လေးစားအားကျစရာ သူရဲကောင်းတချို့

ကိုဇေယျာထွန်းနဲ့ မသ ဉ္ဇာအေးတို့ နှစ်ဦးက ‘မင်္ဂလာပါ’ ပရဟိတအဖွဲ့ကို ၂၀၁၄ ခုနှစ်ကတည်းက တည်ထောင်ခဲ့ပြီး ငွေကြေးအခက်အခဲကြုံနေရတဲ့မိသား စုတွေနဲ့ သူတို့ရဲ့ကလေးငယ်တွေ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုရရှိဖို့၊ ပညာဆက်လက် သင် ကြားနိုင်ဖို့ကို ဆောင်ရွက်ပေးနေကြသူတွေပါ။ ‘မင်္ဂလာပါ’ ပရဟိတအဖွဲ့က လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ တောင်ပေါ်ဒေသများမှာလည်း စာကြည့်တိုက်တွေ၊ စာသင်ကျောင်းတွေနဲ့ ရေတွင်းရေကန်တွေလည်း တည်ဆောက်လှူဒါန်းခဲ့ကြပါတယ်။ ဒါ့အပြင် ကိုဇေယျာထွန်းနဲ့ မသ ဉ္ဇာအေးတို့ဇနီးမောင်နှံက မြို့တော်တစ်ခွင်သန့်ရှင်းသာယာစေဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ အမှိုက်စနစ်တကျစွန့်ပစ်ရေး ပညာပေးအစီအစဉ်တွေပြုလုပ်ပေးခြင်း၊ အမှိုက်များကိုရှင်းလင်းပေးခြင်းတွေကို စေတနာလုပ်အားရှင်များအဖြစ်ဆောင်ရွက်ပေးနေတဲ့ Clean Yangon အဖွဲ့ရဲ့ တည်ထောင်သူအဖွဲ့ဝင်တွေလည်း ဖြစ်ပါတယ်။ လက်ရှိ COVID 19 ကြောင့် အလုပ်အကိုင်ခက်ခဲနေကြတဲ့ကာလမှာလည်း အမှန်တကယ်အကူအညီလိုအပ်နေကြသူများအတွက် ‘လိုရင်ခေါ်ပါ’ ဆိုတဲ့အစီအစဉ်လေးကို စတင်ခဲ့ပြီး သက် ကြီးရွယ်အိုနဲ့ မသန်စွမ်းသူတွေကို အဓိကထားကာ ဆန်ဆီစတဲ့ အခြေခံစားသောက်ကုန်တွေကို အိမ်တိုင်ရာရောက် ပေးပို့လှူဒါန်းနေကြပါတယ်။ “ခက်ခဲနေကြသူတွေကိုမြင်တဲ့ အခါ ငါသာသူ့နေရာမှာဆိုရင်..ဆိုတဲ့ ကိုယ်ချင်းစာစိတ်ဖြစ်မိပြီး အဲဒီစိတ်နဲ့ပဲ ဒီအလုပ်တွေစလုပ်ဖြစ်ခဲ့တာပါ။ ပင်ပန်းတဲ့အချိန်တွေရှိပေမယ့်လည်း အခုအချိန်ထိ မရပ်တမ်းရှေ့ဆက်လျောက်နေနိုင်တာကလည်း အဲဒီစိတ်ရဲ့တွန်းအားကြောင့်ပါပဲ။” လို့ ကိုဇေယျာထွန်းနဲ့ မသ ဉ္ဇာအေးတို့ဇနီးမောင်နှံကဆိုပါတယ်။ အားလုံးခက်ခဲနေကြတဲ့ကာမှာ လိုအပ်နေသူတွေအတွက် အားထားရအောင် ရပ်တည်ပေးတဲ့ သူရဲကောင်းတွေ ပဲမို့ ကျေးဇူးတင်ပါတယ်။ #ForTheHumanRace #CocaColaMyanmar (ZawGyi) ကိုေဇယ်ာထြန္းနဲ႔ မသၪၨာေအးတို႔ ႏွစ္ဦးက ‘မဂၤလာပါ’ ပရဟိတအဖြဲ႕ကို ၂၀၁၄ ခုႏွစ္ကတည္းက တည္ေထာင္ခဲ့ၿပီး ေငြေၾကးအခက္အခဲႀကဳံေနရတဲ့မိသား စုေတြနဲ႔ သူတို႔ရဲ႕ကေလးငယ္ေတြ ေကာင္းမြန္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈရရွိဖို႔၊ ပညာဆက္လက္ သင္ ၾကားႏိုင္ဖို႔ကို ေဆာင္႐ြက္ေပးေနၾကသူေတြပါ။ ‘မဂၤလာပါ’ ပရဟိတအဖြဲ႕က လမ္းပန္းဆက္သြယ္ေရးခက္ခဲတဲ့ ေတာင္ေပၚေဒသမ်ားမွာလည္း စာၾကည့္တိုက္ေတြ၊ စာသင္ေက်ာင္းေတြနဲ႔ ေရတြင္းေရကန္ေတြလည္း တည္ေဆာက္လႉဒါန္းခဲ့ၾကပါတယ္။ ဒါ့အျပင္ ကိုေဇယ်ာထြန္းနဲ႔ မသၪၨာေအးတို႔ဇနီးေမာင္ႏွံက ၿမိဳ႕ေတာ္တစ္ခြင္သန႔္ရွင္းသာယာေစဖို႔ ဆိုတဲ့ရည္႐ြယ္ခ်က္နဲ႔ အမႈိက္စနစ္တက်စြန႔္ပစ္ေရး ပညာေပးအစီအစဥ္ေတြျပဳလုပ္ေပးျခင္း၊ အမႈိက္မ်ားကိုရွင္းလင္းေပးျခင္းေတြကို ေစတနာလုပ္အားရွင္မ်ားအျဖစ္ေဆာင္႐ြက္ေပးေနတဲ့ Clean Yangon အဖြဲ႕ရဲ႕ တည္ေထာင္သူအဖြဲ႕ဝင္ေတြလည္း ျဖစ္ပါတယ္။ လက္ရွိ COVID 19 ေၾကာင့္ အလုပ္အကိုင္ခက္ခဲေနၾကတဲ့ကာလမွာလည္း အမွန္တကယ္အကူအညီလိုအပ္ေနၾကသူမ်ားအတြက္ ‘လိုရင္ေခၚပါ’ ဆိုတဲ့အစီအစဥ္ေလးကို စတင္ခဲ့ၿပီး သက္ ႀကီး႐ြယ္အိုနဲ႔ မသန္စြမ္းသူေတြကို အဓိကထားကာ ဆန္ဆီစတဲ့ အေျခခံစားေသာက္ကုန္ေတြကို အိမ္တိုင္ရာေရာက္ ေပးပို႔လႉဒါန္းေနၾကပါတယ္။ “ခက္ခဲေနၾကသူေတြကိုျမင္တဲ့ အခါ ငါသာသူ႔ေနရာမွာဆိုရင္..ဆိုတဲ့ ကိုယ္ခ်င္းစာစိတ္ျဖစ္မိၿပီး အဲဒီစိတ္နဲ႔ပဲ ဒီအလုပ္ေတြစလုပ္ျဖစ္ခဲ့တာပါ။ ပင္ပန္းတဲ့အခ်ိန္ေတြရွိေပမယ့္လည္း အခုအခ်ိန္ထိ မရပ္တမ္းေရွ႕ဆက္ေလ်ာက္ေနႏိုင္တာကလည္း အဲဒီစိတ္ရဲ႕တြန္းအားေၾကာင့္ပါပဲ။” လို႔ ကိုေဇယ်ာထြန္းနဲ႔ မသၪၨာေအးတို႔ဇနီးေမာင္ႏွံကဆိုပါတယ္။ အားလုံးခက္ခဲေနၾကတဲ့ကာမွာ လိုအပ္ေနသူေတြအတြက္ အားထားရေအာင္ ရပ္တည္ေပးတဲ့ သူရဲေကာင္းေတြ ပဲမို႔ ေက်းဇူးတင္ပါတယ္။ #ForTheHumanRace #CocaColaMyanmar