စနစ်ဆိုးကြောင့် ပျက်ခဲ့ကြတဲ့ စိတ်ဓါတ်ဆိုးတွေကိုပါ ကောက်ပေး ရှင်းပေး

နာမည်ကြီးချင်လို့ လာတဲ့သူမပါဘူး၊ အခွင့်အရေး လိုချင်လို့ လာတဲ့သူမပါဘူး။

ကိုယ့်မြို့ကိုချစ်တဲ့စိတ်၊ သန့်ရှင်းစေလိုတဲ့ စိတ်စေတနာတွေကြောင့် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့ကြသူကြီးပါပဲ။

ကိုယ့်နေတဲ့မြို့အတွက်၊ ကိုယ့်နိုင်ငံအတွက် နိုင်တဲ့ နေရာက ကူမယ်ဆိုတဲ့ စိတ်နဲ့ပဲ စခဲ့ကြတာ။ ကိုယ့်နိုင်ငံ သာယာလှပဖို့ အတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ် ဆိုတာမျိုးပဲ လူတိုင်းမှာ ဖြစ်ပေါ်လာစေချင်တာ ပြည်သူကော ဝန်ထမ်းကော အယောက်စီတိုင်း ကိုယ့်တာဝန် ကိုယ်ကျေကြစေဖို့ကို အဓိကလိုလားပါတယ်။

​ကျွန်တော်တို့ အမှိုက်တွေပဲ ကောက်နေတာ အမှိုက်ပဲ ရှင်းနေတာ မဟုတ်ပါဘူး။ ကြီးကြီးကျယ်ကျယ်ပြောရရင် စနစ်ဆိုးကြောင့် ပျက်ခဲ့ကြတဲ့ စိတ်ဓါတ်ဆိုးတွေကိုပါ ကောက်ပေး ရှင်းပေးနေကြတာပါ။

လက်ခုပ်ပဲတီးတီး လက်ညှိုးပဲထိုးထိုး လုပ်သင့်တာကို လုပ်နိုင်သလောက် ကိုယ့်ခွန်ကိုယ့်အားလေးနဲ့ ဆက်လုပ်နေကြဦးမှာပဲ။

 #CleanYangon #CleanMyanmar