Clean Yangon Volunteer Htein Lin

Clean Yangon တဲ့ သန့်ရှင်းသော ရန်ကုန်ကနေ သန့်ရှင်းသော မြန်မာပြည် ဖြစ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်လေးကို သဘောကျလို့ ၂၀၁၈ ကလုပ်တဲ့ အမှိုက်ကောက် Campaign တွေမှာ စပြီးပါဝင်ဖြစ်ခဲ့တယ်...

အမှိုက်ကောက်ရမှာ ရှက်ပြီး အမှိုက်ပစ်ရမှာ ဝန်မလေးကျတဲ့ လူတစ်ချို့ရှေ့မှာ ကိုယ်မပစ်တဲ့ အမှိုက်တွေကောက်ရင်း ပြုံးပျော်နေတဲ့ ပရဟိတ မောင်နှမတွေကိုကြည့်ရင်း ပီတိဖြစ်ခဲ့ရတယ်...။

Covid ကာလမှာတော့ Clean Yangon နဲ့ ထပ်ပြီးလက်တွဲခွင့်ရခဲ့တယ်...။ #နွမ်းပါးပြည်သူဖေးမကူ #လိုရင်ခေါ်ပါ စတဲ့အစီအစဥ်တွေနဲ့အတူ နွမ်းပါတဲ့ဘဝတွေနဲ့ လိုအပ်နေသော မိသားစုများထံသို့ တကယ့်ကိုထိရောက်တဲ့ ပံ့ပိုးမှုတွေအတွက် Clean Yangon အဖွဲ့အစည်းနဲ့အတူ Volunteer အနေဖြင့် ပါဝင်ခွင့်ရခဲ့ပါတယ်...။

နွေနေပူထဲမှာလဲ ချွေးသံရွှဲရွှဲနဲ့ကူခဲ့လှူခဲ့ကြတယ် မိုးရွာတဲ့နေ့တွေနဲ့ကြုံရတဲ့အခါလည်း မိုးရေထဲ မိုးစိုရွှဲနေလဲ ကူကြလှူကြမြဲပါပဲ...။ နောက်ဆုံးချိန်ထိ မရပ်တန့်ခဲ့ကြဘူး... ပုံစံမျိုးစုံနဲ့ ခက်ခဲတဲ့ဘဝတွေကို လက်တွေ့ ထိတွေ့ခွင့်ရပြီး ကူခဲ့လှူခဲ့ကြရတဲ့အခိုက်အတန့်တွေက ပြန်တွေးမိတဲ့အချိန်တိုင်း ပီတိဖြစ်ခဲ့ရတယ် တကယ့် အတ္တကင်းကင်းနဲ့ ဖြတ်သန်းခဲ့ရတဲ့ အတ္တကင်းမဲ့ချိန်များကို ပိုင်ဆိုင်ခွင့်ရခဲ့တာပါပဲ...။

အတူဆုံခဲ့ရတဲ့ Volunteer မောင်နှမတွေ အယောက်စီတိုင်းကလဲ စိတ်တွေညီကျတယ် နွေးနွေးထွေးထွေးနဲ့ ချစ်ခင်ကြတယ် နေရာမယူကြဘူး၊ တာဝန်ယူကြတယ် ယူတဲ့သူတွေထက် ကူမဲ့သူများလို့ ထိတွေ့ခွင့်ရတဲ့အချိန်တိုင်း ပျော်ရွှင်ခဲ့ရတယ်... ပီတိဖြစ်ခဲ့ရတယ် နောက်လည်း Clean Yangon နဲ့အတူ လက်တွဲခွင့်ရချင်ပါသေးတယ်...။

One Way
One Team
On Spirit
Together We Can
#CleanYangon
#Htein_Lin