၂၀၂၁ ခုနှစ်အတွက် အဖွဲ့ဝင်များလက်ခံနေပါပြီ။

တစ်နေ့ (၁၀၀) ကျပ်ဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများမှာ အဖွဲ့ဝင်အဖြစ်ပါဝင်ကြရအောင် ကျွန်တော်တို့ Clean Yangon, Clean Myanmar မှ ၂၀၂၁ ခုနှစ်အတွက် အဖွဲ့ဝင်များလက်ခံနေပါပြီ။ ရန်ကုန်မြို့ကြီးသာမက မြန်မာနိုင်ငံတစ်ဝှမ်း သန့်ရှင်းသာယာစိမ်းလန်းစေဖို့ ကျွန်တော်တို့နဲ့အတူတူ ဆောင်ရွက်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ မန်ဘာဝင်တွေဟာ Clean Yangon ရဲ့ စဉ်ဆက်မပြတ်ပြုလုပ်နေတဲ့ ဆောင်ရွက်မှုတွေအပြင် အသိပညာပေးသင်တန်းများ နှင့် ဆွေးနွေးပွဲများနဲ့ အခါအားလျော်စွာပြုလုပ်မယ့် အလုပ်အကိုင်အခွင့်အလမ်း၊ စာပေပညာ ဗဟုသုတနဲ့ဆိုင်တဲ့ သင်တန်းတို့ ဆွေးနွေးပွဲတို့ကို ဦးစားပေး (အခမဲ့) တက်ရောက်နိုင်မှာဖြစ်ပါတယ်။ အမြဲတမ်းမန်ဘာတစ်ယောက်အနေနဲ့ လစဉ်ကြေး တစ်ရက် (၁၀၀) ကျပ်၊ တစ်လလျှင် (၃၀၀၀) ကျပ်နှုန်းနဲ့ အနည်းဆုံး (၃) လစာ (၉၀၀၀) ကျပ် သို့မဟုတ် (၆) လစာ (၁၈,၀၀၀) ကျပ်ကို အောက်ပါ အကောင့်များသို့ ပေးသွင်းရမှာဖြစ်ပါတယ်။ Wave Pay & KBZ Pay 09791964722 Htoo Myat Aung KBZ Bank 07630202103586402 Nwe Ni Win +2 AYA Bank 0080 222 0100 28472 Thinzar Aye +2 CB Bank 0063600100120235 Myo Nandar +2 အဆိုပါ ဘဏ်အကောင့်များသည် Clean Yangon ဘဏ္ဍာရေးအမှုဆောင် (၃) ဦးမှ ပူးတွဲဖွင့်လှစ်ထားခြင်းဖြစ်ပြီး (၂) ဦးအတည်ပြုမှသာ ငွေထုတ်ယူနိုင်သည့်စနစ်ကို အသုံးပြုထားခြင်းဖြစ်ပါသည်။ ငွေလွှဲပြီးပါက ငွေသွင်းချလံအား Clean Yangon Message သို့ပို့ပေးခြင်းဖြင့်ကူညီပါ။ လစဉ်အလှူရှင်များနဲ့ အမြဲတမ်းမန်ဘာဝင်များရဲ့ စုပေါင်းအင်အားတွေဟာ သန့်ရှင်းသာယာစိမ်းလန်းဖို့ အထောက်အပံ့ကောင်းတွေဖြစ်လာစေမှာပါ။ မြန်မာနိုင်ငံတစ်ဝှမ်း သန့်ရှင်းသာယာစိမ်းလန်းရေးအတွက် အနယ်နယ်အရပ်ရပ်မှ စေတနာ့ဝန်ထမ်းများရဲ့ စိတ်အားထက်သန်မှုဟာ ကျွန်တော်တို့အတွက် အားအင်တွေပါပဲ။ မန်ဘာဝင်မယ်ဆိုရင်ဖြင့် ကွန်းမန့်မှာ လင့်လေးပေးထားပါတယ် အဲ့လင့်ကနေ လိုအပ်တာတွေ ဖြည့်ကာ အဆင်ပြေတဲ့နည်းနဲ့ မန်ဘာကြေးသွင်းလိုက်ရုံပါပဲ။ မန်ဘာကြေးသွင်းပြီးကြောင်း Clean Yangon Page ရဲ့ မက်ဆေ့မှာတော့ လာပြပေးဖို့လိုပါတယ်။ ကျေးဇူးတင်ပါတယ်။ #TogetherWeCan #CleanYangon #CleanMyanmar