Clean Yangon မှ ကိုဇေယျာထွန်းနှင့် တွေ့ဆုံခြင်း

Clean Yangon မှ ကိုဇေယျာထွန်းနှင့် တွေ့ဆုံခြင်း ‘‘


ငါတို့လုပ်လို့ သန့်ရှင်းသွားတယ်ဆိုတာမျိုးထက် သန့်ရှင်းသွားအောင် ငါတို့ ဘာလုပ်ပေးနိုင်မလဲပေါ့"

Byခိုင်ခိုင်စိုးOn Fri, 2020-02-21 03:32Issue No.အတွဲ (၁၈)၊ အမှတ် (၅၀) Clean Yangon ကမ်ပိန်း စတင်ဖြစ်ခဲ့ပုံလေး ပြောပြပေးပါ။

Clean Yangon ကို ၂၀၁၇ မေလ ၁၀ ရက်နေ့မှာ စတင်ဖြစ် ခဲ့တယ်။ အဓိကတော့ ပရဟိတ ကိုစိတ်ဝင်စားတဲ့သူတွေ၊ အနုပ ညာရှင်တွေ၊ ပရဟိတအသင်း အဖွဲ့တွေ စုစည်းပြီးတော့ စတင် ဖြစ်ခဲ့တယ်။ ပထမဆုံးလှုပ်ရှားမှု ကတော့ ကဆုန်လပြည့်နေ့ ရွှေ တိဂုံဘုရားခြေတော်ရင်း၊ ဘုရား တစ်ပတ် ပတ်ချာလည်မှာ အမှိုက် ကောက်လှုပ်ရှားမှုစခဲ့တယ်။ အဲဒီ နေ့က လပြည့်နေ့လည်းဖြစ်တယ်။ လူလည်း အရမ်းများတယ်။ ပူးပေါင်းပါဝင်တဲ့သူ ၁,၅၀၀ ရှိခဲ့တယ်။ အမှိုက်တွေလည်း အများကြီးရခဲ့ပါတယ်။ Clean Yangon ဖွဲ့ဖို့ ဘယ်လိုစိတ်ကူးဖြစ်ခဲ့တာပါလဲ။ Clean Yangon စဖြစ်ပုံက ကျွန်တော်တို့ဆီမှာ ကွန်မြူနတီအတွက် သန့်ရှင်းရေးလုပ်ပေးတဲ့ အသင်းအဖွဲ့က အရမ်းရှားတယ်။ ဘာသာရေးအဆောက် အအုံတွေ၊ ဘုရားစေတီတွေမှာ သန့်ရှင်းရေးလုပ်တဲ့ အသင်းအဖွဲ့ တွေကတော့ အရမ်းများပါတယ်။ ရပ်ရွာမှာအခြေပြုတဲ့ သန့်ရှင်းရေးလုပ် တဲ့ ပရဟိတအသင်းအဖွဲ့တွေက သိပ်မရှိဘူး။ ပုံမှန် ရပ်ကွက်ထဲမှာ လုပ်နေတာလောက်ပဲရှိတယ်။ စု စည်းပြီးလုပ်တဲ့အသင်းတွေက မရှိဘူးလေ။ ရန်ကုန်မှာက ပရဟိတအသင်းတွေ အားကောင်းပါတယ်။ ဒါပေမဲ့ စုစည်းပြီးတော့လုပ်တဲ့အခါကျတော့ အားနည်းကြတယ်။ ဒီမှာ စ စဉ်းစားမိတယ်။ ကိုယ့်ပရဟိတအသင်းရဲ့ လမ်းစဉ်နဲ့ ကိုယ်လုပ်။ ဒီလိုမျိုး စုစည်းပြီး တစ်လတစ်ကြိမ် လောက်လုပ်ရင် ကောင်းမယ်ဆိုပြီး မိတ်ဆွေတစ်ယောက်ကို တိုင်ပင်ဖြစ်တယ်။ တခြားပါ၀င်နိုင် မယ့် မိတ်ဆွေအဖွဲ့တွေကို ဖိတ်ခေါ်ပြီး စဖြစ်ခဲ့တာပါ။ စတင်ဖွဲ့ဖြစ်ခဲ့တဲ့အချိန်တုန်းက လူငယ်ဘယ်လောက် ပါ၀င်ခဲ့ပြီး အခုကော ဘယ်လောက်ရှိနေပြီလဲ။ စတုန်းကတော့ ကျွန်တော်တို့နဲ့အတူ Clean & Green အဖွဲ့၊ ကိုမောင်မောင်အေး၊ ရှမ်းကုန်းလမ်းအသင်းတို့။ သူတို့က စကတည်းက ပူးပေါင်းပါ၀င်တယ်။ ပထမဆုံး အစည်းအဝေးမှာတုန်းကဆို လေးဖွဲ့ ငါးဖွဲ့လောက်ပဲရှိမယ်။ တဖြည်းဖြည်းနဲ့ ပူးပေါင်းလာကြတာ လက်ရှိအချိန်မှာဆို ကျွန်တော်တို့နဲ့ချိတ်ဆက်ထားတဲ့ ပရဟိတအသင်းပေါင်းက ၆၀ ကျော်လောက်ရှိပြီ။ လူငယ်ဦးရေဆိုပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ အလုပ်သမားနေ့မှာ ၄၂ လမ်း နောက်ဖေးလမ်းကြားကို ရှင်းခဲ့တယ်။ အဲဒီမှာဆို လူဦးရေ ၁,၅၀၀ ဝန်းကျင်လောက်လာခဲ့တယ်။ အရင်ကတော့ အမြဲတမ်း Member မထားခဲ့ဘဲနဲ့ ကမ်ပိန်းတစ်ခါလုပ်ရင် တစ်ခါဖိတ်ခေါ်တာပေါ့။ နောက်ပိုင်းမှာ မန်ဘာတွေ ဖိတ်ခေါ်သွားမှာပါ။ Clean Yangon ကမ်ပိန်းဦးဆောင်တဲ့ လူငယ်တွေရဲ့ နောက် ခံအခြေအနေကို ပြောပြပေးပါ။ Clean Yangon ကိုလာတဲ့ လူငယ်တွေက ပရဟိတကို စိတ်ဝင်စားတဲ့သူတွေများတယ်။ Clean Yangon တာဝန်ခံအနေနဲ့ ဆောင်ရွက်နေတဲ့သူတွေဆို ပရဟိတအသင်းအသီးသီးကလူတွေပေါ့။ ပရဟိတစိတ်ဝင်စားတဲ့ လူငယ်တွေကပဲ စုစည်းထားတဲ့ပုံစံ မျိုးပါပဲ။ အဓိကက လူငယ်တွေဆိုတော့ တချို့တွေက ကျောင်း တစ်ဖက်ရှိမယ်။ ၀န်ထမ်းတွေလည်းပါတယ်။ ကျွန်တော်ဆို ကိုယ်ပိုင်မီဒီယာလုပ်ငန်းလေး လုပ်နေတယ်။ တခြားပါ၀င်တဲ့သူတွေကလည်း ကျောင်း၊ အလုပ် တစ်ဖက်နဲ့ အခါအားလျော်စွာ ပူးပေါင်းပါ၀င်နေတာပါ။ ကမ်ပိန်းမှာ လူငယ်တွေများလာအောင် ဘယ်လိုစည်းရုံးခဲ့ရပါသလဲ။ အဓိကတော့ ထွေထွေထူးထူးစည်းရုံးရတာတော့မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့က လူငယ်တွေ အမြဲ Update ဖြစ်နေအောင် ကြိုးစားဆောင်ရွက်နေတာတွေရှိတယ်။ မတူညီတဲ့ ကမ်ပိန်းလေးတွေ ဖော်ဆောင်ပေးတယ်။ အမှိုက်နဲ့ လက်ဆောင် လဲကြမယ်အစီအစဉ်တို့၊ မေးမယ် ဖြေမယ် လက်ဆောင်ပေးမယ်တို့ လုပ်ပေးတယ်။ လာပူးပေါင်းတဲ့ စေတနာ့ ဝန်ထမ်းတွေကိုလည်း ပြိုင်ပွဲလေးတွေ လုပ်ပေးတာရှိတယ်။ တကယ့်တကယ် လူငယ်တွေက သူတို့ အမှိုက်ပစ်တာမဟုတ်ပဲနဲ့ လူတကာ စညမ်းကမ်းမဲ့ပစ်ထားကို နိုင်ငံချစ်စိတ် တာဝန်သိစိတ်နဲ့ လာကောက်ပေးတယ်ဆိုတဲ့ မက်ဆေ့ချ်ကို ပြည်သူ လူထုကို ပေးချင်တာ။ စတင်ခဲ့တဲ့အချိန်ကနေ အခုအထိ ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရပါသလဲ။ အဓိကကတော့ ရန်ပုံငွေ အခက်အခဲပါပဲ။ ကျွန်တော်တို့မှာ မူတစ်ခုရှိတယ်။ Clean Yangon သည် မည်သည့်အဖွဲ့အစည်းရဲ့ လက်အောက်ခံမှ မဟုတ်ဘူး။ အစိုးရ၊ NGO အဖွဲ့တွေရဲ့ လက်အောက်ခံလည်းမဟုတ်ဘူး။ ဒီတော့ Clean Yangon က ဆင်တူ အင်္ကျိကို သန့်သန့်ရှင်းရှင်းနဲ့ အ ဖြူရောင်လုပ်ထားတယ်။ လိုဂို တစ်ခုပဲတပ်တယ်။ အဲဒီမှာ လာသမျှလူကို အလကားပေးချင်တယ်။ ဒါပေမဲ့ မပေးနိုင်ဘူး။ ရန် ပုံငွေရအောင်ရှာရတယ်။ အင်္ကျိအထည်တစ်ရာရဖို့တောင် မ တည်ဖို့ ရန်ပုံငွေမရှိခဲ့ဘူး။ ရန်ပုံငွေ လစဉ်ရအောင်လို့ အဖွဲ့ဝင်တွေ က နိုင်သလောက်ထည့်ပြီး လုပ်ခဲ့ကြရတယ်။ အဖွဲ့ဝင်တွေရဲ့ ထည့်ဝင် မှုနဲ့ပေါ့။ တချို့တွေကလည်း ညှိနှိုင်းကြတယ်၊ ပူးပေါင်းလုပ်မယ်ပေါ့။ ကျွန်တော်တို့ဆီမှာ မိခင်ပရဟိတအသင်း ကိုယ်စီရှိပါတယ်။ သူတို့အသင်းတွေက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကူညီတာရေးတွေလုပ်နေတာတွေရှိတယ်။ သူတို့ကလည်း တစ်လတစ်ခါလောက် ပူးပေါင်းရတော့ ဒီလို စုစည်းရတာ အခက်အခဲတော့ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကမ်ပိန်းစရင်တော့ ပရဟိတအသင်းတွေက လာပူးပေါင်းကြပါတယ်။ အမှိုက်ကောက်လှုပ်ရှားမှုအပြင် တခြား ဘယ်လိုလှုပ်ရှားမှုတွေလုပ်လဲ။ ကျွန်တော်တို့က စွန့်ပစ်အမှိုက်နဲ့ပတ်သက်ပြီး အသိပညာ ပေးမယ်ဆိုပြီး စခဲ့တာပါ။ စခဲ့တဲ့အခါမှာ နှစ်ဖက်စလုံးကိုကြည့်တယ်။ အစိုးရကရော ဖိဖိစီးစီးလုပ်ဖို့ အားနည်းတာရှိတယ်။ နှစ်ဖက်စလုံးကို အရွေ့ကောင်း ကောင်းလေးသွားစေချင်တယ်။ အလယ်ကနေ တွန်းအားပေးပြီး လှုပ်ရှားမယ်ဆိုပြီး ကြိုးစားခဲ့တာ။ တစ်နှစ်ပြည့်မယ့်အချိန်မှာပဲ အ မှိုက်ကောက်တာအပြင် တခြား ဘာလုပ်လို့ရလဲ တွေးကြည့်တဲ့ အခါ နောင်အနာဂတ်မျိုးဆက်ကို တိုးတက်လာအောင်၊ ကောင်းမွန် လာအောင်လုပ်မယ်ဆို စာသင် ကျောင်းတွေမှာ စွန့်ပစ်အမှိုက်အသိပညာပေးလုပ်ငန်းတွေကို ၂၀၁၈ ဇွန်လမှာ စလုပ်ခဲ့ပါတယ်။ ရန်ပုံငွေတွေရရှိလို့ အခြေအနေပေးရင် Clean Yangon အ ဖွဲ့က တခြားဘာတွေများ လုပ်ချင်ပါသလဲ။ ရန်ကုန်မှာပဲ စွန့်ပစ်အမှိုက် အသိပညာပေး လုပ်ငန်းအပြင် ကျွန်တော်တို့ရဲ့ Target (ပစ်မှတ်) က Clean Yangon Together, Clean Myanmar ပေါ့။ ရန်ကုန်တစ်မြို့တည်း သန့်နေလို့မရဘူး။ မြန်မာတစ်နိုင်ငံလုံး သန့်ရှင်းမှ၊ Clean Myanmar ဖြစ်ဖို့အတွက် တခြားမြို့ရွာတွေ ပါ၀င်လာဖို့ ဆွဲ ဆောင်ခဲ့တာရှိတယ်။ သင်တန်းပေးခဲ့တာတွေလည်း ရှိတယ်။ ၂၀၁၇ မှာစပြီး မကြာခင် Clean Mandalay, Clean Pyinmana, Clean Mawlamyine တို့ ပေါ်လာ တာတွေလည်းရှိတယ်။ သူတို့လည်း ဒေသနဲ့ကိုက်ညီတဲ့ဟာ လေးတွေ လုပ်နေတာရှိတယ်။ စနစ်တကျဖြစ်စေဖို့ အားလုံးကို ချိတ်ဆက်ပြီး Clean Myanmar ဆိုပြီး လုပ်ထားတာလေးတွေရှိ တယ်။ Clean Myanmar ကို ၂၀၁၈ မှာ လုပ်ခဲ့တာပေါ့။ ချိတ်ဆက်မြို့တွေကို ရန်ကုန်ကိုခေါ် ပြီး အမှိုက်နဲ့ပတ်သက်တဲ့ အသိ ပညာပေးသင်တန်းတွေ ပေးခဲ့တယ်။ သူတို့ကတစ်ဆင့် သူတို့ မြို့ရွာမှာပြန်ပြီး အသိပညာပေး ဆက်လုပ်နေတာတွေရှိတယ်။ ပြီးခဲ့တဲ့ရက်က Clean Yangon နဲ့ တခြားမိတ်ဖက်အဖွဲ့ တွေက သိမ်ဖြူမြောင်းကို ပြန်ရှင်းလင်းခဲ့တယ်။ ဒီလိုမျိုး ရှင်းလင်း ပြီးသားနေရာတွေ အမှိုက်တွေ ပြန်ပွတာနဲ့ပတ်သက်ပြီး ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။ ဒီဟာနဲ့ပတ်သက်ပြီး အုပ် ချုပ်ရေးအဖွဲ့တွေနဲ့ အကြိမ်ကြိမ် ပြောခဲ့တယ်။ သူတို့ကိုယ်တိုင်ကိုက ဒီနေရာကျ ပျံကျဈေးသည် တွေနေတဲ့နေရာဖြစ်နေတော့ သူတို့လည်း မနိုင်ဘူး။ အလှမ်းမမီဘူးပေါ့။ ကျွန်တော်တို့က အရေး ယူမှု မလုပ်နိုင်ပေမယ့် တွန်းအားပေးဖို့တော့ ကြိုးစားတယ်။ ဒီနေရာလေး သန့်ရှင်းသွားဖို့ ကိုယ့်ခွန်ကိုယ့်အားနဲ့ လုပ်သွားဖို့တော့ အစီအစဉ်ရှိတယ်။ ဒုတိယအကြိမ် ပြန်လည် ရှင်းလင်းတဲ့အခါမှာ ရှင်းလင်းတဲ့ သူတွေက သန့်ရှင်းဖို့ လုပ်ဆောင်နေပေမယ့် ဒီနေရာမှာနေတဲ့သူ တွေကတော့ ဘာသိဘာသာနေ ကြတာတွေလည်းရှိတယ်။ ဒီတော့ ရှင်းလင်းပေးတဲ့သူတွေ စိတ်ဓာတ်မကျအောင် ဘယ်လို ခွန်အားပြန်မွေးလဲ။ စိတ်ဓာတ်ကျ ပြီး လက်တွဲဖြုတ်သွားတဲ့အဖွဲ့ တွေကော ရှိပါသလား။ ကျွန်တော်တို့ ကမ်ပိန်းလုပ်ဆောင်တာ ၃၄ ကြိမ်ရှိပြီ။ အကြောင်းအမျိုးမျိုးကြောင့် လက်တွဲဖြုတ်သွားတဲ့အဖွဲ့တွေလည်းရှိပါတယ်။ ကျွန်တော်တို့ကြောက်တာကလည်း ငါတို့ရှင်းတယ်၊ ဒါပေမယ့် မထူးပါဘူးဆိုပြီး လက်လျှော့သွားမှာပဲလေ။ ကျွန်တော်တို့ ရေသောက်မြစ်တွေ ကိုယ်တိုင်က စိတ်အားမငယ်ဖို့၊ အားမပျော့ဖို့ ကိုယ့်ဟာကိုယ် အားပေးနေရတယ်။ ကျန်တဲ့ အဖွဲ့အစည်းတွေကိုလည်း ကျွန် တော်တို့လုပ်နိုင်သလောက် လုပ်နေကြပါတယ်၊ ပူးပေါင်းပြီးနိုင်သလောက်ကြိုးစားပါဦးလို့ပဲ တိုက်တွန်းချင်တယ်။ ပြီးတော့ ကမ်ပိန်းလာတဲ့သူတွေ တော်တော်များများမှာ ဟိုလူ့လက်ညှိုး ထိုး၊ ဒီလူ့လက်ညှိုးထိုးတဲ့သူ အင်မတန်နည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရည်ရွယ်ချက်က ကိုယ့် မြို့၊ ကိုယ့်နိုင်ငံ သန့်ရှင်းစေချင်တဲ့ အတွက် လာခဲ့ကြတာ။ ‘ငါတို့လုပ်လို့ သန့်ရှင်းသွားတယ်ဆိုတာမျိုးထက် သန့်ရှင်းသွားအောင် ငါတို့ ဘာလုပ်ပေးနိုင်မလဲပေါ့’’။ ကိုယ်လုပ်ချင်လို့ ကိုယ်တိုင်ရွေးချယ်ပြီး ဒီနေရာကိုလာခဲ့ကြသူတွေပါ ပရဟိတလုပ်ငန်းတွေမှာ လူငယ်တွေပါ၀င်လာတဲ့အပေါ် ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။ အင်မတန်ကောင်းပါတယ်။ လေလွင့်ပျက်စီးတာမျိုး မရှိပဲနဲ့ ပရဟိတလုပ်ငန်းတွေ၊ အများအကျိုးပြုလုပ်ငန်းတွေမှာ လူငယ်တွေပါ၀င်လာတာ နိုင်ငံအတွက် ကောင်းမွန်တဲ့အရွေ့ပါပဲ။ တချို့က ပေါ်ပင်လို့ပြောပေမယ့် ကောင်းတဲ့နေရာတွေမှာ ကောင်းတာလုပ်ဖို့ လာဆုံကြတာမို့ လှိုက်လှဲစွာကြိုဆိုပါတယ်။ အခုလို ဖြေကြားပေးတာ ကျေးဇူး တင်ပါတယ်။ု