Clean Yangon Volunteer Win Latt Aung

ကျွန်တော်အမည်ကတော့ ဝင်းလတ်အောင်ပါ။

Clean Yangon ကို 2017 မေလ ပထမအကြိမ်ကတည်းက စတင်ပီး မြို့တော်သန့်ရှင်းသာယာစေရန် volunteerအနေနဲ့ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ မည်သူ တစ်ဦးတစ်ယောက်ဆီကမှ အမိန့်အာဏာမပါဘဲ ကျွန်တော်တို့ရဲ့ ရန်ကုန်မြို့ကြီး သန့်ရှင်းသာယာလှပစေရန် ပရဟိတ လူငယ်များ စည်းစည်းလုံးလုံးနဲ့ စိတ်တူကိုယ်တူ ကြိုးပမ်းခဲ့ပါတယ်။

ယခု ဆိုလျှင် မြန်မာတွင်သာမက ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ ကပ်ရောဂါဆိုးကြီးကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသူတွေ လက်လုပ်လက်စားသူတွေမှာ အခက်ခဲတွေ အဆင်မပြေမှုတွေ အတွက် Clean Yangon နဲ့အတူ နွမ်းပါးပြည်သူဖေးမကူ အစီအစဉ်၊ လိုရင်ခေါ်ပါ အစီစဉ်တွေကို လေးစားရတဲ့ ပရဟိတ ညီကိုမောင်နှတွေနဲ့ အတူ နေပူမရှောင် မိုးရွာမ‌ေရှာင်ဘဲ အားလုံးစည်းစည်းလုံးလုံးနဲ့ လိုအပ်သူတွေဆီကို အတူတကွအ‌ေရာက်ပို့ဆောင်ပေးခဲ့ပါတယ်။

ကျွန်တော်ကိုယ်တိုင် ဥစ္စာပစ္စည်းအဆင်‌မပြေသူ ဖြစ်ပေမယ့်လဲ ကိုယ့်ထက်အဆင်‌မပြေတဲ့သူတွေကို ကူညီခွင့်ရလို့လဲ ဝမ်းသာ ပီတိဖြစ်ရပါတယ်။ နောင်တစ်ချိန်မှာ အမှတ်တရများစွာကို ကျေကျေနပ်နပ်ကြီး ပြောပြ‌ေနအုံးမှာပါ။ ကျွန်တော်တို့ ကူညီလိုက်တဲ့ အရာတစ်ခုကြောင့် လိုအပ်သူတွေအဖို့ ပျော်ရွှင်တဲ့ အပြုံးလေးမြင်ရရင်ဖြင့် ကျေနပ်လှပါပီ...... လိုအပ်နေတဲ့ အရာတွေ‌အတွက် ဆောင်ရွက်နိုင်တဲ့အကျိုးပြုလုပ်ငန်းလေးများအား လူဖြစ်တုန်းလေးအဓိပ္ပာယ်ရှိအောင်ပြည်သူတွေအတွက် ကိုယ်တတ်စွမ်းနိုင်တဲ့ဘက်ကကူညီခွင့်ရလို့ Clean Yangon ကို အထူးကျေးဇူးတင်ပါတယ်။

Clean Yangon လဲ ဒီထက်မက အောင်မြင်ပါစေ နိုင်ငံ့အကျိုးကိုလဲ ‌များစွာ ဆောင်ရွက်နိုင်ပီး ရည်မှန်းထားတဲ့ Clean Yangon မှသည် Clean Myanmar ဆီ အမြန်ဆုံး ရောက်နိုင်ပါစေ။