-masks-you-throw-away-could-end-up-killing-a-whale