အခက်အခဲဆုံးအချိန်တွေမှာ အတူရှိနေမှာပါ။

အခုလိုအချိန်ဟာ အကုန်လုံးနီးပါး အကျပ်အတည်းကို ရင်ဆိုင်နေကြရတာပါ။

မြို့နယ်အစုံက အကူအညီတွေတောင်းကြတော့ ကိုယ်တွေဘက်ကလည်း တောင်းတာနဲ့ ချက်ချင်းရက်မခြားဘဲ ကူပေးချင်နေပြီ။ ​အစွန်အဖျားကမြို့နယ်တွေထိ အိမ်တိုင်ရာရောက် လိုက်ပို့ကြတော့ လမ်းရှာမရတဲ့ ပြဿနာနဲ့ ဒီရက်ပိုင်းကားကျပ်လာတဲ့ ပြဿနာကြောင့် အချိန်အတော်ကုန်တယ် ပြောရမယ်။

ဒီနေ့ဆိုတစ်ရက်တည်း မြို့နယ် (၂၀) အိမ်ပေါင်း (၁၀၀)ကျော်လောက်ကူပေးဖြစ်ပါတယ်။ မြို့နယ်အစုံသွားနိုင်ဖို့နဲ့ အကူအညီတောင်းလာရင် လျင်လျင်မြန်မြန် အရောက်ပို့နိုင်ဖို့ဆို သယ်ယူပို့ဆောင်ရေးက လိုလာပြီပေါ့ ကားလေးကိုယ်စီနဲ့ လာကူကြရင် အတော်ခရီးပေါက်နိုင်တယ်လို့တွေးမိတုန်း ဝိုင်းကူပေးကြတော့ အတော်အသင့် အဆင်ပြေသွားတယ်ပြောရမယ်။

လိုတဲ့သူတွေ တစ်ကယ့်ကို လိုနေကြတယ်။ ခက်ခဲနေတဲ့သူတွေ ထင်ထားတာထက် ပိုခက်ခဲနေကြတယ်။ တစ်ကယ့်ဘဝအကြောင်းတွေကို အပြင်ထွက်လေပိုသိရလေပါ။ လိုနေတဲ့သူတွေ၊ ခက်ခဲနေကြတဲ့သူတွေအတွက် အသင့်ရှိနေမယ့် Clean Yangon ပါ။

#လိုရင်ခေါ်ပါ ကျွန်တော်တို့ အမြန်ဆုံး အရောက်လာခဲ့ပါ့မယ်။

#CleanYangon #CleanMyanmar