အမှိုက်နဲ့ဘဝ ဓါတ်ပုံပြိုင်ပွဲ

ပြိုင်ပွဲဝင်ပုံများ စတင်လက်ခံနေပါပြီ။ Clean Yangon နှင့် Enervon-C တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပါတယ်။

#ရည်ရွယ်ချက်

၁. စွန့်ပစ်အမှိုက်ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများအား သတိပြုဆင်ခြင်နိုင်စေရန်

၂. စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ လျော့နည်းပပျောက်စေရန်

၃. နိုင်ငံတဝှမ်းသန့်ရှင်းသာယာလှပလာစေရန်

၄. လူသားတိုင်း ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်ကြစေရန်

#ဆုကြေးငွေ

- ပထမဆု - (၇) သိန်းကျပ်

- ဒုတိယဆု - (၅) သိန်းကျပ်

- တတိယဆု - (၃) သိန်းကျပ်

- လူကြိုက်အများဆုံးဆု - (၁) သိန်းကျပ် + Enervon-C (၃) လစာ

- နှစ်သိမ့်ဆု (၁၀) ဆု - (၅) သောင်းကျပ် + Enervon-C (၃) လစာ

#ပြိုင်ပွဲအစီအစဉ် 

- ဓါတ်ပုံဆိုဒ် - 12x18 လက်မ

- လက်ခံမည့်အရေအတွက် - ပြိုင်ပွဲဝင်တစ်ဦးလျှင် (၃) ပုံအများဆုံး

ဓါတ်ပုံများလက်ခံမည့်ကာလ - သြဂုတ်လ (၁) ရက်မှ သြဂုတ်လ (၂၀) ရက်နေ့ထိ

ဆုရွေးချယ်ကြေငြာမည့်နေ့ - ပြန်လည်ကြေငြာပေးမည်။ ဓါတ်ပုံပညာရှင်များမှ အကဲဖြတ်ဆုရွေးချယ်သွားမှာ ဖြစ်ပါတယ်။

#ပြိုင်ပွဲစည်းကမ်းချက်များ

- ပြိုင်ပွဲဝင်တဦးလျှင် ပြိုင်ပွဲဝင်ဓာတ်ပုံ 12"x18" အရွယ်(၃)ပုံ ပေးပို့ ယှဉ်ပြိုင်နိုင်သည်။

- ပြိုင်ပွဲဝင်ပုံများပေးပို့ရာတွင် မူရင်းဖိုင်ဖြစ်သော Raw, Tiff , Jpeg ပုံများအား မိမိအမည်ဖြင့် Folder တည်ဆောက်၍ CD ဖြင့်ပါ ပြိုင်ပွဲလက္ခံမည့် နောက်ဆုံးရက်မတိုင်မီ ပေးပို့ရမည်ဖြစ်သည်။

- မည်သည့်ကင်မရာ အမျိုးအစားဖြင့်မဆို ဝင်ပြိုင်ခွင့်ရှိသော်လည်း ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ထားသော ပုံများ မဖြစ်ရပါ။ ဝင်ပြိုင်မည့်ပုံများသည် ၂၀၂၀ ခုနှစ်အတွင်းရိုက်ကူးထားသော ပုံများသာဖြစ်ရမည်။

- ပြည်တွင်း/ပြည်ပ ပြိုင်ပွဲများတွင် ဆုရဖူးသောပုံများနှင့် စီးပွားရေးကြော်ငြာများ၊ ပုံနှိပ်ထုတ်ဝေမီဒီယာများ နှင့် Web Page များတွင် အသုံးပြုပြီးသော ပုံများမဖြစ်ရပါ။

- ပြိုင်ပွဲဓာတ်ပုံများအား ၂၀၂၀၊ သြဂုတ်လ (၂၀) ရက်နောက်ဆုံးထား၍ မည့်သည့်နည်းလမ်းဖြင့်မဆို အရောက် ပေးပို့ရမည်ဖြစ်သည်။ (ပေးပို့ရမည့်လိပ်စာအား ဖော်ပြပေးထားမည်။)

- ပြိုင်ပွဲဝင်ဓာတ်ပုံများအား အကဲဖြတ်ဒိုင်သူကြီးများမှ စီစစ်၍ ပထမ(၁)ဆု ၊ ဒုတိယ(၁) ၊ တတိယ (၁) ၊ နှစ်သိမ့်ဆု (၁၀) ဆုအပြင် ၊ People Choice award (၁)ဆု အား ပေးအပ်သွားမည်ဖြစ်သည်။

- People Choice Award ရွေးချယ်ရာတွင် Clean Yangon ၏ Official Page မှ တင်သည့် စကာတင်ပုံများထဲမှ Love Reaction အများဆုံးအား ရွေးချယ်သွားမည်ဖြစ်သည်။

- ပြိုင်ပွဲဝင်ဓာတ်ပုံများအား မိမိ၏မူပိုင်ဓာတ်ပုံဖြစ်ကြောင်း ပြိုင်ပွဲဝင်ဘက်မှ တာဝန်ယူရမည်ဖြစ်သည်။

- ပြိုင်ပွဲကာလအတွင်း တစ်စုံတရာ အငြင်းပွားမှုပေါ်ပေါက်ပါက Clean Yangon ၏ အဆုံးအဖြတ်သာ အတည် ဖြစ်ပါမည်။

- ပြိုင်ပွဲတွင်ဆုရရှိသော ဓာတ်ပုံများအား တခြားသောစီးပွားရေးလုပ်ငန်းများ၊ ပြိုင်ပွဲများတွင်အသုံးပြုခြင်းမပြုရ။

- ပြိုင်ပွဲဆုရရှိသော ဓါတ်ပုံများအား Clean Yangon ၏ အသိပညာပေးအစီအစဉ်များတွင် အသုံးပြုရန် ပြိုင်ပွဲဝင်သူမှ ခွင့်ပြုပြီး ဖြစ်ရမည်။

- တခြားသောပြိုင်ပွဲများတွင် ဝင်ပြိုင်ထားဖူးသော ပြိုင်ပွဲဝင်ပုံများအား လက္ခံမည်မဟုတ်ပါ။


ပေးပို့ရမည့်လိပ်စာ:   Soccer House Cafe

ဝေဇယန္တာလမ်းမ၊ သုဝဏ္ဏဘောလုံးကွင်းအရှေ့၊ National Football Academy ဘေး