ကမ္ဘာမြေချစ်သူ သူရဲကောင်း

ဒီနေ့ ပြင်သစ်အခြေစိုက် AFP သတင်းဌာနက Eco Brick စာကြည့်တိုက်အကြောင်းကို လာပီး မှတ်တမ်းတင်တယ်။
မှတ်တမ်းတင်ပြီးနောက် လူငယ်တစ်ယောက်လောက်ကို အင်တာဗျူးမေးခဲ့တယ်။ စေတနာ့ဝန်ထမ်းထဲက လူငယ်လေးတစ်ယောက်က ဘာဖြေလဲဆိုတော့ Eco Brick တစ်လုံးရဖို့အတွက် လွယ်မယ်ထင်ရပေမယ့် အတော်မလွယ်မှန်း တစ်ကယ်လုပ်ကြည့်မှ သိနိုင်ပါတယ်တဲ့ ဒါပေမယ့် ဒီတစ်လုံးစာလေးက ကမ္ဘာမြေအပေါ် ပလတ်စတစ်ညစ်ညမ်းမှုမဖြစ်စေဖို့ အတော်အသင့်ကူညီပေးနိုင်ပါတယ်တဲ့ Clean Yangon က ဆောက်လုပ်နေတဲ့ စာကြည့်တိုက်အတွင်းမှာ eco brick အလုံး (၅၀၀၀) လောက်ပါဝင်မှာဖြစ်သလို eco brick တစ်လုံးရဖို့ဆိုရင် တစ်နာရီကျော်လောက် အချိန်ပေးရပါတယ်။ နာရီပေါင်း (၅၀၀၀) က တစ်ဦးတစ်ယောက်တည်းအတွက် ဆို ရက်ပေါင်း (၂၀၀) ကျော်မယ်။ နယ်ပယ်စုံက စေတနာ့ဝန်ထမ်းတွေစုစည်းပြီး (၂) လနီးပါးဆောင်ရွက်ခဲ့ပြီးနောက် နာရီပေါင်း (၅၀၀၀) စာ Eco brick အလုံး (၅၀၀၀) ရရှိပါတော့မယ်

။ တစ်ချို့တွေဆိုရင် လှိုင်သာယာ၊ မင်္ဂလာဒုံ၊ တောင်ဒဂုံအစရှိသဖြင့် နေရာစုံကနေ ကိုယ့်စားရိတ်ကိုယ်စိုက်ပီး လုပ်အား လာကူနေကြတာ ရက်ပေါင်း (၆၀) နီးပါးပဲ တော်ရုံစိတ်ဓါတ်၊ တော်ရုံဇွဲသတ္တိနဲ့တော့ ဒီလိုနေ့စဉ် လာရောက်ပီး လုပ်အားပေးဖို့ ဘယ်ဖြစ်နိုင်မလဲ လေးစား ဦးညွှတ်ပါတယ်။

ကမ္ဘာမြေချစ်သူ သူရဲကောင်းလေးတို့ရေ ပိုကောင်းတဲ့ အနာဂတ်ဖြစ်စေဖို့အတွက် ပစ္စုပ္ပန်ကာလမှာပိုပီးအားစိုက်ကြမယ်လေ အားလုံးအတူတူပေါ့ #ecobrick #TogetherWeCan #CleanYangon #CleanMyanmar
Myanmar
English