Eco Brick

ပလတ်စတစ် အမှိုက်တွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအန္တရာယ်ကို သင့်ရဲ့ လက်တစ်စုံနဲ့ ပါဝင်ကူညီရင်း ကယ်တင်ပေးလို့ရတဲ့ အစီအစဥ်လေးတစ်ခု ရှိနေပါပြီ။ ဒါကတော့ စွန့်ပစ်ပလတ်စတစ်အမှိုက်တွေကို ပလတ်စတစ်ဗူးခွံလေးတွေထဲ ထည့်ပြီး အုတ်အစားထိုးအနေနဲ့ ပြန်လည်တီထွင်အသုံးပြုမယ့် Ecobrick လေးပဲ ဖြစ်ပါတယ်။

Clean Yangon ကနေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှု တစ်ခုအနေနဲ့ Ecobrick Library လေးတစ်လုံး ဆောက်လုပ်လှူဒါန်းသွားဖို့ရှိတဲ့အတွက် ဒီကဏ္ဍလေးမှာ အတူတကွ ပူးပေါင်းပါဝင်ပေးလို့ရပါတယ်။

ရေသန့်ဗူး (၁) လီတာတစ်ဗူးမှာ စွန့်ပစ်ပလတ်စတစ်အမှိုက် 350 gram သို့မဟုတ် (၂၅) ကျပ်သားထည့်ပြီး ကမ္ဘာမြေကြီးအတွက် လက်တွဲကူညီပေးကြရအောင်ပါ။ #Ecobrick #TogetherWeCan #CleanYangon #CleanMyanmar