ကျောင်းသုံးဗလာစာအုပ်တွေကို အရောက်ပို့ဆောင်သွားပါ့မယ်

မကြာမီကျောင်းတွေဖွင့်တော့မယ်။ မြန်မာပြည်အနှံ့က ကျောင်းနေအရွယ်ကလေးတွေဆီ ကျောင်းသုံးဗလာစာအုပ်တွေကို အရောက်ပို့ဆောင်သွားပါ့မယ်။ Clean Yangon ကို အလှူခံထားတဲ့ အဖွဲ့အစည်းတွေကနေတစ်ဆင့် ပေးပို့သွားဖို့ ကျွန်တော်တို့ စတင်ပြင်ဆင်နေပါပြီ။ လိုအပ်သမျှမဖြည့်ဆည်းနိုင်ပေမယ့် တတ်နိုင်သမျှတော့ ကြိုးစားဆောင်ရွက်နေပါတယ်။ လက်ရှိအနေအထားအရတော့ ကလေးပေါင်း (၈၀၀၀) ကျော်ကို မျှဝေနိုင်မှာပါ။ #မျှဝေခြင်းသည်မေတ္တာ #CleanYangon #CleanMyanmar