စိမ်းလန်းသာယာဖို့ ထပ်မံကြိုးစားခွင့်ပြုပါ။
စိမ်းလန်းသာယာဖို့ ထပ်မံကြိုးစားခွင့်ပြုပါ။
မနှစ်က Clean Yangon ကနေပြီး မိတ်ဖက်ပရဟိတအသင်းများစွာနဲ့ Go Green Challenge လုပ်ခဲ့တာ မှတ်မိကြမယ်ထင်ပါတယ်။ တိုက်ကြီးမြို့၊ ချောင်းကျိူးကျေးရွာက၊ အာစိဏ္ဍသိရီပရဟိတကျောင်းဝန်းထဲ စိမ်းလန်းသာယာဖို့ကြိုးစားခဲ့ကြတာပါပဲ။
အပင်ကြီးအရွယ်စားအကြီးတွေကို ရွှေပြောင်းစိုက်ခဲ့ကြသလို အပင်ငယ်လေးတွေလည်း စုပေါင်းစိုက်ပျိူးခဲ့ကြပါတယ်။ ကုန်းပေါ်မှာစိုက်ခဲ့တဲ့ အပင်လေးတွေ ပုံပါအတိိုင်း ရာနှုန်းပြည့်ရှင်သန်ခဲ့ပေမယ့် မိုးများပြီး ရေဝပ်ခဲ့တဲ့နေရာတွေက အပင်တွေ သေဆုံးခဲ့ရလို့ အင်မတန်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
ဒီနှစ်မှာတော့ ပရဟိတကျောင်း ဦးဆောင်ဆရာတော်က ရေဝပ်ဧရိယာကို သိန်း (၂၀) ကျော်ခန့်အကုန်အကျခံ မြေဖို့ထားတာမို့ ကျွန်ုပ်တို့တွေ ဒီနေရာလေး စိမ်းလန်းသာယာဖို့ ထပ်မံကြိုးစားကြပါဦးမယ်။ စုပေါင်းသစ်ပင်စိုက်ပျိူးမယ့်ရက်ကို မကြာမီ ကြေငြာပေးပါ့မယ်။
#GoGreen #CleanYangon #GreenYangon #CleanMyanmar #GreenMyanmar

Myanmar
English