မြန်မာနိုင်ငံသားမှန်သမျှ သိသင့်တဲ့ ဗဟုသုတလေးပါ

 မြန်မာနိင်ငံသည် အာရှတိုက်၏ အရှေ ့တောင်ဖက် ဒေသတွင် တည်ရှိသည် ။ ဧရိယာ စတုရန်းမိုင် ၂၆၁၂၂၈ ကျယ်၀န်းပြီး အရှေ့တောင် အာရှဒေသတွင် ၊ ဒုတိယဧရိယာ အကြီးဆုံး နှင့် ၊ ကမ္ဘာပေါ်ရှိနိင်ငံများထဲတွင် ဧရိယာ အကျယ်ဆုံး အဆင့် ၄၀ - မြောက် နိင်ငံ ဖြစ်သည် ။ . . မြန်မာနိင်ငံ၏ တည်နေရာသည် မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၃၂ မိနစ်မှ ၂၈ ဒီဂရီ ၃၁ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁ဝ မိနစ်မှ ၁ဝ၁ ဒီဂရီ ၁၁ မိနစ်ကြားတွင် တည်ရှိသည် ။

နိင်ငံဧရိယာ၏ ၉၆.၉၄% မှာ ကုန်းမြေများဖြစ်ပြီး ၊ မြစ်ချောင်း အင်းအိုင် ထဲမှ ရေပြင်ဧရိယာ များမှာ နိင်ငံဧရိယာ၏ ၃.၀၆% သာ ရှိ သည် ။ 

နယ်နမိတ်

✴✴✴ ✴✴

မြန်မာနိင်ငံ နှင့် အိမ်နီးချင်းနိင်ငံများ ထိစပ်နေသည့် နယ်နမိတ် ကုန်းမြေများမှ အရှည်မိုင် ၄၀၅၃ - မိုင် အထိရှိသည် ။ ထို အထဲတွင် ဘင်္ဂလားဒေရှ် နိင်ငံ နှင့် ၁၆၈ -မိုင် ၊ အိန္ဒိယ နိင်ငံ နှင့် ၉၁၂ - မိုင် ၊ တရုတ်နိင်ငံ နှင့် ၁၃၂၃ -မိုင် ၊ လာအိုနိင်ငံ နှင့် ၁၄၈ - မိုင် ၊ ထိုင်းနိင်ငံ နှင့် ၁၅၀၁ - မိုင် တည်ရှိသည် ။ ကမ်းရိုးတမ်း အရှည်မိုင် ၁၂၀၀ ရှိ ပြီး အိန္ဒိယ သမုဒ္ဒရာ၏ ဆက်စပ် ပင်လယ်များဖြစ်သည့် ဘင်္ဂလားပင်လယ် ၊ ကပ္ပလီပင်လယ် (Andaman sea ) တို့တည် မြန်မာနိင်ငံ၏ ဆက်စပ် ပင်လယ်များ ဖြစ်သည် ။

တောင်တန်းများ

✴✴✴✴✴✴✴✴✴

မြန်မာနိင်ငံ၏ အလယ်ပိုင်းဒေသ အများစု သည် မြေပြန့်လွင်ပြင်ဒေသဖြစ်ပြီး ၊ ထိုမြေပြန့်လွင်ပြင် များကို တောင်တန်းများမှ ကာဆီးထားသည် ။


နောက်ဖက် ရခိုင်ရိုးမတောင်တန်း

⏹⏹⏹⏹⏹⏹⏹⏹⏹⏹⏹⏹

မြန်မာနိင်ငံ အနောက်ဖက်ရှိ ရခိုင်ရိုးမ တောင်တန်းသည် အိန္ဒိယနိင်ငံ မဏိပူရ ပြည်နယ်မှ စတင်ကာ ၊ မော်တင်စွန်း အငူနားအထိ တည်ရှိသည် ။ ရခိုင်ရိုးမ ထဲတွင် ရခိုင်ရိုးမတောင်တန်း နှင့်အတူ နာဂ တောင်တန်းများ ၊ ချင်းတောင်တန်းများလဲ ပါ၀င်သည် ။ 

 https://m.facebook.com/story.php?story_fbid=2060506857548472&id=1535937653338731


 မြောက်ဖက်ရှိ တောင်တန်းများ

⏹⏹⏹⏹⏹⏹⏹⏹⏹

မြန်မာနိင်ငံမြောက်ဖက် ကချင်ပြည်နယ်တွင် မြန်မာနိင်ငံ၏ အမြင့်မားဆုံး တောင်တန်းများ တည်ရှိ သည် ။ ဟိမ၀န ္တာတောင်တန်း၏ ဆက်စပ်တောင်တန်း များ ၊ Kumon range ( ကချင်တောင်တန်း ) နှင့် တရုတ်နိင်ငံ တိဘက်ကုန်းမြေမြင့် နှင့် ဆက်စပ်နေသည့် Hengduan တောင်တန်းများ သည် ကချင်ပြည်နယ်ထဲတွင်တည်ရှိသည် ။

အလယ်ပိုင်းရှိ တောင်တန်းများ

⏹⏹⏹⏹⏹⏹⏹⏹⏹⏹

မြန်မာနိင်ငံအလယ်ပိုင်း ချင်းတွင်းမြစ်ဝှမ်း နှင့် စစ်တောင်းမြစ်ဝှမ်း ဒေသများ တွင် ဇီးဖြူတောင်တန်း ၊ မင်းဝံတောင်တန်း ၊ မှန်ကင်းတောင်တန်း နှင့် ဂန့်ဂေါတောင်တန်း စသည့် တောင်တန်းငယ် များ တည်ရှိသည် ။ . . မြန်မာနိင်ငံ အလယ်ပိုင်း ရှိ ပဲခူးရိုးမတောင်တန်းသည် ဧရာ၀တီမြစ် နှင့် စစ်တောင်းမြစ်ကြားရှိ တောင်တန်း နိမ့် ဖြစ်ကာ မြောက်မှ တောင်သို့မိုင် ၂၀၀ - ကျော် ရှည်လျှားသည် ။ ပုပွားတောင်သည် ပဲခူးရိုးမတောင်တန်း၏ မြောက်ဖက် အစွန်ဆုံးဒေသမှ တောင်ထွတ်ဖြစ်ပြီး တောင်ဘက် အစွန်ဆုံး သည် ရန်ကုန်မြို့မြောက်ဖက်အနီးထိ တည်ရှိကာ ရန်ကုန်မြို့တွင် တောင်ပူစာ ကလေးများ အဖြစ် ဖြာဆင်း လာခဲ့သည် ။

အရှေ့ဖက်ရှိ ရှမ်းကုန်းမြေမြင့်

⏹⏹⏹⏹⏹⏹⏹⏹⏹

မြန်မာနိင်ငံ အရှေ ့ဖက်တွင် ရှမ်းကုန်းမြေမြင့်တည်ရှိသည် ။ ရှမ်းကုန်းမြေမြင့် ဒေသတွင် တရုတ် ယူနန်ဒေသ ၊ မြန်မာနိင်ငံ အရှေ ့ဖျားဒေသ နှင့် ထိုင်း နိင်ငံ အနောက်မြောက်ဒေသ များ ပါ၀င်သည် ။ ရှမ်းကုန်းမြေမြင့်သည် ပင်လယ်ရေ မျက်နှာပြင်မှ အမြင့်ပေ ၃၀၀၀ မှ ၄၀၀၀ အတွင်း တည်ရှိသည် ။ ရှမ်းကုန်းမြေမြင့်ဒေသတွင် တောင်တန်း ၊ တောင်စွယ်များစွာ နှင့် ကျဉ်းမြောင်းသည့် တောင်ကြား valleys ဒေသ များ စွာ တည်ရှိသည် ။ ဧရာ၀တီ ၊ စစ်တောင်း ၊ သံလွင် နှင့် Chao Phraya မြစ် များ၏ မြစ်သွယ် ၊ မြစ်လက်တက်များသည် ရှမ်းကုန်းမြေမြင့် အား ဖြတ်ကျော် စီးဆင်းသွားကြသဖြင့် နေရာ အနှံ့တွင် တောင်ကြား ဒေသ များ ကို တွေ့ရှိနိင်သည် ။


တောင်ဖက်ရှိ တောင်တန်းများ

⏹⏹⏹⏹⏹⏹⏹⏹⏹

မြန်မာနိင်ငံတောင်ဖက်ဒေသများတွင် ရှမ်းကုန်းမြေမြင့် နှင့် ဆက်စပ်နေသည့် ကရင်တောင်တန်း ၊ ဒေါနတောင်တန်း နှင့် တနင်္သာရီ တောင်တန်းများတည်ရှိသည် ။


ထင်ရှားသည့် တောင်ထိပ်များ

✴✴✴ ✴✴✴ ✴✴✴ ✴✴✴ ✴

ခါကာဘိုရာဇီ

⏹⏹⏹⏹⏹

မြန်မာနိင်ငံ၏ အမြင့်ဆုံးတောင်ဖြစ်သည် ။ ပေပေါင်း ၁၉၂၉၆ - ပေ ရှိပြီး မြန်မာနိင်ငံမြောက်ဖက် ဟိမ၀န ္တာတောင်တန်း၏ ဆက်စပ်တောင်တန်းပေါ်တွင် တည်ရှိသည် ။ . . https://m.facebook.com/story.php?story_fbid=2125405724391918&id=1535937653338731


ဂန်လန်ရာဇီ

⏹⏹⏹⏹

ဒုတိယ အမြင့်ဆုံးတောင်ဖြစ်ပြီး အမြင့်ပေ ၁၉၂၆၀ ရှိကာ မြန်မာနိင်ငံမြောက်ဖက် ဟိမ၀န ္တာ တောင်တန်း၏ ဆက်စပ် တောင်တန်းပေါ်တွင် တည်ရှိသည် ။


စာရာမေတိတောင်

⏹⏹⏹⏹⏹⏹

အမြင့် ၁၂၅၅၂ - ပေ ရှိပြီး နာဂ တောင်တန်းပေါ်တွင် တည်ရှိသည် ။

နတ်မတောင်

⏹⏹⏹⏹

အမြင့်ပေ ၁၀၀၇၀ ရှိပြီး ချင်းပြည်နယ် ကန်ပက်လက်မြို့အနီးတွင်တည်ရှိသည် ။ ထိုတောင်အား တချိန်က ဝိတိုရိယ တောင် ဟုခေါ်သည် ။

နတ်တောင်

⏹⏹⏹

အမြင့်ပေ ၈၆၀၆ ရှိပြီး ကရင်ပြည်နယ် သံတောင်ကြီး မြို့နယ်တွင် တည်ရှိသည် ။

မယ်လတောင်

⏹⏹⏹

အမြင့်ပေ ၆၈၂၀ ရှိပြီး ကရင်ပြည်နယ် လှိုင်းဘွဲ့မြို ့နယ်တွင် တည်ရှိသည် ။

မြင့်မိုလက်ခတ်တောင်

⏹⏹⏹⏹⏹⏹⏹

အမြင့် ပေ ၆၇၉၈ ရှိပြီး တနင်္သာရီ တောင်တန်းပေါ်တွင် တည်ရှိသည် ။

 ပုပွါးတောင်

⏹⏹⏹

အမြင့်ပေ ၄၉၈၀ ရှိပြီး မန ္တလေးတိုင်း ၊ ညောင်ဦးခရိုင် ၊ ကျောက်ပန်းတောင်းမြို့နယ်တွင် တည်ရှိသည် ။ ထိုတောင်သည် ပဲခူးရိုးမ၏ မြောက်ဖက်အစွန်းတွင် သီးခြားထိုးထွက်နေသည့် မီးတောင်ဟောင်း ဖြစ်သည် ။

 မြစ်များ

✴✴✴✴

ဧရာဝတီမြစ်

⏹⏹⏹⏹⏹

ဧရာ၀တီမြစ်သည် ၁၃၇၃ - မိုင်ရှည်လျှားပြီး မြန်မာနိင်ငံ၏ အဓိကမြစ်ကြီးတစင်း ဖြစ်ပြီး ၊ မြန်မာနိင်ငံမြောက်ဖက်မှ စတင်စီးဆင်းကာ ၊ အလယ်ပိုင်း ဒေသကိုဖြတ်ကျော်ပြီး မုတ္တမ ပင်လယ်ကွေ့ထဲသို့ စီး၀င်သည် ။ . https://m.facebook.com/story.php?story_fbid=2059199631012528&id=1535937653338731 .

ချင်းတွင်းမြစ်

⏹⏹⏹

ချင်းတွင်းမြစ်သည် အရှည်မိုင် ၇၅၀ အထိရှိပြီး မြန်မာနိင်ငံမြောက်ပိုင်း ဟူးကောင်းတောင်တန်း ပေါ်တွင် မြစ်ဖျားခံကာ ၊ ဟူးကောင်းတောင်ကြားကို ဖြတ်ကျော်ပြီး မြန်မာနိင်ငံ အလယ်ပိုင်း မြင်းခြံမြို့ အနီးတွင် ဧရာ၀တီမြစ်နှင့် လာရောက် ပေါင်းဆုံသည့် အကြီးဆုံးမြစ်လက်တက် ဖြစ်သည် ။

မူးမြစ် ၊ မြစ်ငယ်မြစ်

⏹⏹⏹⏹⏹⏹

မူးမြစ် ၊ မြစ်ငယ်မြစ်များသည် ဧရာ၀တီမြစ်နှင့် လာဆုံသည့် မြန်မာနိင်ငံ အလယ်ပိုင်းဒေသမှ မြစ်ငယ် များ ဖြစ်ကြသည် ။

သံလွင်မြစ်

⏹⏹⏹

သံလွင်မြစ်သည် တရုတ်နိင်ငံ တိဖက်ကုန်းမြေမြင့်မှ မြစ်ဖြားခံကာ ရှမ်းကုန်းမြေမြင့် ဒေသကို ဖြတ်ကျော်ပြီး မုတ္တမပင်လယ်ကွေ့ သို့ စီး၀င်သည် ။ . https://m.facebook.com/story.php?story_fbid=2059088434356981&id=1535937653338731 .

မဲခေါင်မြစ်

⏹⏹⏹

မဲခေါင်မြစ်သည် မြန်မာနိင်ငံနှင့် လာအိုနိင်ငံအကြား နယ်နမိတ်အဖြစ် တည်ရှိသည် ။ 

စစ်တောင်းမြစ်

⏹⏹⏹⏹⏹

စစ်တောင်းမြစ်သည် အရှည် ၂၆၁ - မိုင်ရှိပြီး ရှမ်းကုန်းမြေမြင့်တော်ဖက် အစွန်ဒေသမှ မြစ်ဖျားခံကာပဲခူးတိုင်းကိုဖြတ်ကျော်ပြီး မုတ္တမ ပင်လယ် ကွေ့ထဲသို့စီးဝင်သည် ။

တောင်ဖက်ဒေသရှိမြစ်များ

⏹⏹⏹⏹⏹⏹⏹⏹

ရေးမြစ် ၊ Heinze မြစ် ၊ ထား၀ယ်မြစ် ၊ တနင်္သာရီမြစ် နှင့် လေညာမြစ်များသည် မြန်မာနိင်ငံ၏ တောင်ဖက်ပိုင်းတွင် တည်ရှိပြီး တောင်တန်းများမှ မြစ်ဖျားခံကာ ကပ္ပလီပင်လယ်ထဲသို့ စီး၀င်သည် ။ . . Kraburi မြစ်သည် ထိုင်း နှင့် မြန်မာနိင်ငံအကြား နယ်နမိတ်အဖြစ်စတင်စီးဆင်းသည် ။


ရေအိုင်များ

✴✴✴✴✴✴

အင်းတော်ကြီးအိုင်

⏹⏹⏹⏹⏹⏹ 

အင်းတော်ကြီး ရေအိုင်သည် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် တည်ရှိပြီး ဧရိယာ စတုရန်းမိုင် ၃၁၄ .၆၇ အထိ ကျယ်၀န်းကာ မြန်မာနိင်ငံရှိ အကြီးဆုံးရေ ကန်ဖြစ်သည် ။

အင်းလေးကန်

⏹⏹⏹⏹⏹

အင်းလေးကန်သည် ရှမ်းကုန်းမြေမြင့်ဒေသတွင်တည်ရှိသည့် မြန်မာနိင်ငံ၏ ထင်ရှားသည့် ရေကန်တခု ဖြစ်သည် ။ ဤရေကန်သည် တဖြည်းဖြည်းတိမ်ကောလာနေသည့် ရေကန်ဟု မှတ်တမ်းများမှဆိုသည် ။ .

ကျွန်းများ

✴✴✴✴✴✴

 ရမ်းဗြဲကျွန်း

⏹⏹⏹⏹

ရမ်းဗြဲကျွန်းသည် မြန်မာနိင်ငံ၏ အကြီးဆုံးကျွန်းဖြစ်သည် ။ ရခိုင်ကမ်းရိုးတမ်း၏ အလယ်ခန့်တွင် တည်ရှိကာ အရှည် မိုင် ၅၀ ၊ အနံ မိုင် ၂၀ ခန့်ရှိကာ ဧရိယာစတုရန်းမိုင် ၅၂၀ ခန့် ကျယ်၀န်း သည် ။ ကျောက်ဖြူမြို့ ၊ ရမ်းဗြဲမြို့ ၊ စနဲ့မြို့ များသည် ထိုကျွန်းပေါ်တွင်တည်ရှိသည် ။ . https://m.facebook.com/story.php?story_fbid=2126460664286424&id=1535937653338731 .

မန်အောင်ကျွန်း

⏹⏹⏹⏹⏹

မန်အောင်ကျွန်းသည် ရမ်းဗြဲကျွန်းနှင့် ၆.၂ မိုင်ခန့်သာ ကွာဝေးပြီး နီးကပ်စွာတည်ရှိသည့် ရခိုင်ကမ်းရိုးတမ်းဒေသမှ ထင်ရှားသည့် ကျွန်းတကျွန်းဖြစ်သည် ။ မာန်အောင်ကျွန်းသည် စတုရန်းမိုင် ၂၅၀ - ခန့်သာ ကျယ်၀န်းကာ အနောက်မြောက် မှ အရှေ့တောင် ဖက်သို့ အရှည် ၁၇ -မိုင် ခန့် သွယ်တန်းနေသည် ။ မန်အောင်မြို့သည် မန်အောင်ကျွန်းပေါ်တွင်တည်ရှိသည် ။ . https://m.facebook.com/story.php?story_fbid=2274094912856331&id=1535937653338731 .

ကိုကိုးကျွန်းစု

⏹⏹⏹⏹⏹

ကိုကိုးကျွန်းစုသည် ကျွန်းငယ်ပေါင်း ၁၂ - ကျွန်းရှိပြီး ဘင်္ဂလားပင်လယ် နှင့် ကပ္ပလီပင်လယ်အကြားတည်ရှိသည့် မြန်မာအပိုင် ကျွန်းအစုအဝေးဖြစ်သည် ။ ကိုကိုးကျွန်းသည် ရန်ကုန်မြို့မှ မိုင် ၂၂၀ ခန့် အကွာတွင် တည်ရှိပြီး ၊ ရန်ကုန်တိုင်း၏ မြို့နယ် တခုဖြစ်သည် ။

မြိတ်ကျွန်းစု

⏹⏹⏹

မြိတ်ကျွန်းစုသည် တနင်္သာရီတိုင်းဒေသကြီးတွင်ပါ၀င်ကာ မြန်မာနိင်ငံ၏တောင်ဖက် ဘင်္ဂလားပင်လယ်ထဲမှ ကျွန်းအစုအဝေးဖြစ်သည် ။ တခါတရံ ပသျှူးကျွန်းစု များဟုလဲ ခေါ်ဆို ကြသည် ။ အရွယ်အစား အမျိုးမျိုးရှိသည့် ကျွန်းငယ်ပေါင်း ၈၀၀ - ကျော်ရှိပြီး ထိုအထဲတွင် ကတန်းကျွန်းမှာ အကြီးဆုံးဖြစ်သည် ။ . . . မှတ်ချက် ….Source . .. Internet Academy စာမျက်နှာမှ ပြန်လည်မျှဝေပါတယ်။

#CleanYangon

#CleanMyanmar