ကိုဗစ်ကာလ လမ်းပေါ်မှာအိမ်ခြေရာမဲ့ များပြားလာ

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လက်လုပ်လက်စားအခြေခံလုပ်သားတွေ များစွာရှိနေပြီးအိမ်ခြေရာမဲ့ ဖြစ်နေတဲ့ မိသားစုတွေလဲများပြားလှပါတယ်။

အဲဒီလိုအဆင်မပြေမှုတွေနဲ့ နေ့စဉ်ရုန်းကန်နေကြရတဲ့ သူတွေကြားထဲကို covid-19 ရောဂါဆိုးကြီး ဝင်ရောက်လာချိန်မှာတော့ လက်လုပ်လက်စားအိမ်ငှားနေထိုင်ရသူတချို့ အိမ်ခြေရာမဲ့ဘဝထဲကို တိုးလို့ ဝင်ခဲ့ကြရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၊ ကြည့်မြင်တိုင်မြို့နယ်အတွင်း မီးရထားသံလမ်းဘေးနဲ့ တံတားအောက်နေရာတွေကို အိမ်အမှတ်နဲ့ အခြေချခိုလှုံနေရတဲ့ အိမ်ခြေရာမဲ့တွေ ပိုများလာပါတယ်။ အဲဒီလိုသံလမ်းဘေးနေထိုင်တဲ့ သူတွေထဲမှာ ကုန်ထမ်းသမားတွေ၊ တရုတ်ပြည်က ပြန်လည်ရောက်ရှိလာသူတွေနဲ့ ဆေးရုံးကဆင်းပြီးချိန် ကိုဗစ်ကာလဖြစ်တာကြောင့် နေရပ်ပြန်လို့မရတဲ့ သူတွေ ပါဝင်နေပါတယ်။

ဒီလို အခြေအနေအရ ရထားဘူတာတွေ၊ ခုံးကျော်တံတားအောက်နေရာတွေမှာ နေထိုင်နေကြရတဲ့သူတွေဟာ ပရဟိတအဖွဲ့တွေဆီက အလှူအတန်း ရောက်မလာတဲ့နေ့တွေမှာ ဝမ်းရေးကို အဆင်ပြေသလိုဖြေရှင်းနေကြရတယ်လို့ သိရပါတယ်။

Photo – Ye Naung @News Watch