ကပ်ဘေးလွန်ကမ္ဘာရဲ့ အလွမ်းဇာတ်

ကိုဗစ်ကပ်ရောဂါကာလအတွင်း တတိယမြောက် ထွက်ရှိလာတဲ့ ဒေါက်တာမြင့်ဇော်ရဲ့ စာအုပ်အသစ် ဖြစ်ပါတယ်။

ဥတုရာသီ ပြောင်းလဲမှုအရေးဟာ သဘာဝဝန်းကျင်သမားတွေရဲ့ အရေး မဟုတ်တော့ပါဘူး။ ဒီမိုကရေစီသမားတွေရဲ့ အရေးပါ။ လူ့အခွင့်အရေးသမားတွေရဲ့ အရေးပါ။ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးသမားတွေရဲ့ အရေးပါ။ မြေယာသမားတွေရဲဝံ့ အရေးပါ။ စားနပ်ရိက္ခာသမားတွေရဲ့ အရေးပါ။ ဆင်းရဲမှုပပျောက်ရေးသမားတွေရဲ့ အရေးပါ။ ပြည်သူအားလုံးရဲ့ အရေးပါ။

စာအုပ်မှာ အခန်း (၁၂) ခန်း ပါဝင်ပါတယ်။

  • ရေခဲတောင် ဈာပန
  • ကြုံနေရတဲ့ အလွမ်းဇာတ်
  • ဒီကို ဘယ်လိုရောက်လာခဲ့သလဲ
  • အသည်းကွဲ မြန်မာပြည်
  • အလျော်အစား
  • ပိရမစ်ဆောက်သူများ
  • ငိုဖို့မေ့နေတဲ့ အလွမ်းဇာတ်
  • အမွေဆိုးများရဲ့ ဒဏ်
  • စစ်မီးတောက်များ
  • စိတ်ပျက်ပြားမှု အနုပညာ
  • ဘာကို ရွေးမလဲ
  • ချောင်းမကြီးထဲမှာ – တို့ဖြစ်ပါတယ်။

ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါတော့ လူသားရဲ့ အလွမ်းဇာတ်တွေဟာ ဘာတွေလဲဆိုတာ ဆင်ခြင်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။

သာလာယံကနေတစ်ဆင့် ယခုစာအုပ်ကို PDF အနေဖြင့် Online မှ ဖြန့်ချိလိုက်ပါတယ်။

မိတ်ဆွေများအားလုံးအတွက် ဝေမျှပေးလိုက်ပါရစေ။

သာလာယံမီဒီယာ၏ စာအုပ်များအကြောင်း

ကပ်ဘေးလွန်ကမ္ဘာရဲ့ အလွမ်းဇာတ်များ – ဒေါက်တာမြင့်ဇော်