မျှဝေခြင်းသည်မေတ္တာ

ဒီလိုခက်ခဲတဲ့နေရာတွေ တစ်ကယ်ရှိပါတယ်။ ​ ကားလမ်းကြောင်းအပြင် လှေတစ်နာရီခွဲကျော်စီးပီး တောလမ်းကို မိနစ် (၃၀) ကျော် ခက်ခက်ခဲခဲလျှောက်ပြီးမှ ရောက်ခဲ့ရတဲ့ ရဲနွယ်ဆည်တွင်းက မိသားစုတွေဆီ ကျွန်တော်တို့တွေ အရောက်လှမ်းခဲ့ကြပါတယ်။ ဆည်တွင်းရှိ မိသားစုများ၊ ကျောင်းနေအရွယ်ကလေးငယ်များအတွက် စားနပ်ရိက္ခာများ၊ ကျောင်းသုံးပစ္စည်းများ နှင့် အသုံးအဆောင်ပစ္စည်းများ၊ဆရာ/ဆရာမများအတွက် မေတ္တာလက်ဆောင်များအား Clean Yangon နှင့် ပရဟိတမိတ်ဆွေများစုပေါင်းကာ ၁၂.၇.၂၀၂၀ တွင် ကိုယ်တိုင်ကိုယ်ကျ သွားရောက်မျှဝေခဲ့ပါတယ်။ #မျှဝေခြင်းသည်မေတ္တာ #CleanYangon #CleanMyanmar