သီတဂူဆရာတော် ဆန်-၁၆,၁၇၇ အိတ်၊ ဆီ-၁၆,၁၇၇ပိသာတို့ကို လှူဒါန်းရန် စတင်ပြင်ဆင်နေခြင်း

"သီတဂူဆရာတော် ဆန်-၁၆,၁၇၇ အိတ်၊ ဆီ-၁၆,၁၇၇ပိသာတို့ကို လှူဒါန်းရန် စတင်ပြင်ဆင်နေခြင်း”

သီတဂူဆရာတော်ကြီးသည် ၈-၆-၂၀၂၀ ရက်နေ့ နံနက်တွင် ရန်ကုန်တိုင်းဒေသကြီး ၂၉ မြို့နယ် အတွင်း ၁၀ ပါးအထက်သီတင်းသုံးနေထိုင်ကြသည့် သီလရှင်တိုက်ပေါင်း ၃၇၇ ကျောင်းရှိ သီလရှင် ၁၆၁၇၇ ပါး တို့အတွက် ဆန်-၁တင်း၊ ဆီ-၁ပိသာနှုန်းဖြင့် လှူဒါန်းသွားရန် စတင်ဆောင်ရွက်နေကြပြီဖြစ်သည်။

၈-၆-၂၀၂၀ ရက်နေ့ နေ့ခင်း ၁:၀၀ နာရီအချိန်မှစတင်၍ -တောင်ဒဂုံ -မြောက်ဒဂုံ -အရှေ့ဒဂုံ -တောင်ဥက္ကလာ -မြောက်ဥက္ကလာ -သာကေတ ၆ မြို့နယ်မှ ၄၆ ကျောင်း၊ ၂၇၂၈ ပါးတို့အတွက် စတင်လှူဒါန်းပါမည်။

မှတ်ချက် ။ ။ ဆန်များသည် တစ်တင်း (၁၆-ပြည်) ၇၂ ပေါင် အိတ်များဖြစ်သည်။ ကျန်သည့် ၂၄ မြို့နယ်မှ ကျောင်းများသို့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးဌာနနှင့် သာသနာရေးဌာနများမှတဆင့် အရောက်ပို့ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်နေပါသည်။

သီတဂူဆရာတော်ကြီးနှင့်အတူ ပါဝင်ကုသိုလ်ပြုကြသည့် အလှူရှင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ယူဆောင်ရွက်ပေးကြသူများ၊ စေတနာ့ဝန်ထမ်းများ အားလုံးတို့ကို ကျေးဇူးဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

Compassion into Action!!

#သီတဂူ #sitagu #ဆန်အလှူတော် #ရန်ကုန်တိုင်း #ကရုဏာအလှူတော်

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူသာသနာပြုအဖွဲ့

Posted by သီတဂူသတင်း
Photo - သီတဂူကျော်ဆန်းဝင်း