မျှဝေဖေးကူဒို့အတူ အစီအစဉ်လေး စတင်ဖြစ်ခဲ့ပုံ

COVID -19 ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် Stay Home ကာလအတွင်းမှာ လူစုလူဝေးမပြုလုပ်ဖို့၊ မလိုအပ်ဘဲ အပြင်မထွက်ဘဲ အိမ်မှာပဲနေဖို့စသည်တို့ကို WHO နှင့် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့က ကြေညာချက်ထုတ်ပြီးနောက်မှာ လူသွားလူလာ နည်းပါးလာသည့် ရန်ကုန်မြို့လမ်းမပေါ်က အိမ်ခြေရာမဲ့ သွားလာနေကျ တောင်းရမ်းစားသောက်သူများနှင့် သက်ကြီးရွယ်အိုများကို ကိုဗစ်ပထမ လှိုင်းမှာ ခေတ်သစ်ဖောင်ဒေးရှင်းနှင့်အတူ စတင်လှူဒါန်းမှုပြုခြင်းကနေပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အစီအစဉ်လေးက ပိုမိုကျယ်ပြန့်လာခဲ့ပြီး ကပ်ရောဂါကာလအတွင်းမှာ အားလုံးသော စီးပွားရေးများ ပိုမိုကျပ်တည်းလာကြသည့်အလျောက် လက်လုပ်လက်စားတို့၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိမှုတို့သည်လည်း ပိုမိုလျော့နည်းလာသည့်အတွက် တတ်နိုင်သည့်ဘက်က အခြေခံစားသုံးကုန်များကို လူသားချင်းစာနာသောအားဖြင့် တနိုင်တပိုင် လှူဒါန်းကြမည်ဆိုပြီး လက်လုပ်လက်စားများ နေထိုင်ရာ ကျူးကျော်ရပ်ကွက်များရှိ နေအိမ်များအထိ Clean Yangon ၏ စေတနာ့ဝန်ထမ်းများက သွားရောက်ကာ အိမ်တိုင်ရာရောက် လှူဒါန်းမှုပြုကြပါတယ်။ ယခုအခါ တစ်အိမ်ထောင်လျှင် ဆန်ခြောက်ပြည်၊ ဆီငါးဆယ်သား၊ စည်သွပ်ဘူး ၃ ဘူး၊ ပဲငါးဆယ်သား၊ ခေါက်ဆွဲခြောက်၊ ဆား၊ ကွေကာအုတ်- ကော်ဖီမစ်၊ မုန့်မျိုးစုံ၊ ဆပ်ပြာ၊ ဆေး Mask စသည်တို့ပါဝင်သည့် ငွေကျပ် ၁၅၀၀၀ ကျပ်ခန့် ကျသင့်သည့် အလှူပစ္စည်းတို့ကို လှူဒါန်းကြပြီး လက်ရှိတွင် အိမ်ထောင်စု (၁၅၀၀၀) နီးပါ:ကို မျှဝေခဲ့ပြီးဖြစ်ပါတယ်။

Clean Yangon စေတနာ့ဝန်ထမ်းများမှ လိုအပ်နေရာများသို့ နေ့စဉ်နီးပါး သွားရောက်မျှဝေနေသလို အလှူငွေများ ရရှိသလောက်ကို တိုးချဲ့လှူဒါန်းမှုပြုလုပ်လျှက်ရှိပါတယ်။ Clean Yangon [သန့်ရှင်းသော ရန်ကုန်] သည် ၂၀၁၇ ခုနှစ်၊ မေလ (၁၀) ရက်နေ့မှ စတင်ကာ စွန့်ပစ်အမှိုက်အသိပညာပေးရေးကို လူထုအားဖြင့် အင်တိုက် အားတိုက် ဆောင်ရွက်ခဲ့သည့်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး Clean Yangon မှသည် Clean Myanmar ဖြစ်စေဖို့ နယ်ပယ်စုံမှ စေတနာ့ဝန်ထမ်းအသင်းအဖွဲ့ပေါင်းစုံနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။ မိမိတို့နိုင်ငံကို သန့်ရှင်းသာယာလှပလိုသော လူကြီးလူငယ် အယုတ် အမြတ်မရွေး အားပေးထောက်ခံကူညီခဲ့ခြင်းက ပါဝင် ဆောင်ရွက်ခဲ့သော ကိုယ်ကျိုးမဖက် စေတနာ့ဝန်ထမ်းများအတွက် အမောပြေ ရေကြည်ရေအေးတစ်ပေါက် ဖြစ်စေလေသည်။ မူလရည်ရွယ်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသလို တိုင်းပြည်၏ လိုအပ်ချက်များကိုလည်း ဆက်လက်၍ တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် ရည်ရွယ်၍ ကပ်ရောဂါကာလအတွင်း တတ်နိုင်သည့်ဘက်မှ ပါဝင်ကြခြင်း ဖြစ်ပါသည်။ ယခု ဖေးမကူညီခြင်းအစီအစဉ်တွင် ပါဝင်ကူညီလိုပါက တစ်အိမ်ထောင်စာလျှင် (၁၅၀၀၀) ကျပ်နှုန်းဖြင့် ပါဝင် လှူဒါန်းနိုင်ပါကြောင်း သတင်းစကားပါးလိုပါသည်။

ကူညီလှူဒါန်းလိုသူများအနေဖြင့် အောက်ပါ ဘဏ်အကောင့်များသို့ ထည့်ဝင်လှူဒါန်းနိုင်ပါပြီ။

KBZ Bank 07630202103586402 Nwe Ni Win +2

AYA Bank 0080 222 0100 28472 Thinzar Aye+2

CB Bank 0063600100120235 Myo Nandar +2

MAB Bank 0020135002032818028

Clean Yangon Wave Pay (Account) - 09791964722

KBZ Pay - 09791964722 (Htoo Myat Aung) ဘဏ်အကောင့်သို့ အလှူငွေများလှူဒါန်းပြီးပါကငွေသွင်းချလံအား Clean Yangon မက်ဆေ့သို့ အလှူရှင်နာမည်၊ လှုဒါန်းလိုသည့်အကြောင်းအရာနှင့်တကွပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များမှာ - 09 799 670 914, 09 791964722 တို့ ဖြစ်ပါသည်။

#TogetherWeCan

#CleanYangon

#CleanMyanmar