ခက်ခဲနေကြသူတွေကိုမြင်တဲ့အခါ ငါသာသူ့နေရာမှာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်ဖြစ်မိပါတယ်

ကိုဇေယျာထွန်းနဲ့ မသဉ္ဇာအေးတို့ နှစ်ဦးက ‘မင်္ဂလာပါ’ ပရဟိတအဖွဲ့ကို ၂၀၁၄ ခုနှစ်ကတည်းက တည်ထောင်ခဲ့ပြီး ငွေကြေးအခက်အခဲကြုံနေရတဲ့မိသား စုတွေနဲ့ သူတို့ရဲ့ကလေးငယ်တွေ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုရရှိဖို့၊ ပညာဆက်လက် သင် ကြားနိုင်ဖို့ကို ဆောင်ရွက်ပေးနေကြသူတွေပါ။

‘မင်္ဂလာပါ’ ပရဟိတအဖွဲ့က လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ တောင်ပေါ်ဒေသများမှာလည်း စာကြည့်တိုက်တွေ၊ စာသင်ကျောင်းတွေနဲ့ ရေတွင်းရေကန်တွေလည်း တည်ဆောက်လှူဒါန်းခဲ့ကြပါတယ်။ ဒါ့အပြင် ကိုဇေယျာထွန်းနဲ့ မသ ဉ္ဇာအေးတို့ဇနီးမောင်နှံက မြို့တော်တစ်ခွင်သန့်ရှင်းသာယာစေဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ အမှိုက်စနစ်တကျစွန့်ပစ်ရေး ပညာပေးအစီအစဉ်တွေပြုလုပ်ပေးခြင်း၊ အမှိုက်များကိုရှင်းလင်းပေးခြင်းတွေကို စေတနာလုပ်အားရှင်များအဖြစ်ဆောင်ရွက်ပေးနေတဲ့ Clean Yangon အဖွဲ့ရဲ့ တည်ထောင်သူအဖွဲ့ဝင်တွေလည်း ဖြစ်ပါတယ်။

လက်ရှိ COVID 19 ကြောင့် အလုပ်အကိုင်ခက်ခဲနေကြတဲ့ကာလမှာလည်း အမှန်တကယ်အကူအညီလိုအပ်နေကြသူများအတွက် ‘လိုရင်ခေါ်ပါ’ ဆိုတဲ့အစီအစဉ်လေးကို စတင်ခဲ့ပြီး သက် ကြီးရွယ်အိုနဲ့ မသန်စွမ်းသူတွေကို အဓိကထားကာ ဆန်ဆီစတဲ့ အခြေခံစားသောက်ကုန်တွေကို အိမ်တိုင်ရာရောက် ပေးပို့လှူဒါန်းနေကြပါတယ်။

“ခက်ခဲနေကြသူတွေကိုမြင်တဲ့ အခါ ငါသာသူ့နေရာမှာဆိုရင်..ဆိုတဲ့ ကိုယ်ချင်းစာစိတ်ဖြစ်မိပြီး အဲဒီစိတ်နဲ့ပဲ ဒီအလုပ်တွေစလုပ်ဖြစ်ခဲ့တာပါ။ ပင်ပန်းတဲ့အချိန်တွေရှိပေမယ့်လည်း အခုအချိန်ထိ မရပ်တမ်းရှေ့ဆက်လျောက်နေနိုင်တာကလည်း အဲဒီစိတ်ရဲ့တွန်းအားကြောင့်ပါပဲ။” လို့ ကိုဇေယျာထွန်းနဲ့ မသဉ္ဇာအေးတို့ဇနီးမောင်နှံကဆိုပါတယ်။ အားလုံးခက်ခဲနေကြတဲ့ကာမှာ လိုအပ်နေသူတွေအတွက် အားထားရအောင် ရပ်တည်ပေးတဲ့ သူရဲကောင်းတွေ ပဲမို့ ကျေးဇူးတင်ပါတယ်။

#ForTheHumanRace #CocaColaMyanmar