ပုလင်းပုံစံ အမှိုက်ပုံးကြီးများ ထားရှိသွားမည်

အခုလိုဆွဲဆောင်မှုရှိတဲ့ အမှိုက်ပုံးများရှိနေခြင်းက စွန့်ပစ်အမှိုက်များကို အမှိုက်ပုံးထဲရောက်စေဖို့ နည်းလမ်းတစ်ခုဖြစ်လာစေမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ သန့်ရှင်းသောမြန်မာအစီအစဉ်အတွက် Clean Yangon (သန့်ရှင်းသောရန်ကုန်) မှ ကာလတန်ဖိုး (၈) သိန်းကျပ်တန်ဖိုးရှိသော ပုလင်းပုံစံအမှိုက်ပုံးကြီးများအား Clean Yangon မှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ ယနေ့တွင် သွားရောက်လှူဒါန်းခဲ့ပါတယ်။ အဆိုပါ ပုလင်းပုံစံအမှိုက်ပုံးကြီးများအား အင်းလျားကန်ဘောင် (ပြည်လမ်းနှင့်ကမ္ဘာအေးဘုရားလမ်း) တို့တွင် အများပြည်သူများအတွက် စည်ပင်သာယာရေးကော်မတီမှ ထားရှိပေးသွားမည်ဖြစ်ပါတယ်။ Clean Yangon သို့လှူဒါန်းပေးထားသည့် ပြည်တွင်း/ပြည်ပမှ စေတနာရှင်များ သက်ရှည်သန့်ရှင်း၊ ဘေးရန်ကင်း ကောင်းကျိူးဝေဆာ ပြည့်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်။

#TogetherWeCan

#CleanYangon

#CleanMyanmar