ရန်ကုန် (Yangon)
ရန်ကုန် (Yangon)
၁၁ရာစုမှာ ရွှေတဂုံ ဘုရားနှင့် တံငါရွာ အဖြစ်သာရှိသော ရွာလေးကို ဒဂုန် အမည်ဖြင့် မွန်တို့ အုပ်ချုပ်ခဲ့ကြသည်။ ၁၇၇၅ တွင် အလောင်းဘုရား က စစ်ချီ သိမ်းပိုက်ခဲ့ပြီး ရန်ကုန်ဟု အမည်ပေးခဲ့သည်။ (၁၈၂၄-၁၈၂၆) တွင် အင်္ဂလိပ် မြန်မာ စစ်ဖြစ်ပြီး မြန်မာပြည် အောက်ပိုင်းကို အင်္ဂလိပ်တို့သိမ်းယူကာ မော်လမြိုင် တွင်ရုံးစိုက် မြို့တော်အဖြစ်ထားရှိခဲ့သည်။
၁၈၅၂ တွင် အင်္ဂလိပ်တို့ မြန်မာပြည်အောက်ပိုင်း တစ်ခုလုံး သိမ်းယူပြီးနောက် ရန်ကုန်ကို စီးပွားရေး နှင့် ရုံးချုပ် မြို့တော်အဖြစ် သတ်မှတ်ကာ ၁၈၅၃ တွင် မော်လမြိုင်မှ ရန်ကုန်သို့ ပြောင်းရွေ့လာခဲ့သည်။ Dr William Montgomerie က မြို့ပြ ဒီဇိုင်းကို ပေ ၈၀၀ နှင့် ပေ ၈၆၀ ဘလောက်ကွက်များဖေါ်ကာ ရေးဆွဲခဲ့သည်။ ဒေါက်တာမွန်ဂိုမာရီသည် စင်္ကာပူမြို့ပြကို ရေးဆွဲခဲ့သူလည်း ဖြစ်သည်။
သူကို ဂုဏ်ပြုသောအားဖြင့် မောင်ဂိုမာရီလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်း လမ်း ) အဖြစ် အမည်ပေးခဲ့သည်။ ထို့နောက် ဗြိတိသျှ စစ်အင်ဂျင်နီယာ Lt. Alexander Fraser က ရန်ကုန်မြို့ကို တည်ဆောက်ခဲ့သည်။ ရန်ကုန်မြို့ ရေဖြန့်ဖြူးပေးရန်အတွက် Royal Lake ( ယခု ကန်တော်ကြီး) နှင့် Lake Victoria (ယခု အင်းယားလိပ်) ကန်များကို တူးဖေါ်ဆောက်လုပ်ခဲ့သည်။
အင်ဂျင်နီယာ ဖရေဇာ ကို ဂုဏ်ပြုသောအားဖြင့် လမ်းတစ်လမ်းအား ဖရေဇာလမ်း (ယခု အနော်ရထာလမ်း) အဖြစ်ခေါ်ဝေါ်ခဲ့သည်။ ရေကြောင်း စီးပွားကုန်သွယ်မှုတွင် နာမည် ကြီးခဲ့သော ရန်ကုန် ဆိပ်ကမ်းကို ၁၈၅၃ ခုနှစ် စိန်ပေါ အထက်တန်းကျောင်းကို ၁၈၆၀ တွင်တည်ဆောက်ပြီးခဲ့ပြီး ရန်ကုန်ဘူတာကြီးကို ၁၈၇၇ တွင်စတင်တည်ဆောက်ခဲ့သည်။
ရန်ကုန် ဆေးရုံကြီး နှင့် စိန့်မေရီ ခရစ်ယာန်ဘုရားကျောင်းကို ၁၈၈၉ ၊ Strand ဟော်တယ်ကို ၁၉၀၁ ၊ အတွင်း၀င်ရုံးကို ၁၉၀၂ ၊ ရန်ကုန် တိရိစ္ဆာန်ရုံကို ၁၉၀၆ ၊ ဗဟိုတရားရုံး ကို ၁၉၁၁ ၊ Governor’s Residence ( ယခု မြရိပ်ညို ဟော်တယ်နေရာမှ အဆောက်အဦး ဖြိုချသွားသည်ဟု သိရ) ၁၉၂၀ ၊ စကော့စျေး ၁၉၂၆ ၊ မြို့တော်ခန်းမ ၁၉၃၆ ခုနှစ်တို့တွင် တည်ဆောက်မှု ပြီးစီးခဲ့သည်။
လွတ်လပ်ရေးရပြီးနောက် ရန်ကုန်ကို မြို့တော်အဖြစ် ဆက်လက်သတ်မှတ်ကာ လမ်းများ ၊ စျေးများ ၊ ကန်များအမည်ကို မြန်မာအမည် ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ ၁၉၅၂ တွင် အမျိုးသားပြတိုက် နှင့် ကမ္ဘာအေး ဘုရားကိုတည်ဆောက်ခဲ့သည်။ ပြည်တွင်းစစ်ကြောင့် နယ် မှ ရန်ကုန်သို့ ပြောင်းရွေ့လာကြရာ ၁၉၆၀ တွင် ရန်ကုန် လူဦးရေသည် ၁.၃ သန်း အထိ ရောက်ရှီခဲ့သဖြင့် သာကေတ ၊ တောင်ဥက္ကလာ ၊ မြောက်ဥက္ကလာ မြို့သစ်များ ဖေါ်ထုတ်ခဲ့သည်။ ယခုအခါရန်ကုန်တွင် လူဦးရေ (၈) သန်းနီးပါးနေထိုင်လျက်ရှ်သည်။
Photo - internet ပြန်လည်ဖော်ပြပါတယ်။
#CleanYangon #CleanMyanmar
Myanmar
English