အမျိုးသားသွေးဌာနသည် ဆေးရုံများရှိ လူနာများလိုအပ်နေသော သွေးယူနစ်များကို ထောက်ပံ့ပေးလျက်ရှိပါသည်။

ယခုအခါ AB, သွေးများ လျော့နည်းလာပါ သဖြင့် လူနာများအတွက် သွေးလိုအပ်မှုများ ဖြည့်ဆည်းပေးနိုင်ရန် AB သွေးအုပ်စုပိုင်ရှင်များမှ မိမိတို့အားလပ်ချိန်များတွင် အမျိုးသားသွေးဌာနသို့ လာရောက်ကူညီ ထောက်ပံ့ပေးနိုင်ပါရန် နိုးဆော်အပ်ပါသည်။ ကျန်သွေးအုပ်စုများလည်း လိုအပ်လျက်ရှိပါသည်။

နေ့စဉ် ပိတ်ရက်မရှိ မနက် ၈ နာရီမှ ည ၇ နာရီအထိ လာရောက်လှူဒါန်းနိုင်ပါသည်။ လှူဒါန်းနိုင်မည့်နေရာ။ အမျိုးသားသွေးဌာန၊ ရန်ကုန်။ ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်။

Ph. 01-372753 www.donatebloodmyanmar.org မှာကြိုတင်ဆက်သွယ်လှူဒါန်းနိုင်ပါသည်။