လူသားတစ်ရပ်လုံး ဆက်လက်တည်ရှိဖို့အတွက် ကရုဏာပွားဖို့ လိုအပ်တယ်

လူသားတစ်ရပ်လုံး ဆက်လက်တည်ရှိဖို့အတွက် ကရုဏာပွားဖို့ လိုအပ်တယ် ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ အများအတွက် ကြိုးစားလို့ ထိပ်တန်းရောက်တယ် အပိုင်း(၁၂) ★ လူသားတစ်ရပ်လုံး ရှေ့ဆက်ပြီးတော့ နှစ်ပေါင်း ထောင်ပေါင်း သောင်းပေါင်း သိန်းပေါင်း တည်ရှိဖို့အတွက်ဆိုရင်တဲ့ the cultivation of compassion ကရုဏာပွားဖို့ ဒီဟာ လိုအပ်ပါတယ်။ ★ ကရုဏာမရှိဘူး အများအတွက် ကရုဏာမရှိဘူးဆိုရင် သစ်ပင်တွေကို ခုတ်ချင်သလိုခုတ်၊ ဘယ်သူရေ ရရ မရရ ရှိရှိမရှိရှိ စိတ်မဝင်စားဘူး။ ကရုဏာရှိဖို့ နောက်ဆုံးတစ်ခုပြောရမယ် ဒါ ကိုယ်တွေ့ပဲ။ ★ ဘုန်းဘုန်းကျောင်းလေးက မြောက်ဥက္ကလာမှာရှိတယ်။ မနက်တိုင်းဆိုရင်လေ ဒဂုံကနေလာတဲ့ အမှိုက်ပုံ၊ အဲ့အမှိုက်နံ့ အရမ်းနံတယ်။ တချက်တချက် လန့်နိုးတယ်။ ဘုန်းဘုန်းက အလေ့အကျင့်မရှိဘူး။ အဲလိုဟာတွေ sensitive ဖြစ်တယ်။ ★ ကိုယ်တင် မကပါဘူး အဲ့နားမှာနေတဲ့လူတွေ သောင်းနဲ့သိန်းနဲ့ချီနေတော့ ခံရပါတယ်။ ဘုန်းဘုန်းပြောချင်တာ ဘာပြောချင်တာတုန်းဆို ကိုယ်ဟင်းချက်တော့မယ်ဆိုရင် ဘယ်လောက်ထိ ဒီခန္ဓာကိုယ်နေနိုင်ဖို့အတွက် ဘယ်လောက်လိုတုန်း? တကယ်တမ်းလိုအပ်တာ ဘယ်လောက်လိုတုန်း? ★ ဒီခန္ဓာကိုယ် သနားတဲ့အနေနဲ့ ဟင်းချက်ပါ အစာအာဟာရ ပြင်ဆင်ပါ။ အဲလို မဟုတ်ဘဲနဲ့ လျှာနဲ့အလိုကို လိုက်ပြီးတော့ ပြင်ဆင်တယ်ဆိုရင်တော့ ဟင်းတွေ အများကြီးဝယ်ပစ်တယ်၊ ပြီးရင် အများကြီး သွန်ပစ်ရတယ်။ အမှိုက်တွေပဲ အများကြီးထွက်တယ်။ ★ ပစ္စည်းတွေ ၀ယ်တဲ့အခါမှာလည်း ဒီအတိုင်းပဲ အမှိုက်တွေ အများကြီးထွက်တယ်။ ရန်ကုန် တမြို့လုံးက ထွက်လာတဲ့အမိုက် တစ်နေရာတည်းမှာ သွားပြီးတော့ပုံရင် ဒီပြဿနာပဲဖြစ်မှာ။ ကမ္ဘာကြီးရဲ့ ဒီတိုးတက်တဲ့နိုင်ငံတွေရဲ့မြို့ကြီးတွေမှာ ဒီပြဿနာ မရှိအောင် သူတို့ကလုပ်တယ်။ ★ Recycle လုပ်နိုင်အောင် ပြည်သူတွေရဲ့ အခွန်ထဲကနေ အသုံးပြုတယ်။ ဘုန်းဘုန်းတို့ အင်္ဂလန်အောက်စဖို့ဒ်ကျောင်းမှာ အမိုက်ပုံးသုံးပုံးရှိတယ်။ တစ်ပုံးကတော့ ခြံထဲကနေထွက်တဲ့ အမှိုက်သရိုက်တွေ သစ်ပင်တို့ မြက်တို့၊ နောက်တစ်ခုက Recycle လုပ်လို့ရတဲ့ဟာတွေ၊ နောက်တစ်ခုက recycle လုပ်လို့မရတဲ့ဟာ။ ★ နောက်တစ်ခုရှိသေးတယ် အဲဒါကတော့ စားကြွင်းစားကျန်တွေ။ အဲဒါကို သူ့ပုံးနဲ့ထည့်ရတယ်၊ မထည့်ဘူးဆိုရင် လာပြီးတော့ယူတဲ့ မြူနီစီပယ်လုပ်သားတွေက မယူဘူး။ မယူယုံတင်မကဘူး warning ပေးတဲ့ စာလေးတွေပါ ထားခဲ့တယ်။ သူတို့ အဲလို လာပြီး ယူဖို့အတွက် အိမ်တိုင်းအိမ်တိုင်းက အခွန်တွေပေးတယ်။ ★ ဘုန်းဘုန်းတို့ ဘုန်းကြီးကျောင်းလည်းပဲ ပေးတယ်။ တခါတခါ ကျောင်းဒကာတွေက ပြောတယ် "ဆရာတော် ဒါ ဘုန်းကြီးကျောင်းပဲ သွားပြီးတော့ သနားခံလိုက်ပါလား? အခွန်မပေးရအောင်။” အထူးသဖြင့် ဒီအမိုက်ပုံးတွေနဲ့ ပတ်သတ်ပြီး အခွန်မပေးရအောင်။ ★ ဘုန်းဘုန်းက မဟုတ်ဘူးထင်တယ်၊ ဖြစ်နိုင်ရင်တော့ ဘုန်းဘုန်းတို့က ပိုပေးသင့်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ဘေးကအိမ်က မိသားစု နှစ်ယောက် သုံးယောက် သူတို့ အမိုက်က ဘုန်းဘုန်းတို့လောက် မများဘူး။ ဘုန်းဘုန်းတို့က စနေတနင်္ဂနွေဆို ဒကာတွေက အများကြီးလာတယ်။ ★ လာတဲ့ဒကာတွေက အမိုက်တွေယူလာတယ်၊ ဘုန်းဘုန်းကို ဆွမ်းကပ်တော့မယ်ဆိုရင် ပြီးရင် အမိုက်ရှိတယ်လေ၊ တစ်ခုခု လာလှူမယ်ဆိုရင် အမိုက်ရှိတယ်။ ★ အဲဒါကြောင့် ဘုန်းဘုန်းက ရေဗူးတွေသုံးတယ်၊ ဒီလိုရေသန့်ပုလင်း မသုံးတော့ဘူး။ #အများအတွက်စဉ်စားတာပေါ့။ ★ အဲဒါကြောင့် သူတို့က လာပြီးတော့ကောက်သွားတဲ့ အမှိုက်တွေကို ပြန်ပြီးတော့ recycle လုပ်တာ နိုင်တယ်။ မြို့နယ်တိုင်း မြို့နယ်တိုင်း သူ့ဟာသူလုပ်တာ နိုင်တယ်။ လုပ်နိုင်အောင်လည်းပဲ အစိုးရ ဘတ်ဂျက်တွေချထားတယ်။ ★ အဲဒီဘတ်ဂျက်ရအောင်လည်းပဲ ပြည်သူတွေဆီကနေ အမှိုက်စွန့်တဲ့လူတွေဆီကနေ အခွန်ကောက်တယ်။ ဘုန်းဘုန်းတို့စွန့့်ပစ်တဲ့အမှိုက်ကို ချိန်ပြီးတော့ အခွန်ဆောင်ရမယ်ဆိုရင် ဘုန်းဘုန်းတို့ ဘုန်းကြီးကျောင်းက တော်တော်ဆောင်ရမယ်။ ★ စားသောက်ဆိုင် တော်တော်ဆောင်ရမယ်။ အတန်းကျောင်းတွေလည်း တော်တော်ဆောင်ရမယ် တက္ကသိုလ်တွေလည်း တော်တော်ဆောင်ရမယ်။ ဆေးရုံလည်းပဲ တော်တော်ဆောင်ရမယ်။ ကုမ္ပဏီတွေလည်း တော်တော်ဆောင်ရမယ်။ Public place တွေ အများကြီးဆောင်ရမယ်။ ★ ဒါပေမဲ့ အချင်းချင်း သနားကြင်နာတဲ့စိတ်နဲ့ အများအတွက်တွေးတယ်ဆိုရင် အများအားကိုးတဲ့ အများမှီခိုနေတဲ့ရေတွေ မီးတွေ သစ်ပင်တွေကို အဲဒီဟာတွေကို တွေးပြီးတော့ အများချမ်းသာဖို့အတွက်ဆိုရင် သူတို့အတွက်လည်းတွေးမယ်ဆိုရင် environmental ခေါ်တာပေ့ါ အဲဒီလိုတွေးတယ်ဆိုရင်တော့ အိမ်ထဲမှာရှိတဲ့ အမှိုက်တွေနည်းတယ်။ ★ အဲလိုနည်းတယ်ဆိုရင် ဘုန်းဘုန်းတို့ရဲ့လက်ထက်မှာ ဒီအမှိုက်ပုံရှိရင်တောင်မှ ဒီ next generation ပေ့ါ ဘုန်းဘုန်းတို့ရဲ့လူတွေ နောင်လာနောင်သားတွေ လက်ထက် ရန်ကုန်မြို့ကြီး ဒီအမှိုက်ပုံရှိချင်မှ ရှိတော့မယ်။ မရှိတော့ဘူးဆိုရင် ရန်ကုန်မြို့သူမြို့သားအားလုံးရဲ့ ဂုဏ်ကျက်သရေ ပိုတက်တာပေါ့။ ★ ဒီဟာကြီးကို အများအတွက်တွေးပြီးတော့ လျှပ်စစ်လုပ်ရရင် ကောင်းမှာလား? အဲဒီလို တွေးတဲ့လူ ရှိလာဖို့ ဘုန်းဘုန်းတို့ လိုအပ်တယ်။ အများအတွက်တွေး။ အဲ့ပုဂ္ဂိုလ်ရှိရင် အဲ့ပုဂ္ဂိုလ်နေ့ချင်းညချင်း သူဌေးဖြစ်သွားမှာ။ အိမ်တိုင်းအိမ်တိုင်းက သူ့ကို အမှိုက်တွေပေးနေတာကိုး။ ★ အဲလိုနည်းတယ်ဆိုရင် ဘုန်းဘုန်းတို့ရဲ့လက်ထက်မှာ ဒီအမှိုက်ပုံရှိရင်တောင်မှ ဒီ next generation ပေ့ါ ဘုန်းဘုန်းတို့ရဲ့လူတွေ နောင်လာနောင်သားတွေ လက်ထက် ရန်ကုန်မြို့ကြီး ဒီအမှိုက်ပုံရှိချင်မှ ရှိတော့မယ်။ မရှိတော့ဘူးဆိုရင် ရန်ကုန်မြို့သူမြို့သားအားလုံးရဲ့ ဂုဏ်ကျက်သရေ ပိုတက်တာပေါ့။ ★ ဒီဟာကြီးကို အများအတွက်တွေးပြီးတော့ လျှပ်စစ်လုပ်ရရင် ကောင်းမှာလား? အဲဒီလို တွေးတဲ့လူ ရှိလာဖို့ ဘုန်းဘုန်းတို့ လိုအပ်တယ်။ အများအတွက်တွေး။ အဲ့ပုဂ္ဂိုလ်ရှိရင် အဲ့ပုဂ္ဂိုလ်နေ့ချင်းညချင်း သူဌေးဖြစ်သွားမှာ။ အိမ်တိုင်းအိမ်တိုင်းက သူ့ကို အမှိုက်တွေပေးနေတာကိုး။ ဆက်လက်ဖော်ပြပါမည်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာဓမ္မသာမိ 🙏🙏🙏 “အများအတွက် ကြိုးစားလို့ ထိပ်တန်းရောက်တယ် (၅.၁၂.၂၀၁၉)(ရန်ကုန်)” တရားအသံတော်မှ ကူးယူ ရေသားပူဇော်ပါသည်။ Photo credit အရိုး