ရန်ကုန်မြို့က လိမ္မော်ရောင် မြေအောက်သူရဲကောင်းများ

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာရှိတဲ့ ပင်မမြေအောက်ရေမြောင်းကြီးဟာ နှစ်ကာလကြာရှည်စွာတည်ရှိခဲ့ပြီး စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုတွေကြောင့် မြေအောက်ရေမြောင်းဟာ ရေစီးရေလာကောင်းမွန်ခြင်းမရှိတော့ဘဲ စည်းကမ်းမဲ့အမှိုက်တွေနဲ့ ပိတ်ဆို့နေခဲ့ပါတယ်။

အဲ့ဒီလို အမှိုက်ပိတ်ဆို့နေမှုတွေကိုလည်း ဆယ်ယူရှင်းလင်းခြင်းမရှိတာလည်း နှစ်ပေါင်းများစွာရှိပြီလို့လည်း သိရပါတယ်။ အခုတော့ အဲ့ဒီနှစ်ပေါင်းများစွာ ပိတ်ဆို့နေတဲ့ စည်းကမ်းမဲ့အမှိုက်တွေကို ရှင်းလင်းမယ့် လိမ္မော်ရောင်သူရဲကောင်း(ဝါ)သန့်ရှင်းရေးလုပ်သားတွေ ပေါ်ထွက်လာပါတယ်။

သူတို့ဟာ မြေအောက် ၇ ပေခန့်အကွာမှာရှိပြီး အမှိုက်နှင့်ရေဆိုးရေညစ်များ ပြည့်နေတဲ့ မြေအောက်ရေမြောင်းအတွင်းမှာ ရင်ဘတ်မြုပ်၊ဦးခေါင်းဖော်ရုံဖြင့် အမှိုက်တွေကိုရှင်းလင်း၊ ဆယ်ယူနေပါတယ်။

ပေ ၁၆၀၀ ရှည်တဲ့မြေအောက်မြောင်းရဲ့ အတွင်းပိုင်းဟာ မှောင်မဲနေသလို အောက်စီဂျင်ရရှိမှုလည်း နည်းပါးပါတယ်။ ဒါကြောင့် အခက်အခဲတွေကြားထဲ ပင်းပန်းစွာ အမှိုက်ရှင်းလင်းနေတဲ့သူတို့ကို ရန်ကုန်မြို့က လိမ္မော်ရောင်မြေအောက်သူရဲကောင်းများလို့ ဂုဏ်ပြုရင်း ရိုက်ကူးတင်ဆက်လိုက်ပါတယ်။

 ■ဓာတ်ပုံ - ကြည်နိုင်၊ မျိုးထွန်း Eleven Media မှ ကူးယူဖော်ပြပါတယ်
 #CleanYangon #CleanMyanmar