ကျန်းမာပျော်ရွှင်တဲ့ ဘဝကိုယ်စီ ပိုင်ဆိုင်နိုင်ဖို့ ကျွန်တော်တို့တွေ အတူတူစည်းကမ်းရှိကြစို့လား

ဟိုရက်က မီဒီယာကြီးတစ်ခုနဲ့ အင်တာဗျူးဖြေဖြစ်ပါတယ်။ အခုလို အသိပညာပေးဆောင်ရွက်နေတာဘယ်လောက်ကြာပြီလဲတဲ့ အသိပညာပေးဆောင်ရွက်တယ်လို့ ကျွန်တော်တို့ မသုံးနှုန်းချင်ပါဘူး။ တတ်သိနားလည်တဲ့ပညာရှင်တွေမဟုတ်သလို၊ ထင်ရှားကျော်ကြားတဲ့ နာမည်ကျော်တွေမဟုတ်တဲ့အတွက် ကျွန်တော်တို့ကတစ်ဆင့် လူထုဆီကို သတင်းစကားပေးတယ်။ အသိပညာပေးတယ်ဆိုတာမျိုးက ပိုလို့မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လူငယ်စုတွေအနေနဲ့ ကိုယ့်နိုင်ငံမှာလိုအပ်နေတာကို မိမိတို့ စိတ်ကူးစိတ်သန်းနဲ့ တတ်နိုင်သလောက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ဆောင်ရွက်နေခြင်းသာဖြစ်ပါတယ်။ လုပ်စရာရှိတာတွေကို မခိုမကပ်ဘဲ၊ တစ်ယောက်ကိုတစ်ယောက် တစ်ဖွဲ့ကိုတစ်ဖွဲ့ အပြစ်တွေ ဆိုမနေကြဘဲ ကျွန်တော်တို့တတွေ အတူတကွ အားကြိုးမာန်တက်ဆောင်ရွက်ကြမယ်ဆိုရင် အတိတ်ကာလတွေမှာ ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ နောင်အနာဂတ်ကာလမှာ ကျွန်တော်တို့မျှော်လင့်နေတဲ့အရာ၊ ဖြစ်စေချင်တဲ့အရာတွေက ဖြစ်လာစေဖို့အတွက် ပိုပြီး နီးစပ်နိုင်တယ်ဆိုတာမျိုးကို လုပ်အားတတ်နိုင်တဲ့ စေတနာ့ဝန်ထမ်းတွေက အလုပ်နဲ့ သက်သေထူနေခြင်းသာဖြစ်ပါတယ်။ လိုအပ်နေတဲ့ အလေ့အကျင့်ကောင်းလေးတွေကို အတူတူဖော်ဆောင်ဖို့ကို အဓိကလိုလားနေခြင်းပဲဖြစ်ပါတယ်။ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကပဲ ကျန်းမာပျော်ရွှင်မှုကို ပေးနိုင်မယ်မဟုတ်လား ​ကျန်းမာပျော်ရွှင်တဲ့ ဘဝကိုယ်စီ ပိုင်ဆိုင်နိုင်ဖို့ ကျွန်တော်တို့တွေ အတူတူစည်းကမ်းရှိကြစို့လားဗျာ #TogetherWeCan #CleanYangon #CleanMyanmar