သင်ကိုယ်တိုင်က စည်းကမ်းမဲ့ အမှိုက်ပစ်ချတာကို ဆန့်ကျင်တယ်ဆိုရင်

မိတ်ဆွေ သန့်ရှင်းသပ်ရပ်ပြီးနေချင်စဖွယ်ကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခုဟာ သင့်ကိုစိတ်ရောကိုယ်ပါ ကျန်းမာအောင် များစွာအထောက်အကူပြု လို့လူတိုင်းနှစ်သက်ကြပါတယ်။

ညစ်ပတ်ပေရည်ပြီး အနံ့ဆိုး ထွက်နေသော ပတ်ဝန်းကျင်ကိုတော့ တွေးကြည့်တာနဲ့တင်မည်သူ မျှလိုလားကြမှာမဟုတ်ပါ။ ဒါပေမဲ့ သင်ဖြစ်ချင်တဲ့ပတ်ဝန်းကျင် မျိုးကိုသင်ကိုယ်တိုင်ပဲဖန်တီးတာဖြစ်ပါတယ်။ နေ့စဉ်နှင့်အမျှ သင်သွားလာလှုပ်ရှား နေသောနေရာ တွေမှာ သင်သတိထား၍သော်လည်းကောင်း သတိမထား မိ၍သော်လည်းကောင်း အမှိုက်တစ်စပြစ်ချထားခဲ့ပြီး သင့်လိုလူအယောက် ၁၀၀ / ၁၀၀၀ / ၁၀၀၀၀ လောက်ကလဲ ထိုကဲ့သို့ လွယ်လွယ်ကူကူ ပြစ်ချထားခဲ့ရင် အမှိုက်တွေရှုတ်ပွ မျက်စိနဲ့မြင်လို့လဲမကောင်း သွားလာနေသူတွေလဲစိတ်အနှောက်အရှက်ဖြစ် ပြီးလူအထင်သေးစရာ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာမှာပါ။

အရင်တစ်ခါ online မှာကြည့်လိုက်ရပါတယ် ရန်ကုန်မြို့လယ်ခေါင်မီးပွိုင့်မှာ ကားအကောင်းစားစီးပြီး အမှိုက်ကိုအထုပ်လိုက် အားရပါးရလမ်းပေါ်ပစ်ပစ်ချတာ ဘေးကစက်ဘီးစီးလာတဲ့ နိုင်ငံခြားသားက ပြန်ကောက်ပြီးကားပေါ်ပြန်တင်ပေးလိုက်တာ၊ အဲတာကြည့်ခြင်းအားဖြင့် တစ်ချို့လူတွေဟာနေရာတိုင်း အမှိုက်ချလို့ရတာပဲဆိုပြီး အားရပါးရပစ်ချကြတာပါ။

အဲဒီအမှိုက်တွေကြောင့် မြို့တော်အလှပျက်ပြီး ကိုယ့်ကိုလဲလူအထင်သေးမယ် ဆိုတာမတွေးမိကြပါဘူး။ အခုဆို နိုင်ငံအပြောင်းအလဲတွေ ကြောင့်နိုင်ငံခြားဧည့်သည်တွေ ဝင်လာရင် ဘယ်နေရာကြည့်ကြည့်သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နဲ့ ကိုယ့်နိုင်ငံအလှကို ကမ္ဘ္ဘာကသိအောင် ပြဖို့အကောင်းဆုံးအချိန်ပါ။

သင်ကိုယ်တိုင်ကဦးဆောင်ပြီး စည်းကမ်းတကျအမှိုက်ပစ် ခြင်းအားဖြင့် သင့်ပတ်ဝန်းကျင် သာယာလှပရုံသာမက နိုင်ငံ့ဂုဏ်ကိုပါမြှင့်တင်ပေးရာ ရောက်ပါတယ်။ အဲ့တာကြောင့် သင့်အမှိုက်တစ်စကို စည်းကမ်းမဲ့တစ်ကြိမ်တစ်ခါပဲဆိုပြီး ပစ်လိုက်ပေမဲ့ လူတိုင်းအဲလိုပဲတွေး ပြီးပြစ်ကြမယ်ဆိုရင် ကြီးမားတဲ့သက်ရောက်မှု ရှိလို့ အမှိုက်ပစ်ခါနီးတိုင်း သတိဆောင်ကြပါလို့ တိုက်တွန်းအပ်ပါတယ်။

သင်ကိုယ်တိုင်ကလဲ စည်းကမ်းမဲ့အမှိုက်ပစ်ချတာကို ဆန့်ကျင့်ချင်တယ်ဆိုရင်ဤ post ကို လွတ်လပ်စွာshare နိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျား။
Credit - Original Uploader
#CleanYangon #CleanMyanmar