Clean Yangon News

COVID-19 ကိုအကောင်းဆုံး ရင်ဆိုင်ခုခံကာကွယ်ပေးနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ နယ်ပယ်စုံကစေတနာ့ဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဗလာစာအုပ်လေးကို (၇) ရက်သားသမီးစေတနာရှင်များနဲ့ စုပေါင်းပြီး ထုတ်ဝေခဲ့ပါတယ်။ #ဂုဏ်ယူလေးစားသူတို့စွမ်းအား ဒီကျောင်းသုံးဗလာစာအုပ်လေးတွေကို မကြာမီကာလအတွင်း မြန်မာနိုင်ငံအနှံ့အပြားရှိ ကျောင်းနေအရွယ် ကလေးငယ်များဆီ အရောက်ပို့ဆောင်ပါတော့မယ်။ အလှူခံလိုသော အဖွဲ့အစည်းများအနေဖြင့် ၁. လိုအပ်သည့်ကလေးဦးရေ ၂. နေရာဒေသ ၃. တာဝန်ခံအဖွဲ့ ၄. ဆက်သွယ်ရန်ဖုန်း အစရှိသည်တို့ကို Clean Yangon စာမျက်နှာသို့ ပို့ဆောင် အလှူခံနိုင်ပါပြီ။

#မျှဝေခြင်းသည်မေတ္တာ မေတ္တာဖြင့်

#CleanYangon

#CleanMyanmar