လျှပ်စစ်ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များကိုလည်း ဖမ်းဆီးအရေးယူမည်

ရန်ကုန်မြို့ စည်ပင်သာယာနယ်နမိတ်အတွင်း ဆိုင်ကယ်စီးနင်းခွင့်မရှိသည့် မြို့နယ်များ၌ ဆိုင်ကယ်၊ လျှပ်စစ်ဆိုင်ကယ်နှင့် ဘေးတွဲဆိုင်ကယ်စီးနင်းမှုများအား ထိရောက်စွာ ဖမ်းဆီးအရေးယူလျက်ရှိရာတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ရက်သတ္တပတ် နှစ်ပတ်အတွင်း စီးရေ ၁၀၀၀ ကျော်ဖမ်းဆီး အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဇန်နဝါရီ ၂၀ ရက်တွင် သိရသည်။ ကိုဗစ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နမိတ်အတွင်း လုပ်ငန်းလိုင်စင်မရှိဘဲ တရားမဝင်ပြေးဆွဲနေသည့် ကြားကားများနှင့် လိုင်စင်မဲ့ဆိုင်ကယ်များ စီးနင်းမှု များပြားလာ၍ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သက်ဆိုင်ရာက အသိပေးထားရာ စည်ပင်သာယာနနမိတ်အတွင်း ဆိုင်ကယ်စီးနင်းမှု ဖမ်းဆီးရာတွင် စက်တပ်ယာဉ်အဖြစ် ဆိုင်ကယ်အုပ်စုတွင် ပါဝင်နေသည့် လျှပ်စစ်ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များကိုလည်း ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း သိရသည်။ Source - Myanmar Time