Clean Yangon Volunteer Hnin Ei Phyu

OVID-19 ကြောင့် အလုပ်တွေပိတ်ထားတဲ့ရက်​လေးတွေမှာ ပရဟိတလေးတွေပိုလုပ်ဖြစ်ခဲ့ပါတယ်။

ကိုယ်တိုင်က အရမ်းအဆင်အပြေကြီးမဟုတ်ပေမယ့် ကိုယ့်ထက်အဆင်မပြေတဲ့သူတွေကို ပရဟိတလုပ်ရင်း ပိုသိလာခဲ့ပါတယ်။

လိုအပ်နေတဲ့နေရာတွေ လိုအပ်နေသူတွေ ကျွန်မတို့ဆီမှာ အများကြီးရှိနေပါတယ်ဆိုတာ သိခဲ့ရတယ်။

ဒီလိုနေရာတွေကို Clean Yangon အဖွဲ့ကြီးနဲ့အတူ သွားရောက် ကူညီခွင့်ရလို့ အတိုင်းမသိ ဝမ်းမြောက်ရပါ တယ်။

ကျွန်မတို့အဖွဲ့က နေပူပူ မိုးရွာရွာ လိုအပ်တဲ့နေရာတွေကို အရောက်သွားကူခဲ့ကြပါတယ်။

ကျွန်မတို့အဖွဲ့ကပရဟိတစိတ်ထက်သန်တဲ့သူတွေနဲ့အတူ စည်းစည်းလုံးလုံးနဲ့ပရဟိတတွေကို အများကြီး လုပ်ဆောင်ခွင့်ရခဲ့လို့လဲ ဂုဏ်ယူရပါတယ်။

ဆက်ပြီးတော့လဲ clean yanon အဖွဲ့ကြီးနဲ့အတူ ပရဟိတတွေကို ဆက်ပြီးတော့ လုပ်ဆောင်သွားပါဦးမယ်။

နှင်းအိဖြူ Clean Yangon စေတနာ့ဝန်ထမ်းတစ်ဦး