ပလတ်စတစ်လျှော့ချရေးဇာတ်လမ်း

#ပလတ်စတစ်လျှော့ချရေးဇာတ်လမ်း ပလတ်စတစ် လျှော့ချရေး နှင့် ပတ်သက်၍ ယခုနှစ်ပိုင်းအ တွင်း အဖွဲ့အစည်းများက အမှိုက် ကောက်လှုပ်ရှားမှုများ၊ စွန့်ပစ်အ မှိုက်လျှော့ချရေး ပညာပေးအစီ အစဉ်များ၊ သင်တန်းများ၊ ပြပွဲ ပြိုင်ပွဲများ၊ အခမ်းအနားများစသ ဖြင့် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်နေကြသည်ကို တွေ့ ရသည်။ Clean Yangon အဖွဲ့ အစည်းက အစပြုပြီး Clean Pathein၊ Clean Mandalay၊ Clean Kalaw စသဖြင့် Clean နှင့် မြို့နာမည်နှင့် တွဲထားသော အဖွဲ့များ မြို့တော်တော်များများ တွင် ပေါ်ထွက်လာခဲ့သည်။ သန့် ရှင်းသောမြို့များ၊ တစ်နိုင်ငံလုံး တွင် ရှိလာလျှင် သန့်ရှင်းသော နိုင်ငံဖြစ်လာမည်။ ထို့ကြောင့် Clean အဖွဲ့များကို ကြိုဆိုသည်။ ထပ်မံ ပေါ်ပေါက်လာမည့်အဖွဲ့ များကိုလည်း ဆက်လက်မျှော် လင့်ကြိုဆိုနေပါသည်။ စွန့်ပစ်အမှိုက်များနှင့်ပတ်သက်ပြီး ဆောင်ရွက်နေသော အဖွဲ့များ၏ စွမ်းဆောင်မှုကြောင့် ကလေးငယ်များနှင့် ပြည်သူအချို့ မှာ အသိပညာဗဟုသုတ ရရှိသွား ပြီး အမှိုက်ကို စနစ်တကျ စွန့်ပစ် တတ်လာခဲ့သည်။ သို့သော် ထို အသိုက်အဝန်းက လူနည်းစုဖြစ် နေသည်။ လူများစုကတော့ အမှိုက်ကို စည်းမဲ့ကမ်းမဲ့ စွန့် ပစ်နေဆဲဖြစ်သည်။ လိုင်းကား ပေါ်ကနေ အမှိုက်ပစ်သည်။ကွမ်း တံတွေးထွေးသည်။ တက္ကစီပေါ် ကနေ အမှိုက်ပစ်သည်။ ကွမ်းတံ တွေးထွေးသည်။ ကိုယ်ပိုင်ကား ပေါ်ကနေ အမှိုက်ပစ်သည်။ ကွမ်းတံတွေး ထွေးသည်။ လူမျိုး ဘာသာ မရွေး၊ ဆင်းရဲချမ်းသာ မရွေး၊ ပညာတတ်၊ မတတ် မရွေး လူများစုက အမှိုက်ပစ်သည်။ ကွမ်းတံတွေး ထွေးသည်။ (စည်း ကမ်းမဲ့ လုပ်ဆောင်သူများကိုသာ ဆိုလိုရင်း ဖြစ်သည်။ အမှိုက်ကို စနစ်တကျ စွန့်ပစ်သော၊ ကွမ်း တံတွေးကို စနစ်တကျ ထွေးသော စည်းကမ်းရှိသူများကိုတော့ ရွှေ လက် အလေးပြုပါသည်။) အခမ်းအနားများ၊ ပွဲလမ်း သဘင်များ၊ ပျော်ပွဲရွှင်ပွဲများ ပြု လုပ်အပြီးတွင် အမှိုက်များ စည်း ကမ်းမဲ့ စွန့်ပစ်ထားခဲ့သည်ကို မြင်မကောင်းအောင် တွေ့နေရမြဲ ဖြစ်သည်။ ထိုအခမ်းအနားအ များစုသည် ငွေကြေးချမ်းသာ သော၊ ပညာတတ်လူတန်းစား များ တက်ရောက်သော ဘွဲ့နှင်း သဘင်၊ အကယ်ဒမီပေးပွဲကဲ့သို့ အခမ်းအနားများဖြစ်နေခြင်းက အံ့သြစရာလည်းကောင်း၊ ဝမ်း နည်းစရာလည်း ကောင်းပါသည်။ ထိုဖြစ်စဉ်များကို ကြည့်ပြီး ‘အ မှိုက်လျှော့ချရေး ဆောင်ရွက်တဲ့ နေရာမှာ ဆင်းရဲတာ၊ ချမ်းသာ တာ၊ ပညာတတ်တာ၊ မတတ် တာတွေက အရေးမကြီးဘူး။ အ သိတရားရှိဖို့ပဲ အရေးကြီးပါ တယ်’ဟု ရွှေလက်မှတ်ချက်ချမိ သည်။ ထို့ကြောင့် စွန့်ပစ်အမှိုက် လျှော့ချရေး ဆောင်ရွက်ရာတွင် လူအများ အသိတရားရှိလာစေ ရန်အတွက် အသိပညာပေးတန် ပေး၊ အရေးယူအပြစ်ပေးတန်ပေး ဖို့လိုသည်။ ထိထိရောက်ရောက် ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့ လိုသည်။ စွန့်ပစ်အမှိုက် လျှော့ချရေး အကြောင်းများကို ရွှေလက် တွေးနေစဉ်မှာပင် စွန့်ပစ်အမှိုက် လျှော့ချရေးအတွက် လူတစ်ဦး ချင်းစီ၏ တစ်နိုင်တစ်ပိုင် လုပ် ဆောင်မှုများက ခေါင်းထဲ တိုးဝင် လာသည်။ တစ်ရက် ရွှေလက် အ လုပ်လုပ်ရာ သတင်းစာတိုက်ရှိရာ လမ်းထိပ်ကားဂိတ်တွင် သူငယ် ချင်း တစ်ယောက်နှင့်တွေ့သည်။ သူငယ်ချင်းနှင့်အတူ ရုံးသို့ လမ်း လျှောက်သွားရင်း သူငယ်ချင်းဖြစ် သူက ‘‘ခဏကွာ၊ ထမင်းကြော် ဝယ်လိုက်ဦးမယ်’’ ဟု ဆိုပြီး ထ မင်းကြော်ဆိုင်ထဲ ဝင်သွားသည်။ ရွှေလက်လည်း ယောင်တောင် ပေါင်တောင်ဖြင့် သူ့နောက်က လိုက်သွားသည်။ ထမင်းကြော် ဆိုင်ထဲရောက်တော့ သူကထမင်း ကြော်ပါဆယ်တစ်ပွဲ မှာသည်။ အဲသည်မှာ ထူးခြားတာကထမင်း ကြော်ကို စက္ကူဘူးလေးဖြင့် သပ်သပ်ရပ်ရပ် ထုပ်ပိုးပေးခြင်း ဖြစ်သည်။ ဖော့ဘူးများကို လုံး၀ သုံးစွဲစရာမလိုတော့ပေ။ သို့သော် လည်း ဟင်းကို ပလတ်စတစ်အိတ် ဖြင့် ထည့်နေရသလို ထမင်းဘူး ကိုလည်း ပလတ်စတစ်အိတ်နှင့် ပင် ထည့်ပေးနေရသည်။ရွှေလက် ကလည်း ‘စက္ကူဘူးဖြင့် ထမင်း ထည့်သလို ဟင်းကိုလည်း ပလတ်စတစ်မသုံးဘဲ တစ်ခုခုဖြင့် ထည့်ပေးနိုင်အောင် လုပ်ဆောင် လျှင် အလွန်ကောင်းမွန်ကြောင်း’ အာချောင်ခဲ့သေးသည်။ ယခုနောက်ပိုင်းတွင် ပလတ် စတစ်ဘူး၊ ဖော့ဘူးများနေရာ တွင် စက္ကူ၊ ကွမ်းသီးဖက်၊ ငှက် ပျောရွက်၊ ဝါးစသည်တို့ကိုအစား ထိုးအသုံးပြုနိုင်ရန် ကြိုးစားလာ ကြသည်။ လူတစ်ဦးချင်းစီက လည်း ဈေးဝယ်ထွက်ရာတွင် ဆွဲ ခြင်းနှင့် ချည်အိတ်များကို ဆောင် သွားပြီး ဆိုင်က ပလတ်စတစ် အိတ်များကို ငြင်းပယ်လာကြ သည်။ ပလတ်စတစ်ရေသန့်ဘူး ကို အသုံးမပြုဘဲ ကိုယ်ပိုင်ဖန်ရေ ဘူး အသုံးပြုခြင်း၊ အပြင်မှအစား အသောက်များ ပါဆယ်ဝယ်ပါက အိမ်မှ ထည့်စရာယူသွားခြင်း၊ အစားအစာများ စားသုံးရာတွင် ဝါးတူ (တစ်ခါသုံးတူ)များကို သုံး စွဲခြင်းမပြုဘဲ လက်ဖြင့် အစားအ စာကို စားခြင်း၊ ဇွန်းခက်ရင်းဖြင့် စားခြင်းတို့ကို လုပ်ဆောင်လာ ခဲ့ကြသည်။ အချို့စားသောက် ဆိုင်များတွင် ပလတ်စတစ် လျှော့ချရေး ဆောင်ရွက်မှုများ ပြုလုပ်လာသကဲ့သို့ လူသုံးကုန် ပစ္စည်း အရောင်းဆိုင်အချို့တွင် ပစ္စည်းထည့်သည့် အိတ်များကို ပလတ်စတစ်မသုံးဘဲ စက္ကူအိတ် များ၊ ချည်အိတ်များ၊ ပြန်လည် အသုံးပြု၍ရသော အိတ်များကို အသုံးပြုလာကြသည်။

City Mart ဆိုင်များတွင်လည်း လစဉ် ၅ ရက် နေ့နှင့် Marketplace by City Mart ဆိုင်များတွင် လစဉ်နောက် ဆုံးပတ် တနင်္လာနေ့နှင့် အင်္ဂါနေ့ တို့တွင် No Plastic Bag Day အ စီအစဉ်ပြုလုပ်ကာ ပလတ်စတစ် အသုံးပြုမှုလျှော့ချသည့် လှုပ်ရှား မှုများပြုလုပ်လျက်ရှိကြောင်း သိ ရသည်။ သို့သော်လည်း ထိုလုပ် ဆောင်မှုများသည် ထင်သ လောက် ခရီးမရောက်ခဲ့ပေ။ အ ဘယ်ကြောင့် ခရီးမရောက်ရသ နည်း။ သည်နေရာတွင် ရွှေလက် ရင်းနှီးသော အိမ်ရှင်မများကို တွေ့ဆုံမေးမြန်းရာမှ သိရသည် များကို ဖောက်သည်ချလိုပါသည်။ ‘‘ကျွန်မတို့လည်း ပလတ်စတစ်ကို ဘယ်သုံးချင်မလဲ။ ဈေးကို ချည် အိတ်နဲ့ သွားတာပဲဖြစ်ဖြစ်၊ ဆွဲ ခြင်းနဲ့ သွားတာပဲဖြစ်ဖြစ် အခက် အခဲတွေ ရှိပါတယ်။ ဥပမာ- အ သားငါးတွေ၊ အညှီတို့၊အရည်တို့ ကျနိုင်တဲ့ဟာတွေနဲ့ တခြားအ စားအစာတွေ၊ ဟင်းသီးဟင်းရွက် တွေ၊ ကုန်ခြောက်တွေစသဖြင့် ရောထည့်လို့ မဖြစ်နိုင်ဘူး။ အဲဒီ တော့ အသားငါးတွေကို ပလတ် စတစ်အိတ်နဲ့ မထည့်လို့မရ တော့ဘူး။ ထည့်ရတယ်။ အဲဒါကို ဘယ်လိုလုပ်လို့ရမလဲ နည်းလမ်း တွေ ပေးနိုင်ရင်တော့သိပ်ကောင်း ပါတယ်။ ကျွန်မတို့ရော၊ မျိုးဆက် တွေရော အန္တရာယ်ရှိမယ့်ကိစ္စကို မလုပ်ချင်ပါဘူး’’ ဟု အိမ်ရှင်မ တစ်ဦးက ပြောသည်။ ရွှေလက် ပင် စကားများဆွံ့အသွားရသည်။ ဟုတ်သည်၊ သည်အခက်အခဲကို ရွှေလက်တို့ ဖြေရှင်းပေးဖို့လိုလိမ့် မည်။ ‘‘ကျွန်မတို့က အပြင်သွား တိုင်း ချိုင့်ကြီးဆွဲသွားဖို့၊ ရေခွက် အပို၊ ဘူးအပိုတွေယူသွားဖို့ မဖြစ် နိုင်ဘူးလေ။ ကိုယ်ပိုင်ကားနဲ့ သွား ရတာ ဆိုရင်လည်း တစ်မျိုးပေါ့။ အဲဒီတော့ အပြင်ကအပြန်မှာအိမ် အတွက် စားစရာ၊ သောက်စရာ လေးဝယ်ချင်တယ်။ ဘာနဲ့ထည့် ရမလဲ။ ပလတ်စတစ်အိတ်နဲ့ ထည့်ရတာပဲ။ တစ်ခါတလေ ပူ လွန်း တဲ့ အစားအစာတွေတောင် ပလတ်စတစ်အိတ်နဲ့ ထည့်သယ် လာရသေးတယ်။ ပလတ်စတစ် ဆိုးကျိုးတွေ၊ မကောင်းတာတွေ သိသင့်သလောက်တော့ သိ တယ်။ လျှော့နိုင်သလောက်တော့ လျှော့ကြည့်တယ်။ ဒါပေမဲ့ အဲဒီ လိုကိစ္စမျိုးတွေကျတော့ ဘယ်လို လုပ်မလဲ’’ ဟု နောက်ထပ်အိမ် ရှင်မတစ်ယောက်က ရင်ဖွင့်လာ သည်။ ရွှေလက် ဆွံ့အသွားရပြန် သည်။ တစ်ခါတလေ ရွှေလက် တောင် အဲသည်လို လုပ်ခဲ့ရတာ ကို မြင်ယောင်ပြီး ရှက်သွားမိ သည်။ ရွှေလက် မေးခွန်းများကို သူတို့က အကျိုးသင့်အကြောင်း သင့်ပြန်ဖြေကြသော်လည်း သူတို့ အခက်အခဲများအတွက် ရွှေလက် အဖြေပြန်မပေးနိုင်ခဲ့တာကို အ လွန်အားနာမိပါသည်။ ပလတ်စ တစ်လျှော့ချရေးကို အားသွန်ခွန် စိုက် လုပ်ဆောင်နေသူများ၊ အဖွဲ့ အစည်းများ ဖြေရှင်းနိုင်လျှင် ဖြေ ရှင်းပေးစေချင်ပါသည်။ ‘‘ကျွန်မက ပလတ်စတစ်ဆိုး ကျိုးတွေကို မသိဘူးရှင့်။ နောက် ပြီး ကျွန်မတစ်ယောက်တည်း ဒါ တွေ လုပ်နေတော့လည်း ဘာထူး လာမှာလဲ။ ကျွန်မတို့မှာ တစ်နေ့ တစ်နေ့ ဈေးသွားနိုင်အောင် မ နည်းကြိုးစားနေရတာ။ ဆွဲခြင်းတွေ၊ ချည်အိတ်တွေ စဉ်းစားနေဖို့ အချိန်မရှိဘူး။ အခု ဆရာပြောမှ ဒီပလတ်စတစ်ဆိုးကျိုးတွေကို သိရတာ။ ဒါတွေကို လျှော့ချရမယ်လို့ နားလည်ရတာ။ အဲဒါမျိုးတွေသိပြီး ဘယ်လိုလျှော့ချရမလဲ။ နောက်ပြီးလျှော့ချရမယ့်နည်းလမ်းတွေကလည်း ကျွန်မတို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ဖို့ လို သေးတယ်လေ’’ဟု အိမ်ရှင်မ တစ်ယောက်က ဆိုလာပြန်သည်။ ရွှေလက် တတ်နိုင်သလောက် ပြောပြခဲ့ပြီး မတတ်နိုင်သည်များ ကိုတော့ လျစ်လျူရှုခဲ့ရသည်။ ရွှေလက်ကိုယ်တိုင်ပင် ပလတ် စတစ် လျှော့ချရေးအတွက် အ ပြည့်အဝမလုပ်ဆောင်နိုင်သေး သည်ကိုလည်း သတိထားလိုက် မိသည်။ ရွှေလက်တို့နိုင်ငံတွင် ပ လတ်စတစ် လျှော့ချရေးအတွက် ပြောဆိုဆောင်ရွက်နေကြသော် လည်း ထိုသို့ ဆောင်ရွက်နိုင်ရန်အ တွက် အဆင်သင့်မဖြစ်သေးသည် များလည်းရှိနေပြန်သည်။ အမှိုက် ပုံးများ လုံလောက်စွာ မထားနိုင် ခြင်း၊ အမှိုက်ပုံးများမှ အမှိုက်များ ကို အလျင်မီအောင် မသိမ်းဆည်း နိုင်သေးခြင်း၊ လူတစ်ဦးချင်းစီတွင် ကိုယ့်အမှိုက်ကိုယ်သိမ်းရမည်ဟူ သော အသိတရားများ နည်းပါး နေခြင်း၊ နိုင်ငံတော်အစိုးရကိုယ် တိုင် စွန့်ပစ်အမှိုက်လျှော့ချရေး တွင် ပါဝင်ပတ်သက်မှု အားနည်း ခြင်း၊ ပလတ်စတစ် လျှော့ချရမည် ပြောပြီး ပလတ်စတစ်ပစ္စည်းများ ပိတ်ပင်တားဆီးမှု မပြုလုပ်ခြင်း၊ ပလတ်စတစ်အစားထိုး အသုံးပြု နိုင်ရေးအတွက် အင်တိုက်အား တိုက်ဆောင်ရွက်မှု မရှိခြင်းတွေ က ပလတ်စတစ်လျှော့ချရေး ဇာတ်လမ်းကို အဆုံးမသတ်နိုင် ဖြစ်နေရသည်။ မြန်မာနိုင်ငံတွင် ပလတ်စတစ်လျှော့ချရေးနှင့်ပတ် သက်ပြီး ပြောဆိုရေးသားနေရုံ၊ လှုပ်ရှားမှုများ၊ အခမ်းအနားများ ပြုလုပ်နေရုံ၊ အမှိုက်ကောက်ပြနေ ရုံဖြင့် လုပ်ဆောင်၍ မရနိုင်ပေ။



အထက်တွင် ဖော်ပြခဲ့သည့် အ ခက်အခဲ၊ ပြဿနာများကို နိုင်ငံ တော်အစိုးရဦးဆောင်မှု၊ အဖွဲ့ အစည်းများ၊ ပြည်သူများပူးပေါင်း ဆောင်ရွက်မှုဖြင့် ဖြေရှင်းဆောင် ရွက်နိုင်မှသာလျှင် ပလတ်စတစ် ကို ပီပီပြင်ပြင် လျှော့ချနိုင်လိမ့် မည်ဟု ရွှေလက်ထင်မြင်မိပါ သည်။ ။ (ဆောင်းပါးရှင် ရွှေလက်သည် သဘာဝပတ်ဝန်းကျင်ရေးရာ ဆောင် းပါးများရေးသားနေသူဖြစ် သည်) 7Day News Journal မှ ကူးယူဖော်ပြပါတယ်။ #CleanYangon #CleanMyanmar